Tuesday, January 21, 2014

၂၀၁၄ တွင် အလုပ်သမား ငါးရာခိုင်နှုန်းအထိ လျှော့ချရန် Intel စီစဉ်

ကမ္ဘာကျော်နည်းပညာကုမ္ပဏီ Intel ကော်ပိုရေးရှင်းသည် ယခုနှစ်တွင် ကမ္ဘာတစ်ဝန်းရှိ ၎င်းတို့၏ အလုပ်သမားအင်အား ၁၀၇,၀၀၀ ကို ငါးရာခိုင်နှုန်းခန့် လျှော့ချရန် စီစဉ်နေပြီး ယင်းကော်ပိုရေးရှင်းသည် PC ကွန်ပျူတာများရောင်းချမှုနှုန်းကို မြှင့်တင်ရန် ကြိုးစား ရုန်း ကန်နေရကာ တိုးတက်လာသောဈေး ကွက်နယ်ပယ်များသို့ အဓိက ထား၍ပြောင်းရွှေ့ လုပ်ဆောင်ရန် စီစဉ်လျက်ရှိသည်ဟု ကုမ်္ပဏီမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦး က ပြောကြားခဲ့ သည်။

Intel ကုမ္ပဏီသည် စတုတ္ထသုံးလပတ်ကာလ အကျိုးအမြတ်ရရှိမှုအစီရင်ခံစာကို ထုတ်ပြန်ပြီး နောက် တစ်ရက်တွင် အလုပ်သမား ၅,၀၀၀ ခန့်ကိုလျှော့ချမည့် အဆိုပါ ကြေညာချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ် ကြောင်းနှင့် ယင်းအစီရင်ခံစာသည် PC ကွန်ပျူတာဈေးကွက် ကျဆင်းမှုအပေါ် စိုးရိမ် စိတ်များကို ဖြေလျှော့ရန် အနည်းငယ်သာ စွမ်းဆောင်နိုင်သည်။

အလုပ်သမားအင်အားလျှော့ချခြင်းများတွင် အငြိမ်းစားပေးခြင်း၊ စေတနာ့ ၀န်ထမ်းအစီအစဉ် များနှင့် အခြားအစီအစဉ် များပါဝင်ကြောင်းနှင့်၏ ကမ္ဘာတစ်ဝန်း နှစ်စဉ်တဖြည်းဖြည်း ၀န် ထမ်းလျှော့ချမှုသည် လေးရာခိုင်နှုန်းခန့်ရှိကြောင်း ပြောရေးဆိုခွင့်ရှိသူ ကာရီတာက ပြောသည်။

ပြောင်းလဲမှုများအသေးစိတ်ကို ကုမ္ပဏီအတွင်းမှာ ကြေညာခဲ့သည်ဟူသောအချက်ကိုမူ ပြောကြားရန် ၎င်းက ငြင်းဆိုခဲ့သည်။

အကျိုးအမြတ်ရရှိမှု အစီရင်ခံစာထုတ်ပြန်ပြီးနောက် ဇန်န၀ါရီ ၁၆ ရက်က ဆန်းစစ်လေ့လာသူများနှင့်ပြု လုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဘဏ္ဍာရေးဆိုင်ရာ အရာရှိချုပ် စတေဆီစမစ်က ယခုနှစ်အတွင်း အလုပ်သမားအင်အားလျှော့ချရန်ကိစ္စရပ်နှင့် စပ်လျဉ်း၍ သွယ်ဝိုက်ပြောခဲ့ပြီး Intel အနေဖြင့် စွမ်းအား နိမ့် tablet chip နှင့် tablet များ၊ နည်းပညာအချက်လက်စင်တာကဲ့သို့သော နယ်ပယ်များတွင် ရင်းနှီး မြှုပ်နှံမှုများ တိုးမြှင့်လုပ်ဆောင် သွားမည်ဟု ပြောကြားခဲ့သည်။

Intel သည် PC chipစ နယ်ပယ်ကို လွှမ်းမိုးချုပ်ကိုင်ထားသော်လည်းQualcamm Inc နှင့် Samsung ကဲ့သို့သော ပြိုင်ဘက်အီလက်ထရောနစ်ကုမ္ပဏီများ လွှမ်းမိုးချုပ်ကိုင်ထား သည့်ဈေး ကွက်များ အတွက် လုပ်ငန်းစဉ်များကို လိုက်လျောညီထွေဖြစ်အောင် လိုက်လုပ်နိုင် မှု တွင်မူ နှေးကွေးနေသည်။

Intel ကုမ္ပဏီသည် ပြီးခဲ့သည့်ဆယ်စုနှစ်တစ်စုကျော်က အလုပ်သမားအရေအတွက်ကို တိုးမြှင့်ခြင်းနှင့် လျှော့ချခြင်းပါ ပြုလုပ်ခဲ့သည်။ ၂၀၀၆ ခုနှစ်က အသေးစားပြိုင်ဘက်ဖြစ်သော Advanced Micro Devices Inc ကုမ္ပဏီ၏ စိန်ခေါ်မှုကို အံတုနိုင်ရန် ၎င်းတို့၏ အလုပ်သမားအင်အားကို ၁၀,၀၀၀ ကျော် အထိ လျှော့ချသွားမည်ဟု ကြေညာခဲ့သော်လည်း ကြေညာခဲ့သည့်အချိန်မှစ၍ ၎င်းတို့၏ အလုပ်သမား အင်အားသည် တိုးမြှင့်လျက်ရှိသည်။

၂၀၁၀ ပြည့်နှစ်က laptop ၀ယ်လိုအားကို လျှော့ချရန်အတွက် Apple ကုမ္ပဏီက iPad ကို စတင်မိတ် ဆက်ခဲ့သည့်အချိန်မှစ၍ PC ကွန်ပျူတာဝယ်လိုအား ကျဆင်းခဲ့မှုကြောင့် Intel ကုမ္ပဏီသည် နည်းပညာ ကုမ္ပဏီကိုသာမက ၎င်းတို့၏ အလုပ်သမားအင်အားကိုလျှော့ချရန် လုပ်ဆောင်နေသည်။

၂၀၁၃ ခုနှစ်နှောင်းပိုင်းတွင် Intelကုမ္ပဏီ၏ အဆင့်မြင့်နည်းပညာသုံးchip ကို စတင် လုပ်ဆောင်သွားမည် ဟု မူလကအဆိုပြုထားသည့် အမေရိကန်ဒေါ်လာ ငါးဘီလီယံ စီမံကိန်းဖြစ်သော အရီဇိုနားပြည်နယ် ချန်ဒ်လာမြို့တွင် မကြာသေးမီက တည်ဆောက် ထားသော စက်ရုံကို လာမည့်အနာဂတ်တွင် ပိတ်သိမ်း သွားမည်ဖြစ်ပြီး အလားတူနေရာရှိ အခြားစက်ရုံများကို အဆင့်မြှင့်တင်မှုများ လုပ်ဆောင်လျက်ရှိသည်။

Mizzima - News in Burmese

0 comments:

Post a Comment