တပ်မတော် အက်ဥပဒေနှင့် ငြိနေသူများ အပါအ၀င် အကျဉ်းသား ၆၀ အား 
လာမည့်လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီ အစည်းအဝေးတွင် 
နိုင်ငံရေး အကျဉ်းသား ဖြစ်၊ မဖြစ် စိစစ် မည်ဟု ကော်မတီ အဖွဲ့ဝင် ဦးရဲအောင်၏
 ပြောကြားချက်အရ သိရသည်။
| အဓိကတော့ လေတပ်က ဗိုလ်ကြီးသုံးယောက်ဆိုရင် စစ်တပ်က ဗိုလ်ကြီးတွေလေ။ သူတို့က အင်တာနက် စာမျက်နှာမှာ သူတို့ခံစား နေရတာတွေကို ဆောင်းပါးရေး တင်တာပါ။ ဒီဟာမျိုးကျတော့ တပ်မတော် အက်ပေါ့။ တချို့ကျတော့ စစ်တပ်မှာ အမှုထမ်းဆောင်တယ်။ ပြီးတော့ အဲဒီက ထွက်ပြီးတော့ တစ်ဖက်နိုင်ငံကို ရောက်ပြီးတော့ လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆက်သွယ်တယ် . . . . . | 
လာမည့် ကော်မတီ အစည်းအဝေးတွင် နိုင်ငံရေး အကျဉ်းသား ဖြစ်၊ မဖြစ် 
စိစစ်မည့် အကျဉ်းသား ၆၀ မှာ လက်ရှိတွင် အကျဉ်းထောင် အသီးသီးတွင် 
ရှိနေကြောင်း သိရှိထားပြီး ဖြစ်ကြောင်းနှင့် စာရင်းတွင် ကျန်ရှိနေသည့် 
အကျဉ်းသား ၁၅ ဦးကိုလည်း အကျဉ်းထောင်များတွင် ရှိ၊ မရှိ စုံစမ်းနေသည်ဟု 
ဦးရဲအောင်က ပြောကြားသည်။
"နံပါတ်တစ်ကတော့ အယောက် ၆၀ ကိစ္စကို အရင်ဆုံး ၂၃ ရက် ဆွေးနွေးပွဲမှာ 
ကျွန်တော်တို့ဘက်က တင်ပြဆွေးနွေးမှာပါ။ အဲဒီ အယောက် ၆၀ ကတော့ 
ပုဒ်မပေါင်းစုံလည်း ပါတယ်။ နောက်တစ်ခုက နည်းနည်း အငြင်းပွားဖွယ် တပ်မတော် 
အက်ဥပဒေနဲ့ ငြိနေတဲ့ သူတွေလည်း ရှိပါတယ်" ဟု ဦးရဲအောင်က ပြောကြားသည်။
"အဓိကတော့ လေတပ်က ဗိုလ်ကြီးသုံးယောက်ဆိုရင် စစ်တပ်က ဗိုလ်ကြီးတွေလေ။ 
သူတို့က အင်တာနက် စာမျက်နှာမှာ သူတို့ခံစား နေရတာတွေကို ဆောင်းပါးရေး 
တင်တာပါ။ ဒီဟာမျိုးကျတော့ တပ်မတော် အက်ပေါ့။ တချို့ကျတော့ စစ်တပ်မှာ 
အမှုထမ်းဆောင်တယ်။ ပြီးတော့ အဲဒီက ထွက်ပြီးတော့ တစ်ဖက်နိုင်ငံကို 
ရောက်ပြီးတော့ လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆက်သွယ်တယ်။ ဒီဘက် ပြန်ဝင်လာတယ်။ 
အမှုဖြစ်တယ်။ အဲဒီဟာတွေကလည်း တပ်မတော်အက်ပေါ့။ တခြား ရာဇ၀တ်တွေနဲ့ 
ငြိနေတာလေးတွေ လည်း ရှိပါသေးတယ်" ဟု ဦးရဲအောင်က ဆက်လက် ပြောကြားသည်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ နိုင်ငံရေး 
အကျဉ်းသားဟောင်းများအဖွဲ့၊ နိုင်ငံရေး အကျဉ်းသားဟောင်း 
ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP)၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ 
အဖွဲ့ချုပ် စသည့်အဖွဲ့များမှ လက်ကျန်နိုင်ငံရေး အကျဉ်းသားအဖြစ် စိစစ်ရန် 
တင်ပြထားသည့် ၁၂၆ ဦးအနက် ၆၆ ဦးနှင့် အခြားသုံးဦးအား စိစစ်ရေး ကော်မတီ 
အဖွဲ့ဝင်များ၏ သဘောတူညီမှုဖြင့် နိုင်ငံတော် သမ္မတထံသို့ တင်ပြခဲ့ရာ နိုဝင်ဘာ
 ၁၅ ရက်က နိုင်ငံရေး အကျဉ်းသား ၆၉ ဦး ထပ်မံ လွတ်ငြိမ်းသက်သာခွင့် 
ရရှိခဲ့သည်။
"အခု လွှတ်ပေးတဲ့ အပေါ်မှာလည်း ကျွန်တော်တို့ အားရပါတယ်။ 
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ စိစစ်တင်ပြပြီး မကြာခင်မှာဘဲ 
ချက်ချင်းလွှတ်ပေး လိုက်တဲ့အတွက်ပေါ့။ နောက်တစ်ကြိမ်လည်း ကျွန်တော်တို့ 
စိစစ်ပြီးတော့ ကော်မတီဝင်တွေရဲ့ သဘောတူညီချက်ရလို့ တင်ပြပေးနိုင်ရင် 
လွှတ်ပေးမယ် ဆိုတဲ့ သဘောလက္ခဏာကိုလည်း ကျွန်တော်တို့ တွေ့နေရပါတယ်။ 
အရေးကြီးတာက ကျွန်တော် တို့ ကော်မတီ ထဲမှာ သဘောတူညီချက် ရဖို့က 
အရေးကြီးပါတယ်" ဟု ဦးရဲအောင်က ပြောကြား သည်။
လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီ၏ 
ထောက်ခံချက်ဖြင့်ဟု ဆိုကာ နိုင်ငံတော် သမ္မတ အမိန့်ဖြင် ဧပြီအတွင်း၌ အကျဉ်းသား
 ၉၃ ဦး၊ မေအတွင်းတွင် အကျဉ်းသား ၂၃ ဦးနှင့် ဇူလိုင်အတွင်း၌ အကျဉ်းသား ၇၃ 
ဦး၊ အောက်တိုဘာက ၅၆ ဦးတို့အား လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့သည်။
Eleven 
 
 
 
 Myanmar Kyat Exchange Rate
    Myanmar Kyat Exchange Rate
0 comments:
Post a Comment