ရန်ကုန်မြို့တော်၏
အဓိကကျသော နေရာများတွင် စီးပွားရေးဆိုင်ရာ အဆောက်အအုံများ လိုအပ်နေ
သောကြောင့် မြို့ပြ ဖွံ့ဖြိုးမှု မြင့်တက် လာစေရန် နာနတ်တောလမ်းနှင့်
ဟံသာဝတီလမ်းကြားတွင် အထပ် ပေါင်း ၂၇ ထပ် ပါဝင်သော ကွန်ဒိုများကို
ကျပ်ဘီလီယံ တစ်ရာခန့်ဖြင့် ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့သည်
လာမည့် ၁ဝ စုနှစ် တစ်ခုအတွင်း မြို့ပြ ဖွံ့ဖြိုးမှုနှင့် လူဦးရေ
တိုးပွားမှုသည် ယခုမြို့ဧရိယာ ၏ နှစ်ဆခန့် မကသော မြို့ပြအသွင်
ရှိလာမည်ဖြစ်ပြီး လူဦးရေ တိုးတက်မှု သည်လည်း ၁ဝ သန်းအထက် ရှိလာမည်
ဖြစ်သောကြောင့် လူနေ အိမ်ခန်းများနှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံ
များစွာ အလျင်အမြန် လိုအပ်လျက် ရှိလာပြီ ဖြစ်ကာ ပြည်တွင်း
ကုမ္ပဏီကြီးများနှင့် ပြည်ပ နိုင်ငံများမှ ကုမ္ပဏီများ အနေဖြင့်
ရန်ကုန်မြို့တွင် စီးပွားရေးနှင့် လူနေအိမ်ခန်းများ ပါဝင်သော
အဆောက်အအုံများစွာ ဆောက်လုပ်လျက် ရှိရာတွင် ယခု ဆောက်လုပ်မည့် ဟံသာဝတီ
Complex သည်လည်း စီးပွားရေးဆိုင်ရာ အထပ်များနှင့် လူနေ အခန်းပေါင်း များစွာ
ပါဝင်မည့် ၂၇ ထပ် ရှိသော ကွန်ဒိုကြီးများ ဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။အဆိုပါ ၂၇ ထပ် ပါဝင်သော ဟံသာဝတီ Complex တွင် အဆောက်အအုံများ ဆောက်လုပ်ခြင်းကို ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ပြီး တည်ဆောက်မည့် ကုမ္ပဏီနှင့် အကျိုးတူ ခံစားခွင့် ရရှိမည် ဖြစ်သည့်အပြင် ရန်ကုန်မြို့၏ အနာဂတ် လိုအပ်ချက်ဖြစ်သော မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းများကို ကူညီရာ ရောက်ကြောင်းလည်း သိရသည်။
ရန်ကုန်မြို့တော်တွင် စီးပွားရေးဆိုင်ရာ ကွန်ဒိုများစွာ လိုအပ်နေပြီး စီးပွားရေးဆိုင်ရာ ရုံးခန်းများ ဖွင့်လှစ် နိုင်သော ကွန်ဒိုမှာ အလွန် နည်းပါးနေသေးကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ အဖွဲ့ဝင် တစ်ဦးက သုံးသပ် ပြောကြားခဲ့သည်။ ရန်ကုန်မြို့တွင် ကွန်ဒို ဆောက်လုပ်မှု မြင့်တက်လာခြင်းမှာ နိုင်ငံတကာ လုပ်ငန်းရှင်များကို ကွန်ဒိုများ၏ ၄ဝ ရာခိုင်နှုန်း ပိုင်ဆိုင်ခွင့် ပြုမည့် ကွန်ဒို ဥပဒေကြောင့်လည်း ဖြစ်ကြောင်း သိရသည်။
ပြည်တွင်း၌ မည်သည့်နေရာတွင်မဆို စီမံကိန်းများတွင် ရှေးဟောင်း ပစ္စည်းများနှင့် သဘာဝ သယံဇာတများ ကိုတွေ့ရှိပါက သက်ဆိုင်ရာ ဌာနကို အကြောင်းကြား ပေးအပ်ရမည် ဖြစ်ကြောင်း သက်ဆိုင်ရာ တိုင်းဒေ သကြီးနှင့် ပြည်နယ်များ အလိုက် သတ်မှတ်ထားကြောင်း သိရသည်။
မြ၀တီ
0 comments:
Post a Comment