
ဆီးရီးယား အစိုးရ အဖွဲ့ကို ဆန့်ကျင် တိုက်ခိုက်မည့် ဂျီဟတ် စစ်သွေးကြွ များသည် ဆီးရီးယား နိုင်ငံ အတွင်းသို့
ဖြတ်ကျော် ဝင်ရောက်ရန် အတွက် တူရကီ နိုင်ငံ တောင်ပိုင်း ရှိ နေအိမ်
အဆောက်အအုံ များကို အသုံးပြုလျက် ရှိကြောင်း ဘီဘီစီ သတင်း ဌာန၏ ထုတ်ဖော်
ပြောကြားချက်များ အရ သိရသည်။
ဗြိတိန် နိုင်ငံသား ၂ဝ ဦး အပါအဝင်
လူဦးရေ ၁၅ဝ ကျော် ပါဝင်သော အဖွဲ့သည် လွန်ခဲ့သော သုံးလခန့်က တူရကီ နိုင်ငံ
တောင်ပိုင်းရှိ နယ်စပ်မြို့ တစ်မြို့ဖြစ်သော ရေဟန်လီ မြို့အနီးရှိ
နေအိမ်များတွင် နေထိုင် ခဲ့ကြကြောင်း ၎င်းမြို့ရှိ အကြီးအကဲ တစ်ဦးက ဘီဘီစီ
သတင်း ဌာနသို့ ပြောကြားခဲ့သည်။ အယ်လ်ကိုင်ဒါ အဖွဲ့နှင့် ဆက်စပ်နေသော အဆိုပါ
ဂျီဟတ် စစ်သွေးကြွများ အသုံး ပြုခဲ့သော တူရကီ နိုင်ငံ တစ်လျှောက်ရှိ
ခရီးလမ်းကြောင်း များသည် ယခု အခါတွင် တဖြည်းဖြည်းနှင့် အစီအစဉ် တကျ
ဖြစ်လာပြီ ဖြစ်ပြီး အဆိုပါ ဂျီဟတ် စစ်သွေးကြွ များသည် ဆီးရီးယား အတွင်း
ဖြစ်ပွားလျက် ရှိသည့် တော်လှန်ရေးကို ဖျက်ဆီးလျက် ရှိကြောင်း အတိုက်အခံ
အဖွဲ့က ပြောကြားခဲ့သည်။ ၎င်းတို့သည် ဆီးရီးယား အစိုးရ တပ်ဖွဲ့ဝင် များကို
တိုက်ခိုက် နေရုံသာမက အတိုက်အခံ တပ်ဖွဲ့ဝင်များ ကိုပါ မကြာခဏ
တိုက်ခိုက်လျက် ရှိကြောင်း သိရသည်။
0 comments:
Post a Comment