Wednesday, December 11, 2013

မြန်မာရဲတပ်ဖွဲ့များ ပဋိပက္ခ ကိုင်တွယ်ဖြေရှင်းရာတွင် နိုင်ငံတကာစံနှုန်းနှင့်အညီ ရဲလုပ်ပိုင်ခွင့် ကျင့်သုံးရေး ICRC နှင့် ဆွေးနွေး

ရဲတပ်ဖွဲ့များ ရဲလုပ်ပိုင်ခွင့် ချင့်ချိန် ကျင့်သုံးခြင်းနှင့် လက်နက်ကိုင်တွယ် အသုံးပြုသည့် အဓိကရုဏ်းများ နိုင်ငံတကာစံနှင့်အညီ ဖြေရှင်းတတ်စေရန် အလုပ်ရုံဆွေးနွေးပွဲကို စစ်တွေမြို့တွင် ဒီဇင်ဘာလ ၁၀ ရက် မှ ၁၃ ရက်အထိ ပို့ချပေးလျက်ရှိသည်။

ဆွေးနွေးပွဲကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းကျင်း ပပြုလုပ်ခြင်း ဖြစ်သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ရဲလုပ်ပိုင်ခွင့်များအား ချင့်ချင့်ချိန်ချိန် ကျင့်သုံးပုံ၊ အများပြည်သူဆိုင်ရာ ငြိမ်ဝပ်ပိပြားမှုကို စီမံခန့်ခွဲခြင်းနှင့် အဓိကရုဏ်းထိန်းသိမ်းခြင်း၊ အင်အားသုံးဖြိုခွဲခြင်းနှင့် လက်နက်အသုံး ပြုခြင်း၊ ဖမ်းဆီးခြင်းနှင့် ထိန်းသိမ်းခြင်း၊ ရှာဖွေမှုကျင့်သုံးခြင်းများနှင့်ပတ်သက်၍ လက်တွေ့လေ့ကျင့်ခန်း များဖြင့် ပို့ချပေးလျက်ရှိသည်ဟု သိရသည်။

ရဲများပဋိပက္ခများ ကိုင်တွယ်ဖြေရှင်းရာတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို နိုင်ငံတကာစံနှုန်းနှင့်အ ညီ ရဲလုပ်ပိုင်ခွင့် ကျင့်သုံးခြင်းဆိုင်ရာ ကိစ္စများကို နှစ်ပေါင်း ၃၀ ကျော် အတွေ့အကြုံကောင်းများရှိသည့် အိုင်စီအာရ်စီမှ ကျွမ်းကျင်သူ မစ္စတာဂျွန်အဲရစ်ဂျန်စန်က ဒုတိယရဲမှူးကြီးအဆင့်မှ ဒုတိယရဲမှူးအဆင့်အ ထိ ရဲအရာရှိ ၃၅ ဦးသို့ ပို့ချဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံမှ ရဲတပ်ဖွဲ့များအနေဖြင့် လက်နက်ကိုင်တွယ်အသုံးပြုသည့် အဓိကရုဏ်းများကို နိုင်ငံတကာ ရဲတပ်ဖွဲ့စံနှုန်းများနှင့်အညီ အကာအကွယ်ပြု ဖြေရှင်းတက်စေရန် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ် ကြောင်း အိုင်စီအာရ်စီ၏ မြန်မာနိုင်ငံ ပြန်ကြားရေးတာဝန်ခံ Mr.Giu Seppe က “ပဋိပက္ခဖြစ်တဲ့အခါမှာ နိုင်ငံတကာရဲတပ်ဖွဲ့အရည်အသွေး စံနှုန်းတွေနဲ့အညီ ကိုင်တွယ်နိုင်ရန်နှင့် လက်နက်အသုံးပြုပြီး အဓိက ရုဏ်းတွေကို ဘယ်လို အကာအကွယ်ပြု ဖြေရှင်းပေးရမလဲဆိုတာကို အလုပ်ရုံဆွေးနွေးပွဲမှာ ပြောကြား ပေးသွားမှာပါ”ဟု ပြောသည်။

အဓိကရုဏ်းနှိမ်နင်းသည့် ရဲတပ်ဖွဲ့များအား သင်တန်းများပို့ချခြင်းနှင့်ပတ်သက်၍ တရားဥပဒေ စိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းမှုကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က “ပဋိပက္ခဖြေရှင်းနိုင်ဖို့ ရဲတပ်ဖွဲ့ရဲ့ စွမ်းဆောင်ရည်တွေ မြှင့်တင်ဖို့ လိုအပ်နေတယ်။ လုံခြုံရေးကို တာဝန်ယူနေတဲ့ ရဲတပ်ဖွဲ့ စွမ်းဆောင်ရည်ကျ ရင် နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပါတယ်”ဟု ပြောသည်။

အိုင်စီအာရ်စီသည် လူသားချင်းစာနာထောက်ထားမှု သက်သက်သာသာ ဆောင်ရွက်သော၊ နိုင်ငံရေးနှင့် မဆိုင်သောအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ရခိုင်ပြည်နယ်တွင် အိုင်စီအာရ်စီနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း တို့သည် ကျန်းမာရေးစောင့်ရှောက်မှုစနစ် တိုးတက်ကောင်းမွန်ရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုကို လူ တိုင်း လက်လှမ်းမီရန်အတွက် အာဏာပိုင်များနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိသည့် အဖွဲ့အစည်း ဖြစ် သည်။ အဆိုပါအဖွဲ့အစည်းသည် စက်တင်ဘာလအတွင်းကလည်း နေပြည်တော်ရှိရဲအရာရှိများအတွက် လည်း အလုပ်ရုံဆွေးနွေးပွဲတစ်ခု ကျင်းပပေးခဲ့ကြောင်း သိရသည်။

အိုင်စီအာရ်စီ၏ မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ အကြီးအကဲ မစ္စတာယုရ်ခ်မွန်တာနီက “အိုင်စီအာရ်စီအ နေနဲ့ ကမ္ဘာတစ်ဝန်းရှိ ရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ကိုင်ရာကနေ အခြေအနေအမျိုးမျိုးမှာ ဥပဒေစိုးမိုးရေး တာဝန်ရှိသူတွေ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းတဲ့ အတွေ့အကြုံတွေ ရရှိထားပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲနဲ့ နောင်အနာဂတ် အလုပ်ရုံဆွေးနွေးပွဲတွေကနေ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့အတွေ့ အကြုံတွေကို မျှဝေနိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂ ရဲတပ်ဖွဲ့က မြန်မာ့ရဲတပ်ဖွဲ့ဝင်များကို ပဋိပက္ခများတွင် ပြည်သူနှင့် ထိပ်တိုက်ဖြေရှင်းသည့် နည်းလမ်းအစား အခြားပျော့ပြောင်းသည့် နည်းလမ်းများကို အသုံးပြုရန် နိုဝင်ဘာလအတွင်း ရန်ကုန်နှင့် နေပြည်တော်တို့တွင် သင်တန်းများပေးခဲ့သည်။
Mizzima

0 comments:

Post a Comment