Monday, January 27, 2014

တောင်သူများ၏နစ်နာမှုအတွက် ပြန်လည်တရားစွဲဆိုမှုမှန်သမျှ ပလပ်ခံနေရဟုလယ်သမားပါတီဆို

Photo: တောင်သူများ၏နစ်နာမှုအတွက် ပြန်လည်တရားစွဲဆိုမှုမှန်သမျှ ပလပ်ခံနေရဟုလယ်သမားပါတီဆို
Monday, January 27, 2014 

ဧရာဝတီတိုင်းဒေသကြီးအတွင်း မှ တောင်သူလယ်သမားများက ၎င်းတို့၏ နစ်နာမှုများအတွက် ပြန်လည်တရားစွဲဆိုသောအမှုများ အားလုံးကို တရားရုံးအသီးသီးမှ ပလပ်ခံနေရပြီး မြေသိမ်းခံလယ် သမားများသာ တရားစွဲဆိုထောင် ချခံနေရသည်ဟု မြန်မာတောင်သူ လယ်သမားများဖွံ့ဖြိုးတိုးတက်ရေး ပါတီမှ သိရသည်။

““တောင်သူလယ်သမားတွေ ကလည်း ဥပဒေအတိုင်း ကိုယ့် လယ်ကို အဓမ်္မ၀င်သိမ်းခြံခတ်၊ ဆိုင်းဘုတ်တွေထောင်အတင်းဝင် လုပ်နေတဲ့သူတွေကို ပုဒ်မ (၄၄၇)၊ (၄၂၇)တွေနဲ့ ပြန်လည်တရားစွဲ ပေမယ့် အကုန်လုံးပလပ်ခံနေရ တယ်။ တရားရုံးတွေကလည်း လယ်ယာမြေကိစ္စတွေနဲ့ပတ်သက်ရင် ငွေရှိတဲ့သူ၊ အာဏာရှိတဲ့သူတွေ  တရားစွဲတာပဲ လက်ခံတော့ တောင်သူလယ်သမားတွေက မြေ လည်း သိမ်းခံရတရားစွဲထောင်ချ တာတွေလည်းခံနေရတယ်””ဟု မြန်မာတောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဧရာဝတီ တိုင်းဒေသကြီး စည်းရုံးရေးမှူး ဦး စန်းလေးက ပြောသည်။

မြေသိမ်းခံတောင်သူလယ် သမားအား သိမ်းယူထားသူများမှ ကျူးကျော်မှု ပုဒ်မ(၄၄၇)၊ အကျိုး ဖျက်ဆီးစေမှု ပုဒ်မ(၄၂၇) စသည် တို့ဖြင့် တရားစွဲဆိုသည့်အခါတွင် သက်ဆိုင်ရာတရားရုံးများမှ ပလပ်လေ့မရှိဘဲ လက်ခံကြားနာ စစ်ဆေးနေသဖြင့် အမှုရင်ဆိုင် နေရချိန်တွင် ရှိသမျှပေါင်နှံ ရောင်းချကာ တရားရင်ဆိုင်နေရ သဖြင့် ငွေရှင်အာဏာရှင်များက ထောင်မကျလျှင်လည်း ထိုနည်း ဖြင့် နစ်နာအောင်ပြုလုပ်နေ ကြောင်း ၎င်းကဆက်ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး အတွင်း လယ်ယာမြေမှတ်ပုံတင် ရန် သတ်မှတ်ထားသည့် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလကုန်ခါနီး ၃လ လောက်အတွင်း လယ်သမား ၄၀၀ကျော်မှ လယ်မြေအမှုများ နှင့် တရားစွဲဆိုခံနေရပြီး လယ် သမား ၇၀ခန့် ထောင်ဒဏ်ကျခံ နေရကြောင်း၊ ထိုဖြစ်ရပ်များမှ မော်လမြိုင်ကျွန်းမြို့နယ်တွင် အများဆုံးဖြစ်ပွားနေကြောင်း၊ တောင်သူလယ်သမားများနှင့် မြေယာလုပ်သားများသမဂ္ဂမှ ဦး အောင်မိုးဝင်းက ပြည်ပသတင်း ဌာနတစ်ခုသို့ ပြောဆိုထားသည်။

မော်လမြိုင်ကျွန်းမဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်ဦးမြင့်အောင်မှ သတ္တမ အကြိမ်ပုံမှန်အစည်းအဝေးတွင် လယ်ယာမြေမှတ်ပုံတင်လုပ်ငန်း များပြီးဆုံးရန်အတွက် လယ်ယာ မြေမှုခင်းများကို အမြန်ဆုံးအပြီး ဆုံးဖြတ်လုပ်ကိုင်ရန် တိုင်းတရား သူကြီးချုပ်ကို တိုက်တွန်းခဲ့ပြီး နောက် မော်လမြိုင်ကျွန်းမြို့နယ်မှ ထွန်တုံးတိုက်ပွဲဆင်နွှဲခဲ့သော မြေ သိမ်းခံလယ်သမားအများအပြား ထောင်ဒဏ်များချမှတ်ခံရခြင်းများ မှာ မဖြစ်သင့်သသောဖြစ်ရပ်များ နှင့် အဆိုတင်သွင်းမှုများဖြစ် ကြောင်း လယ်ယာမြေအရေး ဆောင်ရွက်ပေးနေသောအဖွဲ့များ ကလည်း ထိုအချိန်ကပြင်းပြင်း ထန်ထန်ဝေဖန်ခဲ့သည်။

““မြန်မာနိုင်ငံမှာ ခေတ် အဆက်ဆက်အစိုးရတက်လာတိုင်း (၇၀ ရာခိုင်နှုန်း)ရှိတဲ့ တောင်သူ လယ်သမားတွေနဲ့ ဆင်းရဲသား လူတန်းစားတွေက ထောက်ခံရ တာချည်းပဲ။ ဒါပေမဲ့ အစိုးရအဖွဲ့ တက်လာတိုင်းလည်း အဲဒီလူတန်း စားတွေက နင်းပြားဘ၀နဲ့ လယ် မဲ့ယာမဲ့ ဖိနှိပ်ခံခဲ့ရတာချည်းပဲ။ အဲလိုလုပ်တာတွေက နေ့တိုင်း စားနေတဲ့ ထမင်းကိုထုတ်လုပ်တဲ့ ထမင်းရှင်အမိအဖတွေကို စော် ကားနေတာနဲ့အတူတူပဲ””ဟု မြန်မာတောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဧရာဝတီ တိုင်းဒေသကြီးစည်းရုံးရေးမှူး ဦး စန်းလေးက ပြောသည်။

လယ်သမားများ တရားစွဲခံ နေရမှုများနှင့်ပတ်သက်၍ တောင် သူလယ်သမားကွန်ရက်တာဝန်ခံ များနှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရတာဝန်ရှိသူများမှ ၃ကြိမ် မကတွေ့ဆုံဆွေးနွေးခဲ့ကြသော် လည်း တောင်သူလယ်သမားများ တရားစွဲဆိုထောင်ချခံနေရသည့် ဖြစ်ရပ်များကိုအုပ်ချုပ်ရေးပိုင်းမှ ထိထိရောက်ရောက်ဖြေရှင်းပေးမှု မရှိဟူ၍လည်း လယ်ယာမြေ အရေးလှုပ်ရှားသူများက ဆိုသည်။

လယ်မြေများမတရားသိမ်း ဆည်းခံရသည့်အပြင် လယ်သမား များ တရားစွဲဆိုထောင်ချခံနေရ သဖြင့် ဘက်စုံမှနစ်နာနေသော လယ်သမားများအရေးအတွက် တောင်သူလယ်သမားကွန်ရက်မှ စုပေါင်းကာ ဧရာဝတီတိုင်းဒေသ ကြီးအတွင်း လယ်သမားနစ်နာမှု အများဆုံးဖြစ်သည့် မော်လမြိုင် ကျွန်းမြို့၌ စခန်းချဖြေရှင်းနိုင်ရေး ပြင်ဆင်နေသည်ဟု လယ်ယာမြေ အရေး လှုပ်ရှားသူများထံမှ သိရ သည်။  

မျိုးမင်းထွန်း-ဧရာဝတီတိုင်း(မြစ်မခ)
The Hot News Weekly

ဧရာဝတီတိုင်းဒေသကြီးအတွင်း မှ တောင်သူလယ်သမားများက ၎င်းတို့၏ နစ်နာမှုများအတွက် ပြန်လည်တရားစွဲဆိုသောအမှုများ အားလုံးကို တရားရုံးအသီးသီးမှ ပလပ်ခံနေရပြီး မြေသိမ်းခံလယ် သမားများသာ တရားစွဲဆိုထောင် ချခံနေရသည်ဟု မြန်မာတောင်သူ လယ်သမားများဖွံ့ဖြိုးတိုးတက်ရေး ပါတီမှ သိရသည်။

““တောင်သူလယ်သမားတွေ ကလည်း ဥပဒေအတိုင်း ကိုယ့် လယ်ကို အဓမ်္မ၀င်သိမ်းခြံခတ်၊ ဆိုင်းဘုတ်တွေထောင်အတင်းဝင် လုပ်နေတဲ့သူတွေကို ပုဒ်မ (၄၄၇)၊ (၄၂၇)တွေနဲ့ ပြန်လည်တရားစွဲ ပေမယ့် အကုန်လုံးပလပ်ခံနေရ တယ်။ တရားရုံးတွေကလည်း လယ်ယာမြေကိစ္စတွေနဲ့ပတ်သက်ရင် ငွေရှိတဲ့သူ၊ အာဏာရှိတဲ့သူတွေ တရားစွဲတာပဲ လက်ခံတော့ တောင်သူလယ်သမားတွေက မြေ လည်း
သိမ်းခံရတရားစွဲထောင်ချ တာတွေလည်းခံနေရတယ်””ဟု မြန်မာတောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဧရာဝတီ တိုင်းဒေသကြီး စည်းရုံးရေးမှူး ဦး စန်းလေးက ပြောသည်။

မြေသိမ်းခံတောင်သူလယ် သမားအား သိမ်းယူထားသူများမှ ကျူးကျော်မှု ပုဒ်မ(၄၄၇)၊ အကျိုး ဖျက်ဆီးစေမှု ပုဒ်မ(၄၂၇) စသည် တို့ဖြင့် တရားစွဲဆိုသည့်အခါတွင် သက်ဆိုင်ရာတရားရုံးများမှ ပလပ်လေ့မရှိဘဲ လက်ခံကြားနာ စစ်ဆေးနေသဖြင့် အမှုရင်ဆိုင် နေရချိန်တွင် ရှိသမျှပေါင်နှံ ရောင်းချကာ တရားရင်ဆိုင်နေရ သဖြင့် ငွေရှင်အာဏာရှင်များက ထောင်မကျလျှင်လည်း ထိုနည်း ဖြင့် နစ်နာအောင်ပြုလုပ်နေ ကြောင်း ၎င်းကဆက်ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး အတွင်း လယ်ယာမြေမှတ်ပုံတင် ရန် သတ်မှတ်ထားသည့် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလကုန်ခါနီး ၃လ လောက်အတွင်း လယ်သမား ၄၀၀ကျော်မှ လယ်မြေအမှုများ နှင့် တရားစွဲဆို ခံနေရပြီး လယ် သမား ၇၀ခန့် ထောင်ဒဏ်ကျခံ နေရကြောင်း၊ ထိုဖြစ်ရပ်များမှ မော်လမြိုင် ကျွန်းမြို့နယ်တွင် အများဆုံးဖြစ်ပွားနေကြောင်း၊ တောင်သူလယ်သမားများနှင့် မြေယာ လုပ်သားများ သမဂ္ဂမှ ဦး အောင်မိုးဝင်းက ပြည်ပသတင်း ဌာနတစ်ခုသို့ ပြောဆိုထားသည်။

မော်လမြိုင်ကျွန်းမဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်ဦးမြင့်အောင်မှ သတ္တမ အကြိမ်ပုံမှန်အစည်းအဝေးတွင် လယ်ယာမြေမှတ်ပုံတင်လုပ်ငန်း များပြီးဆုံးရန်အတွက် လယ်ယာ မြေမှုခင်းများကို အမြန်ဆုံးအပြီး ဆုံးဖြတ်လုပ်ကိုင်ရန် တိုင်းတရား သူကြီးချုပ်ကို တိုက်တွန်းခဲ့ပြီး နောက် မော်လမြိုင်ကျွန်းမြို့နယ်မှ ထွန်တုံးတိုက်ပွဲဆင်နွှဲခဲ့သော မြေ သိမ်းခံလယ်သမားအများအပြား ထောင်ဒဏ်များချမှတ်ခံရခြင်းများ မှာ မဖြစ်သင့်သသောဖြစ်ရပ်များ နှင့် အဆိုတင်သွင်းမှုများဖြစ် ကြောင်း လယ်ယာမြေအရေး ဆောင်ရွက်ပေးနေသောအဖွဲ့များ ကလည်း ထိုအချိန်ကပြင်းပြင်း ထန်ထန်ဝေဖန် ခဲ့သည်။

““မြန်မာနိုင်ငံမှာ ခေတ် အဆက်ဆက်အစိုးရတက်လာတိုင်း (၇၀ ရာခိုင်နှုန်း)ရှိတဲ့ တောင်သူ လယ်သမားတွေနဲ့ ဆင်းရဲသား လူတန်းစားတွေက ထောက်ခံရ တာချည်းပဲ။ ဒါပေမဲ့ အစိုးရအဖွဲ့ တက်လာတိုင်းလည်း အဲဒီလူတန်း စားတွေက နင်းပြားဘ၀နဲ့ လယ် မဲ့ယာမဲ့ ဖိနှိပ်ခံခဲ့ရတာချည်းပဲ။ အဲလိုလုပ်တာတွေက နေ့တိုင်း စားနေတဲ့ ထမင်းကိုထုတ်လုပ်တဲ့ ထမင်းရှင်အမိအဖတွေကို စော် ကားနေတာနဲ့အတူတူပဲ””ဟု မြန်မာတောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဧရာဝတီ တိုင်းဒေသကြီးစည်းရုံးရေးမှူး ဦး စန်းလေးက ပြောသည်။

လယ်သမားများ တရားစွဲခံ နေရမှုများနှင့်ပတ်သက်၍ တောင် သူလယ်သမားကွန်ရက်တာဝန်ခံ များနှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရတာဝန်ရှိသူများမှ ၃ကြိမ် မကတွေ့ဆုံဆွေးနွေးခဲ့ကြသော် လည်း တောင်သူလယ်သမားများ တရားစွဲဆိုထောင်ချခံနေရသည့် ဖြစ်ရပ်များကိုအုပ်ချုပ်ရေးပိုင်းမှ ထိထိရောက်ရောက်ဖြေရှင်းပေးမှု မရှိဟူ၍လည်း လယ်ယာမြေ အရေးလှုပ်ရှားသူများက ဆိုသည်။

လယ်မြေများမတရားသိမ်း ဆည်းခံရသည့်အပြင် လယ်သမား များ တရားစွဲဆိုထောင်ချခံနေရ သဖြင့် ဘက်စုံမှနစ်နာနေသော လယ်သမားများအရေးအတွက် တောင်သူလယ်သမားကွန်ရက်မှ စုပေါင်းကာ ဧရာဝတီတိုင်းဒေသ ကြီးအတွင်း လယ်သမားနစ်နာမှု အများဆုံးဖြစ်သည့် မော်လမြိုင် ကျွန်းမြို့၌ စခန်းချဖြေရှင်းနိုင်ရေး ပြင်ဆင်နေသည်ဟု လယ်ယာမြေ အရေး လှုပ်ရှားသူများထံမှ သိရ သည်။

မျိုးမင်းထွန်း-ဧရာဝတီတိုင်း(မြစ်မခ)
The Hot News Weekly

0 comments:

Post a Comment