Thursday, January 2, 2014

ရှမ်းပြည်နယ်တစ်ခုတည်းတွင် ပတ်စပို့ရုံး သုံးရုံးဖွင့်လှစ်

Photo: ရှမ်းပြည်နယ်တစ်ခုတည်းတွင် ပတ်စပို့ရုံး သုံးရုံးဖွင့်လှစ် 
Thursday, January 2, 2014

ရှမ်းပြည်နယ်တွင် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးသည့် ရုံးခွဲ သုံးရုံးကို တောင်ကြီး၊ လားရှိုးနှင့် ကျိုင်းတုံမြို့များတွင် ၂၀၁၄ ဇန်နဝါရီ ၂ရက်က ဖွင့်လှစ်လိုက်ကြောင်း ဒု-တပ်ဖွဲ့ခွဲမှူးရုံး(တောင်ကြီး)မှ ရဲမှူးမြတ်ကိုကိုက မဇ္ဈိမကိုပြောသည်။ 

ရှမ်းပြည်တောင်ပိုင်း ရုံးခွဲကို တောင်ကြီးမြို့ ၊ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ သတင်းရဲတပ်ဖွဲ့၊ ဒု-တပ်ဖွဲ့ခွဲမှူးရုံးတွင် ဇန်န၀ါရီ ၂ရက်နေ့ နံနက် ၉နာရီက ဖွင့်လှစ်ခဲ့ပြီး ရှမ်းပြည်မြောက်ပိုင်းရှိ လားရှိုးမြို့နှင့် ရှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တို့တွင်လည်း တစ်ပြိုင်နက်တည်း ဖွင့်လှစ်ခဲ့သည်။ 

"နိုင်ငံသားအားလုံး နိုင်ငံကူးလက်မှတ်ရဖို့ အခွင့်အရေးရှိတယ်၊ အရင်တုန်းက ရန်ကုန်၊ မန္တလေးကို သွားပြီးလုပ်ရတော့ တရားဝင်သတ်မှတ်ထားတဲ့ငွေအပြင် အခြားကုန်ကျစားရိတ် များတယ်။ အခုတော့ ကိုယ့်မြို့မှာရှိတဲ့ကျွန်တော်တို့ရုံးမှာ လာလျှောက်နိုင်တော့ အားလုံးအဆင်ပြေလွယ်ကူမှာဖြစ်တယ်" ဟု ဒုတပ်ဖွဲ့ခွဲမှူး(တောင်ကြီး) ရုံးမှရဲမှူးမြတ်ကိုကိုက ပြောသည်။

ပြည်ပကိုသွားရောက်ရန် မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားလိုသူများအနေဖြင့် မှတ်ပုံတင်မူရင်း၊ သန်းခေါင်စာရင်းမူရင်းရှိပါက လျှောက်ထားနိုင်မည်ဖြစ်ကာ ကုန်ကျစရိတ် ၂၅,၀၀၀ကုန်ကျမည်ဖြစ်ပြီး လျှောက်ထားသည့်နေ့မှ ၁၀ရက်အတွင်း ရရှိမည်ဖြစ်သည်။

"ပတ်စပို့ လာရောက်လျှောက်ထားသူတွေကို အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင်ကို တိုက်ဆိုင် စစ်ဆေးမယ်၊ မှန်ကန်လို့ရှိရင် အတည်ပြုပေးပြီးတော့ စာအုပ်ရဖို့ pass ပေးပါတယ် ၊အသက်ကန့်သတ် ထားတာလည်း မရှိပါဘူး" ဟု ဒု-လ၀ကမှူး စိုးနိုင်က မဇ္ဈိမကိုပြောသည်။

နိုင်ငံကူးလက်မှတ် ထုတ်ပေးရာတွင်လည်း ပြည်ပသို့ အလည်သွားမည့်သူများ၊ အလုပ်အကိုင်ဖြင့် သွားမည့်သူများ၊ ပညာတော်သင်သွားမည့်သူများ၊ စီးပွားရေးဖြင့် သွားမည့်သူများ၊ ဘာသာရေးဖြင့် သွားမည့်သူများ၊ မှီခိုဖြင့် သွားမည့်သူများ၊ သင်္ဘောသားများစသော အမျိုးအစား ၇မျိုးကို ထုတ်ပေးမည်ဟု သိရသည်။

ပစ်စပို့လာရောက်လျှောက်နေသူ တစ်ဦးက "နိုင်ငံကူးလက်မှတ်မရှိခဲ့လို့ နိုင်ငံခြားပညာတော်သင်တွေ အခွင့်အရေးဆုံးရှုံးခဲ့တာမျိုး ကြုံဖူးတယ်၊ အခုတော့ ကိုယ့်မြို့မှာ အလွယ်တကူသွားရင်လာရင်း လျှောက်နိုင်ပြီဆိုတော့ အဆင်ပြေပါတယ်" ဟု မဇ္ဈိမကိုပြောသည်။

နိုင်ငံကူးလက်မှတ် ရုံးများကို ဇန်နဝါရီ ၂ရက်တွင် ရှမ်းပြည်နယ် သုံးမြို့နယ်နှင့် နေပြည်တော်အပါအဝင် ပြည်နယ်နှင့်တိုင်း အသီးသီးတွင် ရုံးခွဲ၁၅ခုကို တစ်ပြိုင်တည်း ဖွင့်လှစ်ခဲ့သည်။ 

ဓာတ်ပုံအညွှန်း>>>> ရှမ်းပြည်နယ် တောင်ပိုင်း၊ တာင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ သတင်းရဲတပ်ဖွဲ့၊ ဒု-တပ်ဖွဲ့ခွဲမှူးရုံးတွင် ဇန်န၀ါရီ ၂ရက်နေ့ နံနက် ၉နာရီကဖွင့်လှစ်ထားသည့် နိုင်ငံကူးလက်မှတ်ရုံးကို တွေ့ရစဉ်။ (ဓာတ်ပုံ- ဂျွန်ချစ်ငြိမ်း)

Mizzima - News in Burmese
ရှမ်းပြည်နယ် တောင်ပိုင်း၊ တာင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ သတင်း ရဲတပ်ဖွဲ့၊ ဒု-တပ်ဖွဲ့ခွဲမှူးရုံးတွင် ဇန်န၀ါရီ ၂ရက်နေ့ နံနက် ၉နာရီကဖွင့်လှစ်ထားသည့် နိုင်ငံကူး လက်မှတ် ရုံးကို တွေ့ရစဉ်။
ရှမ်းပြည်နယ်တွင် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးသည့် ရုံးခွဲ သုံးရုံးကို တောင်ကြီး၊ လားရှိုးနှင့် ကျိုင်းတုံမြို့များတွင် ၂၀၁၄ ဇန်နဝါရီ ၂ရက်က ဖွင့်လှစ်လိုက်ကြောင်း ဒု-တပ်ဖွဲ့ခွဲမှူးရုံး(တောင်ကြီး)မှ ရဲမှူးမြတ်ကိုကိုက မဇ္ဈိမကိုပြောသည်။ 

ရှမ်းပြည်တောင်ပိုင်း ရုံးခွဲကို တောင်ကြီးမြို့ ၊ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ သတင်းရဲတပ်ဖွဲ့၊ ဒု-တပ်ဖွဲ့ခွဲမှူးရုံးတွင် ဇန်န၀ါရီ ၂ရက်နေ့ နံနက် ၉နာရီက ဖွင့်လှစ်ခဲ့ပြီး ရှမ်းပြည်မြောက်ပိုင်းရှိ လားရှိုးမြို့နှင့် ရှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တို့တွင်လည်း တစ်ပြိုင်နက်တည်း ဖွင့်လှစ်ခဲ့သည်။ 

"နိုင်ငံသားအားလုံး နိုင်ငံကူးလက်မှတ်ရဖို့ အခွင့်အရေးရှိတယ်၊ အရင်တုန်းက ရန်ကုန်၊ မန္တလေးကို သွားပြီးလုပ်ရတော့ တရားဝင်သတ်မှတ်ထားတဲ့ငွေအပြင် အခြားကုန်ကျစားရိတ် များတယ်။ အခုတော့ ကိုယ့်မြို့မှာရှိတဲ့ကျွန်တော်တို့ရုံးမှာ လာလျှောက်နိုင်တော့ အားလုံးအဆင်ပြေလွယ်ကူမှာဖြစ်တယ်" ဟု ဒုတပ်ဖွဲ့ခွဲမှူး(တောင်ကြီး) ရုံးမှရဲမှူးမြတ်ကိုကိုက ပြောသည်။

ပြည်ပကိုသွားရောက်ရန် မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားလိုသူများအနေဖြင့် မှတ်ပုံတင်မူရင်း၊ သန်းခေါင်စာရင်းမူရင်းရှိပါက လျှောက်ထားနိုင်မည်ဖြစ်ကာ ကုန်ကျစရိတ် ၂၅,၀၀၀ကုန်ကျမည်ဖြစ်ပြီး လျှောက်ထားသည့်နေ့မှ ၁၀ရက်အတွင်း ရရှိမည်ဖြစ်သည်။

"ပတ်စပို့ လာရောက်လျှောက်ထားသူတွေကို အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင်ကို တိုက်ဆိုင် စစ်ဆေးမယ်၊ မှန်ကန်လို့ရှိရင် အတည်ပြုပေးပြီးတော့ စာအုပ်ရဖို့ pass ပေးပါတယ် ၊အသက်ကန့်သတ် ထားတာလည်း မရှိပါဘူး" ဟု ဒု-လ၀ကမှူး စိုးနိုင်က မဇ္ဈိမကိုပြောသည်။

နိုင်ငံကူးလက်မှတ် ထုတ်ပေးရာတွင်လည်း ပြည်ပသို့ အလည်သွားမည့်သူများ၊ အလုပ်အကိုင်ဖြင့် သွားမည့် သူများ၊ ပညာတော်သင်သွားမည့်သူများ၊ စီးပွားရေးဖြင့် သွားမည့်သူများ၊ ဘာသာရေးဖြင့် သွားမည့်သူများ၊ မှီခိုဖြင့် သွားမည့်သူများ၊ သင်္ဘောသားများစသော အမျိုးအစား ၇မျိုးကို ထုတ်ပေးမည်ဟု သိရသည်။

ပစ်စပို့လာရောက်လျှောက်နေသူတစ်ဦးက "နိုင်ငံကူးလက်မှတ်မရှိခဲ့လို့ နိုင်ငံခြားပညာတော်သင်တွေ အခွင့် အရေး ဆုံးရှုံးခဲ့တာမျိုး ကြုံဖူးတယ်၊ အခုတော့ ကိုယ့်မြို့မှာ အလွယ်တကူသွားရင်လာရင်း လျှောက်နိုင်ပြီ ဆိုတော့ အဆင်ပြေပါတယ်" ဟု မဇ္ဈိမကိုပြောသည်။

နိုင်ငံကူးလက်မှတ် ရုံးများကို ဇန်နဝါရီ ၂ရက်တွင် ရှမ်းပြည်နယ် သုံးမြို့နယ်နှင့် နေပြည်တော်အပါအဝင် ပြည် နယ်နှင့်တိုင်း အသီးသီးတွင် ရုံးခွဲ၁၅ခုကို တစ်ပြိုင်တည်း ဖွင့်လှစ်ခဲ့သည်။ 

Mizzima - News in Burmese

0 comments:

Post a Comment