Wednesday, December 4, 2013

မန္တလး ချမ်းမြသာစည်လေဆိပ်တွင် စင်းလုံးငှားလေယာဉ်နှစ်စင်းထားမည်

ပြေးဆွဲမှု ၁၃နှစ်ကျော် ရပ်နားထားသည့် မန္တလေးမြို့ ချမ်းမြသာစည် လေယာဉ်ကွင်းတွင် အမေရိကန် နိုင်ငံ ထုတ် ၁၂ ယောက်စီး လေယာဉ် နှစ်စင်းဖြင့် ခရီးတို၊ ရှုခင်းကြည့်၊ စင်လုံးငှား သုံးမျိုး ပြေး ဆွဲ သွားမည် ဟု မြန်မာ့လေကြောင်း မန္တလေး ရုံးခွဲမန်နေဂျာ ဦးအောင်မင်းဆွေက မဇ္ဈိမကို ပြောသည်။

“အမေရိကန်နိုင်ငံထုတ် Grand Caravan အမျိုးအစား လေယာဉ်အသစ် နှစ်စင်းးကိုဝယ်ယူပြီး ခရီးတို လေယာဉ်အဖြစ် ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။ ဈေးနှုန်းကိုလည်း သက်သာသောနှုန်ထား တစ်ခု သတ် မှတ်ပြေးဆွဲပေးမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ပြေးဆွဲရာတွင် မန္တလေးမြို့ ချမ်းမြသာစည်လေယာဉ်ကွင်းမှ လေယာဉ်များကိုထားရှိကာ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးသို့ ပြေးဆွဲပေးမည်ဖြစ်သည်။ ပြည်တွင်း ပြည်ပ မည့်သည့်ခရီး သွား မဆို ပြေး ဆွဲမှု ပြု လုပ်ပေး သွား မည်ဖြစ်သည်။ ဈေးနှုန်းကိုလည်း နာရီအလိုက် နှုန်းထား သတ် မှတ်ကာ ဈေးနှုန်းများကို ကောက်ခံသွား မည်ဖြစ်သည်။

“ပြေးဆွဲမှုကတော့ သေချာသလောက်တော့ ရှိနေပါပြီ။ ဈေးနှုန်း၊ ပြေးဆွဲမယ့် လမ်းကြောင်းတွေကို မကြာမီ ထုတ်ပြန်ကြေညာပေးမှာ ဖြစ်ပါတယ်။ လေယာဉ်နှစ်စင်းလုံးကလည်း မြန်မာ လေကြောင်းက ၀ယ်ယူထားရှိတာ ဖြစ်ပါတယ်” ဟု ဦးအောင်မင်းဆွေက ပြောသည်။

ပြေးဆွဲဆောင်ရွက်မည့် လေယာဉ်ကွင်းမှာ ၁၃ နှစ်ခန့် အသုံးပြုမှုမရှိသဖြင့် ပြင်ဆင်မှုများကို လုပ်ဆောင် နေပြီဖြစ်ပြီး လမ်းပိုင်းဆိုင်ရာများ ပြင်ဆင်မှု၊ ထိန်း ချုပ်ရေးစတင်ပြင်ဆင်ခြင်း၊ တာဝါတိုင် များ ပြန် လည် မွမ်းမံခြင်းတို့ကို လုပ်ဆောင်လျက် ရှိနေသည်။

Mizzima

0 comments:

Post a Comment