မြန်မာနှင့်တောင်ကိုးရီးယားတို့အနေဖြင့်
စိုက်ပျိုးရေးကဏ္ဍတိုးမြှင့်ရေးအတွက် ပူးပေါင်းဆောင် ရွက်ကြရန် ဇန်န၀ါရီ ၂၀
ရက်တွင် သဘောတူလက်မှတ်ရေးထိုးလိုက်ပြီဖြစ်သည်ဟု တောင် ကိုးရီးယား အခြေစိုက်
Yonhap သတင်းဌာန၏ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အဆိုပါကိစ္စအတွက်
တောင်ကိုရီးယားစိုက်ပျိုးရေးဝန်ကြီး လီဒေါင်ဖေးက
မြန်မာနိုင်ငံ သို့ရောက် ရှိ စဉ် လယ် ယာ စိုက်ပျိုးရေး နှင့်
ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်နှင့် လက်မှတ်ရေး
ထိုးခဲ့ကြ သည်ဟု ယင်းသတင်းတွင် ပါရှိသည်။
မစ္စတာလီဒေါင်ဖေးက
“ဒီသဘောတူညီချက်အရ နှစ်နိုင်ငံစိုက်ပျိုးရေးကဏ္ဍတိုးမြင့်လာဖို့
ကျွန်တော်တို့ရဲ့ အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတွေရယ် မြန်မာရဲ့ပေါများလှတဲ့
အရင်းအမြစ်တွေ ရယ် ပေါင်းစပ်ဆောင် ရွက်နိုင် ဖို့မျှော်လင့်ထားပါတယ်”ဟု
သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားခဲ့သည်ဟု ယင်းသတင်း တွင် ပါရှိသည်။
တောင်ကိုရီးယားသည်
မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံထားသော ပြည်ပနိုင်ငံပေါင်း ၂၅
နိုင်ငံ အနက် ကန်ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံကျော်ဖြင့် တတိယနေရာတွင် ရပ်တည် လျက်
ရှိသည့် မြန်မာ နိုင် ငံ ၏ ထိပ်တန်းရင်းနှီးမြှုပ်နှံသူ ဖြစ်သည်။
တောင်ကိုရီးယားနှင့်
စိုက်ပျိုးရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုနှင့်စပ်လျဉ်းကာ စိုက်ပျိုးရေး
ပညာရှင် ဒေါက်တာ မင်းအောင်က “ကိုရီးယားက သူတို့ဆီမှာ ဆန်မစိုက်ပေမယ့်
အခြား သီးနှံတွေ အများကြီး စိုက် ပျိုးအောင်မြင်နေတော့ နည်းပညာရနိုင်တယ်။
သူတို့နည်းပညာက အရမ်းအဆင့်မြင့်တယ်။ အဓိကတော့ မျိုးရိုးဗီဇမြှင့်တဲ့နေရာမှာ
နည်းပညာတအားမြင့်တယ်။ မြန်မာနိုင်ငံအတွက် အကျိုးရှိမှာပါ” ဟု မဇ္ဈိမ ၏
မေးမြန်း မှု အပေါ် ဖြေကြားခဲ့သည်။
မြန်မာနိုင်ငံတွင်ရှိသော
နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ပမာဏ ကန်ဒေါ်လာ ၃၆ ဒသမ ၁၄၈
ဘီလီယံကျော်အနက် စိုက်ပျိုးရေးကဏ္ဍတွင် ၅၄၇ သန်းဖြင့် ၀ ဒသမ ၀၂
ရာခိုင်နှုန်းဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အနည်းပါးဆုံးကဏ္ဍ
ဖြစ်လျက်ရှိသည်။
Mizzima - News in Burmese
0 comments:
Post a Comment