Tuesday, January 21, 2014

အမျိုးသမီးများတွင် သားအိမ်ခေါင်း ကင်ဆာ ဖြစ်စေနိုင်သည့် HPV ကြွက်နို့ရောဂါပိုးက အမျိုးသားများအား ခံတွင်းကင်ဆာ ဖြစ်ပွားစေနိုင်

HPV ခေါ်သည့် ကြွက်နို့ရောဂါပိုးသည် အမျိုးသမီးများတွင် သားအိမ် ခေါင်းကင်ဆာဖြစ်နိုင် သကဲ့သို့ အမျိုးသားများ တွင်လည်း ခံ တွင်းကင်ဆာနှင့် လည်ချောင်း ကင်ဆာဖြစ် ပွားနိုင်ကြောင်း ကျန်းမာရေးဦးစီးဌာန၊ ခုခံကျ/ ကာလသား ရောဂါတိုက် ဖျက် ရေးစီမံချက်မှ အထူးကု ဆရာ ၀န်ဒေါက်တာမျိုးသန့်က ပြော ကြားသည်။

အမျိုးသားများတွင် အဆိုပါကင်ဆာများဖြစ်ရခြင်းမှာ လိင်ဆက်ဆံသည့်အခါ သဘာဝအတိုင်း မဟုတ်သည့် နည်း လမ်းများဖြင့် ဆက်ဆံ ကြခြင်း ကြောင့်ဖြစ်ကြောင်း သိ ရသည်။

““HPVပိုးက လိင်တံတို့၊ သားအိမ်ခေါင်းတို့စသဖြင့် နေရာတွေမှာ ကိန်းအောင်းနေတာ တို့ဖြစ်နေ ရင် မကြာခင်ကင်ဆာ အဖြစ်သို့ကူးပြောင်း သွားနိုင်တာပဲ။ ကာမဆက်ဆံတဲ့အခါ ပုံမှန်နည်းအတိုင်းမဟုတ်ဘဲ နည်းမျိုးစုံနဲ့သုံးတော့ ခံတွင်းကင်ဆာတို့၊ လည်ချောင်းကင် ဆာတို့ဖြစ်နိုင်ပါတယ်””ဟု ယင်း ကဆက်လက်ပြောကြားသည်။

အဆိုပါ HPV ခေါ် ကြွက် နို့ပိုးရောဂါသည် ကင်ဆာဖြစ် နိုင်သည့် ဗိုင်းရပ်စ်ပိုး တစ်မျိုး ဖြစ်ရာ ယင်းရောဂါဖြစ်ပေါ်လာ ပါက ခံစားမှုဝေဒနာကို ပြသ လေ့မရှိဘဲ များသောအားဖြင့် အသက် ငါးဆယ် ၀န်းကျင် အ မျိုးသားများတွင် ပိုမိုအဖြစ်များ ကြောင်းသိရသည်။

““ခံတွင်းကင်ဆာဖြစ်တဲ့ လူနာတွေကတော့ ကွမ်းစားတဲ့ သူတွေပါ။ အဲဒီအထဲ မှာမှ HPV ခေါ် ကြွက်နို့ပိုးကြောင့် ခံတွင်း ကင်ဆာဖြစ်တဲ့သူ ၄ ဒသမ ၈ ရာခိုင်နှုန်းအထိတွေ့ရတယ်””ဟု ဆေးသုတေသနဦးစီးဌာန (အောက်မြန်မာပြည်)၏ ၄၂ ကြိမ်မြောက် ဆေးသုတေသန ညီလာခံတွင် စာတမ်းရှင်တစ် ဦးကလည်းဆိုသည်။

ယင်း HPV ခေါ် ကြွက် နို့ပိုးရောဂါနှင့်ပတ်သက်၍ သားအိမ်ခေါင်းရောဂါကာ ကွယ်ဆေး ရှိသော်လည်း အမျိုးသားများမှာမူ အဆိုပါကင်ဆာရောဂါ ဖြစ်နိုင်မှုအခြေအနေပိုမိုနည်း ပါးခြင်းကြောင့် ယင်းတို့အတွက် ကာကွယ်ဆေးထိုးနှံရန် အထူး တလည်သတ်မှတ်ထားခြင်းမ ရှိကြောင်း သိရသည်။

““HPV သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးကို နိုင်ငံခြားမှာဆို မထိုးမနေရ စီမံကိန်း တစ်ခုအနေနဲ့ထားပြီး အပျိုဘ၀ကစပြီးထိုးရတယ်။ မြန်မာနိုင်ငံမှာတော့ အထူးကု ဆေး ခန်းတွေမှာရှိသလို သားဖွားမီးယပ် ဆေးခန်းတွေမှာလဲရှိတယ်။ များသောအားဖြင့် အမျိုး သမီးတွေ က ကူးစက်မှုပိုများ သလို ကင်ဆာဖြစ်နိုင်မှုမှာလဲ ပိုမိုဆိုးရွားစေတယ်။ ဒါကြောင့် သားအိမ်ခေါင်းကာကွယ်ဆေး ကိုထိုးသင့်တယ်””ဟု ဒေါက်တာ မျိုးသန့်က ပြောကြားခဲ့သည်။

Yangon Media Group

0 comments:

Post a Comment