ပွင့်လင်းရာသီတွင်
ရေရှားပါးမှုနှင့် ကြုံတွေ့ရလေ့ရှိသော တောင်ကြီးမြို့ပေါ်တွင် ယခုနှစ်
ပွင့်လင်းရာသီ ၌ ပြီးခဲ့သည့် နှစ်ထက် ရေပိုပေးနိုင်မည်ဖြစ်ပြီး
ရေရရှိရေးအတွက် ရေကန်များဖော်ထားခြင်းကြောင့် ယင်း
သို့ပေးလာနိုင်ခြင်းဖြစ်သည်ဟု တောင်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး
ဦးဇော်မြင့်သိန်းက ဒီဇင် ဘာ ၃ ရက်တွင် မဇ္ဈိမကို ပြောသည်။
တောင်ကြီးမြို့တွင် ရေရရှိရေးအတွက် တောင်ကြီးမြို့ ရေပေးရေးကော်မတီကို ၂၀၁၃
နှစ်ဆန်းပိုင်းက ဖွဲ့စည်းခဲ့ပြီး ကာလတို၊ ကာလရှည် ရာသီလုပ်ငန်း၊ ကာရှည်
ရာနှုန်းပြည့်စီမံကိန်းများဖြင့် စီစဉ်ဆောင် ရွက်လျက်ရှိရာ ယင်းသို့ ကန်
တူးဖော်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုလည်း ၎င်းက
ဆိုသည်။
ဦးဇော်မြင့်သိန်းက “ရာသီလုပ်ငန်းအတွက် ကျွန်တော်တို့
ဂနိုင်ကန်ကြီးကို ကနဦး ဆည်ခဲ့တယ်၊ ပြီးတော့ မြို့ထဲမှာ ရှိတဲ့ မြကန်သာကန်၊
ရေထွက်ဦးကန် တို့ကိုပါ ဆည်တယ်။ ကာလတိုလုပ်ငန်းအတွက် နမ်း
ဟောင်းစီမံကိန်းစီမံချက်နဲ့ လုပ်ဆောင်နေပါတယ်” ဟု ဆိုသည်။
ယင်းသို့ ကန်များ ပြန်လည်ဆည် ထုတ်ထားပြီး မိုးရေသိုလှောင်မှု
ကောင်းသောကြောင့် ယခုနှစ်တွင် မြို့တွင်း ရေရှားပါးသည့် ရပ်ကွက်များကို
ဦးစား ပေးရေပေးနိုင်မည် ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
လက်ရှိဆောင်ရွက်နေသည့် ရာသီအလိုက် မြို့ရေရရှိရေးလုပ်ငန်းများကို
ကိုယ်ထူကိုယ်ထ ဆောင် ရွက် နေခြင်းဖြစ်ပြီး အနာဂတ်ကာလ ရာနှုန်းပြည့် ရေ
ရရှိရေး ရေရှည်စီမံကိန်းဆောင်ရွက်သွား ရန်ကို နိုင်ငံ တကာ ချေးငွေ၊
နည်းပညာများ ဖိတ်ခေါ်ထားသည်ဟုလည်း ဦးဇော်မြင့်သိန်းက ပြောသည်။
တောင်ကြီးမြို့တွင် ရေရှားပါးမှု ပြဿနာကို ပွင့်လင်းရာသီတွင်
ကြုံတွေ့ရလေ့ရှိပြီး မြို့ပေါ်ရပ်ကွက် ကိုးခု ခန့်မှာ ရေရှားပါးမှု အများဆုံး
ကြုံရလေ့ရှိ သည်။
ယင်းအပြင် တောင်ကြီးမြို့နယ်
စည်ပင်သာယာရေးဌာနအနေဖြင့်လည်း နမ့်ဘောင် ရေပိုက်မှတစ်ဆင့် တစ်ရက်လျှင်
ရေဂါလံနှစ်သိန်း ပေးဝေသွားနိုင်ရန်အတွက် မြို့တွင်းရေပေးဝေရေးပိုက်များ
ဖောက်လုပ် သွယ်တန်းလျက်ရှိပြီး ရေရှားပါးသည့် ရပ်ကွက်များအား ပေးဝေသွားရန်
စီစဉ်ဆောင်ရွက်နေသည် ဟု လည်း တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနမှ
တာဝန်ရှိသူတစ်ဦး က မဇ္ဈိမကိုပြောသည်။
တောင်ကြီးမြို့ ရေရှားပါးမှု
ပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် တောင်ကြီးမြို့ ရေရရှိရေး၊ ရေအရင်းအမြစ်
ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြည်သာယာရေး ဖောင်ဒေးရှင်းအဖွဲ့ကလည်း
ဆောင်ရွက် ပေးနေပြီး ရေ အရင်းအမြစ်များ မပျောက်ပျက်အောင်
ပြန်လည်ဖော်ဆောင်သွားမည်ဟု ယင်းအဖွဲ့ဥက္ကဋ္ဌ ဦးစံလင်းက ပြော သည်။
၎င်းက
“ရေအရင်းအမြစ်တွေ ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက်လည်း သစ်ပင်စိုက်တာကအစ
ထိန်း သိမ်း ရေး၊ မြို့သာယာလှပရေးအတွက် ရေမြောင်းတွေ အမှိုက်တွေ ရှင်းတာကအစ
ဆောင်ရွက် သွားမယ်” ဟု မဇ္ဈိမကိုပြောသည်။
ယင်းအပြင် တစ်မြို့လုံး
ပါဝင်ဆောင်ရွက်နိုင်ရန်အတွက်လည်း မြို့ အနှံ့တွင် လှုံ့ဆော်ဆိုင်းဘုတ်များ
စိုက်ထူထားသည်ဟုလည်း ယင်းအဖွဲ့မှ သိ ရသည်။
ဦးစံလင်းက
“ရေအရင်းမြစ် ထိန်းသိမ်းရေးလုပ်ငန်းဆိုတာ အလွန်ကျယ်ပြန့်တဲ့
လုပ်ငန်းဖြစ်ပါတယ်၊ သိန်း ပေါင်း အများကြီး ကုန်ကျမယ့် အလုပ်လည်း ဖြစ်တယ်။
သည်တော့ တောင်ကြီး တစ်မြို့လုံးကလူတွေ အားလုံးပါဝင်ဆောင်ရွက်လာဖို့
အကြံဉဏ်တွေပေးနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ဆိုသည်။
တောင်ကြီးမြို့တွင် ရေရှားပါးမှု အဖြစ်ဆုံး ရပ်ကွက်များသည် တောင်ကြီးမြို့
အနောက်ဘက်ခြမ်းရှိ ရတနာ သီရိရပ်ကွက်၊ ချမ်းမြသာစည်ရပ်၊ ရွှေ တောင်ရပ်၊
စိန်ပန်းရပ်၊ ကံသာ၊ ချမ်းသာ၊ ၀ါးပြား၊ ကျောင်း ကြီးစုရပ်၊ ကံကြီးရပ်တို့ဖြစ်ပြီး အဓိကအားဖြင့် ပုဂ္ဂလိက ရေအလှူရှင်များအား အားထားသုံးစွဲနေ ရ
ကြောင်း တောင်ကြီး ဒေသခံများက ပြောသည်။
ရေ၀ယ်ယူသုံးစွဲရာတွင်
ကိုးပီပါဆံ့ ထော်လဂျီရေကားတစ်စီးလျှင် ၂၅၀၀ ကျပ်မှ ၄၅၀၀ အထိ ပေး ရပြီး ရေစည်
လှည်းဖြင့်ဝယ်ယူလျှင် တစ်စည်လျှင် ကျပ် ၁၀၀၀ ပေးရကြောင်း တောင်ကြီးမြို့
ချမ်းမြသာ စည်ရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောသည်။
Mizzima
0 comments:
Post a Comment