Tuesday, January 21, 2014

ရည်းစားထားသည်ကို အဒေါ်ဖြစ်သူမှ ဆူပူသွန်သင်ပြောဆိုခဲ့သဖြင့် မိန်းကလေးငယ်တစ်ဦး အဆိပ်သောက်သေဆုံး

၂၀.၁.၂၀၁၄ ရက်နေ့ ၂၀၁၅ အချိန် ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်း နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လက်ခုပ်ကုန်းတိုက်နယ်ဆေးရုံတွင် အဆိပ်သောက်ခဲ့သဖြင့် မိန်း ကလေးငယ်တစ်ဦး ဗိုက်အောင့်၊ မူးဝေကာ ရောက်ရှိကုသနေကြောင်းသတင်းအရ သွားရောက် စစ်ဆေးရာ ကွမ်းခြံကုန်းမြို့နယ်နေ န၀မတန်းကျောင်းသူ မ----၊ (၁၄)နှစ်ဖြ စ်ကြောင်း စစ်ဆေးတွေ့ရှိရပြီး ၎င်းမှာ ၂၁.၁. ၂၀၁၄ရက်နေ့ ၀၅၃၀ အချိန်တွင် သေဆုံးသွားခဲ့ ပါသည်။

ထိုကဲ့သို့ အဆိပ်သောက်သေဆုံးရခြင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရာ သေဆုံးသူမှာ ၎င်းရည်းစားထားသည့်ကိစ္စအား အဒေါ်ဖြစ်သူမှ ဆူပူသွန်သင်ပြောဆိုသည်ကို စိတ်ဆိုးကာ နေအိမ်အိပ်ခန်းအတွင်း၌ ပိုးသတ်ဆေးသောက်ခဲ့သဖြင့် သေဆုံးခြင်းဖြစ်ကြောင်း သိရှိရပါ သည်။ ၎င်းသေဆုံးမှုအား လက်ခုပ်ကုန်းနယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၁/၂၀၁၄)ဖြင့်ရေး ဖွင့်ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Ref: မြ၀တီ

0 comments:

Post a Comment