Tuesday, January 7, 2014

မိုးစက်ဝိုင်ရဲ့ နှစ်သစ်ကူး အစီအစဉ်


အလှမယ်မိုးစက်ဝိုင်က နှစ်သစ်ကူးဆုတောင်းကို အွန်လိုင်းမှာ တင်ထားပါတယ်။နှစ်သစ်မှာ ကိုယ်စိတ် ကျန်းမာပြီး အစစအရာရာ အဆင်ပြေပါစေတဲ့။
သူ့ဖေ့စ်ဘုတ်မှာလည်း မန့်ကြဖို့ ဆော်သြထားပါသေးတယ်။ လာမယ့်သာကြာနေ့အထိ မန့်နိုင်တယ် ... အမှတ်တရအဖြစ်ဆုံး ကော်မန့်ပေးနိုင်သူ အယောက် ၅၀ ကို အမှတ်တရ လက်ဆောင် ပေးမယ် - ပေးမှာက ကြော်ငြာပြက္ခဒိန် နဲ့ တီရှပ်လို့ ဆိုတယ်။

ကြော်ငြာကို အမှတ်တရ ပေးတယ် ဆိုတော့ကာ.... ငါးဆယ်က နည်းနေမလား။ ငါးထောင်လောက်ကို ပေးရင် ပိုထိရောက်မယ် မဟုတ်ဘူးလား။

အင်း... သူ လက်မှတ်ထိုးပြီး ပေးမှာဆိုတော့ ငါးဆယ်လောက်ပဲ ကောင်းမှာပါ။ ရာဂဏန်း ထောင်ဂဏန်း လက်မှတ်ထိုးရမယ် ဆိုရင် လက် အတော်ညောင်းပါလိမ့်မယ်။သူ့ရဲ့ ပရိသတ်အတွက် စီစဉ်ထားတဲ့ ဖေ့စ်ဘုတ် စာမျက်နှာ https://www.facebook.com/ missuniversemyanmarmoesetwine  မှာ ရေးထား တာကို မူရင်းအတိုင်း ကူးယူ ဖော်ပြလိုက်ပါတယ်။

အားလုံးပဲ မင်္ဂလာနှစ်သစ် 2014 ကို မိုးစက်နှင့်အတူ ကြိုဆိုကြရအောင်နော်…

2013 ခုနှစ်ဟာ မိုးစက်အတွက် အရမ်းထူးခြားပြီး ရင်ခုန်စရာကောင်းတဲ့
နှစ်လေးတစ်နှစ် ဖြစ်ခဲ့ပါတယ်…

- မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုအနေနဲ့ Miss Universe ပြိုင်ပွဲကြီးကို ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။
- ပရိသတ်ကြီးရဲ့ မွန်မြတ်လှတဲ့ စေတနာမေတ္တာနှင့် အချစ်ကို ရရှိခဲ့ပါတယ်။
- မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပခဲ့သော 27 ကြိမ်မြောက် SEA Games နှင့် တွေ့ဆုံခွင့်ရခဲ့ပါတယ်။

ဒီတော့… မိုးစက်အနေနဲ့ပရိသတ်ကြီးကို ပျော်ရွှင်စရာအစီအစဉ်လေးတစ်ခု ပြုလုပ်ပေးချင်ပါတယ်။

မိုးစက် 2013 ခုနှစ်မှာ လှုပ်ရှားမှုဓာတ်ပုံလေးများကို မိဘပြည်သူများနှင့် မျက်ခြေမပြတ်အောင် ဒီ fan page မှာ အမြဲတင်ပေးခဲ့ပါတယ်။ အဆိုပါတင်ပေးခဲ့တဲ့ လှုပ်ရှားမှုဓာတ်ပုံများထဲမှ စိတ်ကြိုက်ပုံတစ်ပုံကို ရွေးချယ်ပြီး ပုံနှင့်တကွ မိုးစက်အတွက် အမှတ်တရ ခံစားချက်တစ်ခုကို အောက်တွင် comment အနေဖြင့် ဖော်ပြပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်။

ဒီထဲက အမှတ်တရအဖြစ်ဆုံး comment အယောက် ၅၀ ဦးကို မိုးစက်လက်မှတ်ရေးထိုးထားသော စိန်နန်းတော် calendar နှင့် အတူ အမှတ်တရလက်ဆောင် အင်္ကျီ၁ထည် ပေးမှာဖြစ်ပါတယ်။

မိုးစက်ချစ်တဲ့ ပရိတ်သတ်ကြီးများရှင့်…

Comment များကို Jan 10 နေ့အထိ ပေးနိုင်ပါတယ်။ Jan 13 ရက်နေ့တွင် အယောက် ၅၀ ကို မိုးစက်ကိုယ်တိုင် လေးစားစွာဖြင့် ဒီ fan page တွင် အသိပေးတင်ပြပါမည်ရှင့်…

မိုးစက်ချစ်တဲ့ ပရိသတ်များ 2014 နှစ်သစ်မှာ ကိုယ်စိတ်ကျန်းမာပြီး အစစအရာရာ အဆင်ပြေပါစေ…
“Happy New Year"

ဒီအစီအစဉ်လေးကတော့ ပြည်ပနိုင်ငံများ မပါသေးပါ...
တကယ်လို့ ပြည်ပမှပရိသတ်များ ဆုရခဲ့သည်ရှိသော် ပြည်တွင်းမှာရှိသော ဆွေမျိုးသားချင်းများမှ ကိုယ်စား လာရောက်ထုတ်ယူနိုင်ပါတယ်နော်...
မိုးစက်အနေနဲ့ ပြည်တွင်းမှ မိဘပြည်သူများ ထုတ်ယူရလွယ်ကူအောင် စီစဉ်ပေးထားပါတယ်

ဧရာဝတီblog

0 comments:

Post a Comment