Tuesday, January 21, 2014

၁၇ နှစ်အရွယ် အမျိုးသမီးငယ်အား ပြည့်တန်ဆာ အဖြစ် စေခိုင်းသူ ဖမ်းမိ

ပဲခူးတိုင်း ဒေသကြီးမှ အသက် ၁၇ နှစ်အရွယ် အမျိုးသမီး တစ်ဦးသည် မိသားစု စီးပွားရေး အဆင်မပြေခြင်း၊ ပထွေး၏ ဆဲဆိုခြင်းနှင့် ရိုက်နှက်ခြင်းတို့ကြောင့် နေအိမ်မှ ထွက်ပြေးလာခဲ့ပြီး ကုန်တင်ကားဖြင့် လိုက်ပါလာရာ နေပြည်တော်သို့ ရောက်ရှိခဲ့ပြီး မည်သည့်နေရာသို့ သွားရမည်ကို မသိ ဖြစ်နေစဉ် နေခြည်အေးနှင့် တွေ့ရှိကာ ၎င်း အိမ်သို့ခေါ်သွားခဲ့သည်။
တစ်လခန့် အကြာတွင် နေခြည်အေးက ကားတစ်စီးပေါ်သို့ ပြည့်တန်ဆာ လုပ်ကိုင်ရန် ထည့်ပေးခဲ့ပြီး ညတိုင်း သပြေကုန်း ညဈေး တန်း၌ ပြည့်တန်ဆာအဖြစ် ခေါ်ဆောင်သည့် နေရာများသို့ ဆိုင်ကယ်ကယ်ရီဖြင့် ထည့်ပေးပြီး ရရှိငွေများကိုလည်း နေခြည်အေးက ရယူကြောင်း၊ မလုပ်ချင်၍ ငြင်းဆန်ပါက ရိုက်နှက်ကြောင်း၊ ထွက်ပြေး ချင်သော်လည်း ပြန်စရာ လမ်းစရိတ်မရှိခြင်း၊ အိမ်သို့ပြန်ရန် မိသားစု အိမ်တွင်းရေး အခက်အခဲ ရှိသဖြင့် နေခြည်အေး စေခိုင်းသမျှ လုပ်ကိုင်ခဲ့ရသည်။ ထို့နောက် ပြည့်တန်ဆာ အလုပ်ကို မလုပ်ချင်ကြောင်း အကြိမ်ကြိမ် ငြင်းဆိုသော်လည်း ပြောမရသောကြောင့် ဆေးသောက်ပြီး လေးရက်ကြာ သတိ မေ့မြော ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ နေခြည်အေး ၂၇ နှစ်(ဘ)ဦးတင်အေးအား ဇန်နဝါရီ ၁၈ ရက် မွန်းလွဲ ၂ နာရီ ၃၅ မိနစ်က အမှတ်(၁) ရဲစခန်းမှ (ပ) ၁၁/၂ဝ၁၄ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ပြည်မြန်မာ

0 comments:

Post a Comment