Thursday, January 2, 2014

ကရင်နှစ်သစ်ကူးညတွင် ပေါက်ကွဲမှုကြောင့် လူ ၅ ဦး သေဆုံး

Photo: ကရင်နှစ်သစ်ကူးညတွင် ပေါက်ကွဲမှုကြောင့် လူ ၅ ဦး သေဆုံး
==================================

Thursday, January 2, 2014

ကရင်ပြည်နယ် ကမမောင်းမြို့နယ်ခွဲမှာ ဒီဇင်ဘာ ၃၁ ရက်နေ့ ညသန်း ခေါင်ကျော်လောက်မှာ ကရင်နှစ်သစ်ကူးအကြိုနေ့မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့လို့ ကလေးငယ်တွေ အပါအ၀င် ၅ ဦးသေပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့ပါတယ်။

ကမမောင်းမြို့နယ်ခွဲမှာ ကရင်နှစ်သစ်ကို ကြိုဆိုတဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ည ၁၂ နာလောက်မှာ မိုးပျံပူဖောင်းရောင်းသူရဲ့ ဂက်စ်အိုးပေါက်ကွဲမှု ဖြစ်ပွားပြီး လူအုပ်ထဲ ကျသွားတဲ့အတွက် လူသေဆုံးခဲ့တာလို့ ဒဏ်ရာသူတွေကို ဆေးရုံကို ပို့ဆောင်ပေးခဲ့တဲ့ ကမမောင်း ရပ်မိရပ်ဖ ဦးမျိုးချစ်က ပြောပါတယ်။
“ဓာတ်ပြုနေတဲ့အချိန်မှာ မီးလောင်ပြီး လူကြားထဲ ၀င်သွားတာ။ ဓာတ်ပြုတဲ့အချိန်မှာ အဖုံးမလုံဘူးဆိုတော့ ပေါက်ထွက်လာပြီး ပွဲခင်းထဲကျသွားတာပေါ့။ အဲဒီ ဂတ်စ်အိုးက ဒုံးကျည်သွားသလို ဖြစ်နေတယ်။ အောက်က မီးတန်းကြီးထွက်ပြီး လူကြားထဲမှာ ကျလိုက် ပြန်ထွက်လိုက်နဲ့ ၃ ခါလောက်ဖြစ်တယ်။ ၁၁ နာရီ ၄၅ မှာ ပေါက်ကွဲတာ။ ပေါက်ကွဲတာ လူ ၄ ယောက်နဲ့ ကိုရင်လေး ၁ ပါး ပျံလွန်တော် မူသွားတယ်။ ၂ ယောက်က ဘားအံဆေးရုံ တင်ထားတယ်။”

သေဆုံးသူ ၅ ဦးထဲမှာ ကိုရင်လေး ၁ ပါး၊ အသက် ၁၂နဲ့ ၁၃ နှစ် အရွယ်ရှိကလေး ၃ ဦးနဲ့ အမျိုးသား ၁ ဦးတို့ ပါဝင်တယ်လို့ ပြောပါတယ်။

ဘားအံဆေးရုံမှာ ဆေးကုသမှုခံယူနေရတဲ့ ကိုရင်လေး ၁ ပါးနဲ့ မိန်းကလးငယ် ၁ ဦးတို့ ဒီနေ့အထိ သတိပြန်မရသေးတဲ့အတွက် စိုးရိမ်ရတယ်လို့ ဦးမျိုးချစ်က ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မိုးပျံပူဖောင်းရောင်းသူကို မနေ့က ဖမ်းဆီး အရေးယူထားတယ်လို့ ဘားအံရဲစခန်းက ဖြေဆိုပြီး ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အသေးစိတ်ကိုတော့ ဖြေကြားခြင်း မရှိသေးပါဘူး။

DVB
ကရင်ပြည်နယ် ကမမောင်းမြို့နယ်ခွဲမှာ ဒီဇင်ဘာ ၃၁ ရက်နေ့ ညသန်း ခေါင်ကျော်လောက်မှာ ကရင်နှစ် သစ်ကူး အကြိုနေ့မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့လို့ ကလေးငယ်တွေ အပါအ၀င် ၅ ဦးသေပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့ပါတယ်။

ကမမောင်းမြို့နယ်ခွဲမှာ ကရင်နှစ်သစ်ကို ကြိုဆိုတဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ည ၁၂ နာလောက်မှာ မိုးပျံ ပူဖောင်းရောင်းသူရဲ့ ဂက်စ်အိုးပေါက်ကွဲမှု ဖြစ်ပွားပြီး လူအုပ်ထဲ ကျသွားတဲ့အတွက် လူသေဆုံးခဲ့တာလို့ ဒဏ်ရာသူတွေကို ဆေးရုံကို ပို့ဆောင်ပေးခဲ့တဲ့ ကမမောင်း ရပ်မိရပ်ဖ ဦးမျိုးချစ်က ပြောပါတယ်။

“ဓာတ်ပြုနေတဲ့အချိန်မှာ မီးလောင်ပြီး လူကြားထဲ ၀င်သွားတာ။ ဓာတ်ပြုတဲ့အချိန်မှာ အဖုံးမလုံဘူးဆိုတော့ ပေါက် ထွက်လာပြီး ပွဲခင်းထဲကျသွားတာပေါ့။ အဲဒီ ဂတ်စ်အိုးက ဒုံးကျည်သွားသလို ဖြစ်နေတယ်။ အောက် က မီးတန်းကြီးထွက်ပြီး လူကြားထဲမှာ ကျလိုက် ပြန်ထွက်လိုက်နဲ့ ၃ ခါလောက်ဖြစ်တယ်။ ၁၁ နာရီ ၄၅ မှာ ပေါက်ကွဲတာ။ ပေါက်ကွဲတာ လူ ၄ ယောက်နဲ့ ကိုရင်လေး ၁ ပါး ပျံလွန်တော် မူသွားတယ်။ ၂ ယောက်က ဘားအံဆေး ရုံ တင်ထားတယ်။”

သေဆုံးသူ ၅ ဦးထဲမှာ ကိုရင်လေး ၁ ပါး၊ အသက် ၁၂နဲ့ ၁၃ နှစ် အရွယ်ရှိကလေး ၃ ဦးနဲ့ အမျိုးသား ၁ ဦးတို့ ပါ ၀င် တယ်လို့ ပြောပါတယ်။

ဘားအံဆေးရုံမှာ ဆေးကုသမှုခံယူနေရတဲ့ ကိုရင်လေး ၁ ပါးနဲ့ မိန်းကလးငယ် ၁ ဦးတို့ ဒီနေ့အထိ သတိပြန် မရသေးတဲ့ အတွက် စိုးရိမ်ရတယ်လို့ ဦးမျိုးချစ်က ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မိုးပျံပူဖောင်းရောင်းသူကို မနေ့က ဖမ်းဆီး အရေးယူထားတယ်လို့ ဘားအံရဲစခန်း က ဖြေ ဆိုပြီး ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အသေးစိတ်ကိုတော့ ဖြေကြားခြင်း မရှိသေးပါဘူး။

DVB

0 comments:

Post a Comment