Wednesday, December 25, 2013

အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲ ကျပ်သန်း ၆,၅၀၀ ကျော်သုံးမည်

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ရက်သတ္တပတ်တစ်ပတ်ကြာ လက်ခံကျင်းပမည့် ခုနစ်ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲ ဖွင့်ပွဲပိတ်ပွဲအခမ်းအနားများကို ပြီးခဲ့သည့် (၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကဲ့ သို့ ခမ်းနားစွာ ကျင်းပသွားမည်ဟု အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးတင့်ဆန်းက ဒီဇင်ဘာ ၂၄ ရက်တွင် မဇ္ဈိမကို ပြောသည်။
အဆိုပါအားကစားပြိုင်ပွဲကို ရရှိထားသည့် ရန်ပုံငွေစုစုပေါင်း ကျပ်သန်း ၆၅၁၇ ဒသမ ၇၆၄၅ ကို သုံးစွဲ သွားမည်ဖြစ်ပြီး ယင်းတို့အနက် မြန်မာ့မသန်စွမ်းအားကစားအသင်း ယှဉ်ပြိုင်အောင်နိုင်ရေး လုပ်ငန်း ကော်မတီကို ကျပ်သန်းပေါင်း ၂၈၀၀ နီးပါး အသုံးပြုရန် ခွင့်ပြုထားသည်။

ဒေသတွင်း ၁၁ နိုင်ငံမှ အားကစားသမားများ ပါဝင်ယှဉ်ပြိုင်မည့် အဆိုပါ အားကစားပြိုင်ပွဲကို ဇန်န၀ါရီ ၁၄ ရက်မှ ၂၀ ရက်အထိ နေပြည်တော်တွင် ပြုလုပ်သွားမည် ဖြစ်သည်။ ဖွင့်ပွဲပိတ်ပွဲ အခမ်းအနားများကို ပြီးခဲ့သည့် ဆီးဂိမ်းကကဲ့သို့ပင် ၀ဏ္ဏသိဒိ္ဓအားကစားကွင်းတွင် ပြုလုပ်သွားမည်ဖြစ်ပြီး မီးရှူး၊ မီးပန်း ပစ် ဖောက်မှု မပြုသည်မှလွဲ၍ အခြားသော အစီအစဉ်များအားလုံး ထည့်သွင်းပြုလုပ်ရန် စီစဉ်ထားသည်။

ဦးတင့်ဆန်းက “မီးရှူး၊ မီးပန်း ပစ်ဖောက်တာကလွဲပြီး ကျန်ဖျော်ဖြေမှုတွေကို ဆီးဂိမ်းအတိုင်း ကျင်းပပေး သွားမှာပါ၊ တည်းခိုရေး၊ လုံခြုံရေးတွေကအစ ဘာမှ မပြောင်းလဲဘဲ ဖွင့်ပွဲပိတ်ပွဲကို ကျင်းပပေးမယ်”ဟု ဒီဇင်ဘာ ၂၄ ရက် ၀ဏ္ဏသိဒ်္ဓိ အားကစားကွင်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

ပြိုင်ပွဲတွင် အားကစားနည်း ၁၂ မျိုး ပါဝင်မည်ဖြစ်ပြီး စုစုပေါင်း အားကစားသမား ၁၁၂၁ ဦး ပါဝင်ယှဉ်ပြိုင် မည်ဖြစ်သည်။ မြန်မာနိုင်ငံက အားကစားသမား ၂၁၂ ဦးဖြင့် ပါဝင်ယှဉ်ပြိုင်ရန် ပြင်ဆင်ထားသည်။ အားပေးလိုသူများအနေဖြင့် ဆီးဂိမ်းဝင်ခွင့်ကတ် ပြုလုပ်ပြီးသူဖြစ်လျှင် ကတ်အသစ် ထပ်မံပြုလုပ်ရန်မလိုဟု သိရသည်။

Mizzima

0 comments:

Post a Comment