သွားကိုက်ဝေဒနာ – ရှေးယခင်က အီဂျစ်ပြည်တွင် သွားကိုက်ဝေဒနာ
ခံစားနေရသူတစ်ဦး၏ သွားပေါ်သို့ ကြွက်သေတစ်ကောင်တင်၍ ကုသခဲ့ ကြသည်။
ရောမနိုင်ငံတွင်လည်း သွားကိုက်နေသူတစ်ဦး၏ ပါးစပ်ကို ရေမြင်း၏
လက်ဝဲဖက်သွားနှင့် ပွတ်တိုက်စေပြီး မြေခွေး၏ ဦးခေါင်းခွံအရိုးပြာကို
စားစေခဲ့သည်။
သန်းတွယ်ခြင်း – (၁၃)ရာစုနှစ်ခန့်က သန်းတွယ် နေသူတစ်ဦးကို ပြဒါး၊ ပြာ၊ကလေးငယ်၏တံတွေး၊ ၀က်ဆီ တို့ ဖြင့်ရောနယ်သုတ်လိမ်း၍ကုသခဲ့သည်။
ကင်ဆာ – ၁၈၈၀ခုနှစ်က အထင်ကရ ဆေးပညာဂျာနယ်ကြီး The Lancet တွင်
ဖော်ပြခဲ့သည့်ဆောင်းပါး၌ ကင်ဆာရောဂါခံစားနေရသူ လယ်သမားတစ်ဦးသည်
မိုးကြိုးပစ်ခံရပြီး သတိမေ့မျောသွားခဲ့ရာ သတိ ပြန်ရလာချိန်တွင် ကင်ဆာရောဂါ
ပျောက်ကင်းသွား ကြောင်းရေးသား ထားခဲ့သည်။ လျှပ်စစ်ဓာတ်ပွတ် တိုက်အား
(Frictional electricity)ကိုလည်း ကင်ဆာကျိတ်ဖျက်ဆီးနိုင်သည့်
ကုသမှုတစ်ခုအဖြစ် သိမှတ် လက်ခံခဲ့ကြသည်။
စိတ်ကျဝေဒနာ – (၁၉) ရာစုနှစ်က စိတ်ကျဝေဒနာအတွက် အသုံးပြုခဲ့သော ဆေးပြားတွင်
မာကျူရီပြဒါး ဓာတ်ပါဝင်ခဲ့သည်။ ပြဒါးသည် အာ ရုံကြောထိခိုက်စေသည့်
ဓာတ်တစ်မျိုးဖြစ်ပြီး တစ်နေ့လျှင် နှစ်ကြိမ်မှ သုံးကြိမ်အထိ
တိုက်ကျွေးခဲ့ကြသောကြောင့် ဆေးပတ်လည်အောင် သောက်ပြီးချိန်တွင် ခန္ဓာကိုယ်မှ
အမှန် တကယ်လက်ခံနိုင်သည့် ပြဒါး ပမာဏထက် အဆ(၉၀၀၀)ခန့် ပို များနေလေ့ရှိသည်။
စကားထစ်ခြင်း – လူတစ်ဦး စကားထစ်ရခြင်းမှာ ၎င်း၏
လျှာတိုလွန်းခြင်းကြောင့်ဖြစ်စေ၊ အာခံတွင်းနှင့်
ချိတ်ဆက်မှုလွဲမှားခြင်းကြောင့် ဖြစ်စေ အသံကောင်းစွာမထွက်နိုင် ခြင်း
ကြောင့်ဖြစ်ကြောင်း (၁၈)ရာစု ဆရာ ၀န်များက ယူဆခဲ့ကြပြီး လျှာကို
ခွဲစိတ်ကုသခဲ့ကြသည်။
စိတ်ကစဥ့်ကလျား ဝေဒနာ – ဒုတိယ ကမ္ဘာစစ်နှောင်းပိုင်းကာလက စိတ် ကျန်းမာရေး
ဆရာဝန်များသည် စိတ်ကစဥ့်ကလျား ဝေဒနာရှိသူများကို အင်ဆူလင်ပေးသွင်း
ကုသခဲ့သည်။ အင်ဆူလင်ကြောင့် သွေးတွင်း အချိုဓာတ် ရုတ်တရက်ကျဆင်းပြီး ဦး နှောက်၏ အဓိကလောင်စာဖြစ်သည့် ဂလူးကို့စ် မရှိတော့သော ကြောင့် လူနာ ကို
သတိလစ်သွားစေသည်။ ထို့နောက်မှ ဂလူးကို့စ်ပြန်ထိုးသွင်း၍ နိုးထစေပြီး
လူနာကို စိတ်တိုခြင်း၊ စိတ်ဆတ်ခြင်းမှ ကင်းဝေးစေသော် လည်း
လူနာသတိလစ်နေချိန်တွင် ဦးနှောက်ဆဲလ်များ လောင်စာမရှိ သောကြောင့်
သေဆုံးပျက်စီးစေသည်။
သီဟ
Ref: RD
By Health Updates
0 comments:
Post a Comment