Monday, May 23, 2016

အမြင့်ဆုံးဆုငွေ ကျပ်သိန်း ၁၀၀၀၀ အထိ ရရှိမည့် ကျပ် ၅၀၀ တန် ထီလက်မှတ်စနစ် အစိုးရသစ် ရက် ၁၀၀ အတွင်း အကောင်အထည် ဖော်မည်

အမြင့်ဆုံးဆုငွေ ကျပ်သိန်း တစ်သောင်းအထိ ရရှိမည့် ထီတစ်စောင်လျှင် ကျပ် ၅၀၀ တန် အောင်ဘာလေထီစနစ် လုပ်ဆောင်ရန် အစိုးရအဖွဲ့ကို တင်ပြထားပြီး အစိုးရသစ် ရက် ၁၀၀ အတွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနပိုင် MOI Webportal Myanmar တွင် သတင်းထုတ်ပြန်ထားသည်။
 
ကျပ် ၅၀၀ တန် ထီစနစ်တွင် အမြင့်ဆုံးဆုငွေ ကျပ်သိန်း တစ်သောင်း၊ ကျပ်သိန်း ငါးထောင်၊ ကျပ်သိန်း တစ်ထောင်၊ ကျပ်သိန်းငါးရာ တို့အပြင် အနိမ့်ဆုံးဆုငွေ ကျပ်ငါးသောင်းအထိ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
 
ကျပ် ၅၀၀ တန် ထီစနစ်ကို ကျပ် ၂၀၀ တန် ထီစနစ်အတိုင်း လစဉ် ဖွင့်လှစ်သွားမည် ဖြစ်ပြီး လက်ရှိ ကျပ် ၂၀၀ တန် ထီအား တစ်လ လျှင် ထီစောင်ရေ သိန်း ၃၆၀ ကျော်အထိ ထုတ်လုပ် ရောင်းချသော်လည်း ကျပ် ၅၀၀ တန် ထီကိုမူ ယင်းပမာဏ၏ ထက်ဝက်ကျော်သာ ထုတ်လုပ် ရောင်းချမည်ဖြစ်ကြောင်းနှင့်  ကျပ် ၅၀၀ တန် ထီစနစ် လုပ်ဆောင်ရာတွင် လက်ရှိ ကျပ် ၂၀၀ တန် ထီစနစ်ကိုလည်း ဖျက်သိမ်းမည် မဟုတ်ဘဲ ဆက်လက် တည်ရှိနေမည်ဖြစ်ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲမှ သိရသည်။
 
ကျပ် ၅၀၀ တန်ထီကို ပြည်သူများ စိတ်ဝင်စားမည်ဟု ခန့်မှန်းထားပြီး လက်ရှိ အစိုးရအဖွဲ့ထံသို့ ယင်းကိစ္စကို တင်ပြထားပြီးဖြစ်ကြောင်းနှင့် ယခုနှစ်အတွင်း စတင်မည် ဖြစ်ကာ အစိုးရသစ် ရက် ၁၀၀ စီမံကိန်းအတွင်း အကောင်အထည် ဖော်သွားမည် ဖြစ်သည်။
 
လက်ရှိ ကျပ် ၂၀၀ တန် ထီစနစ်တွင် လစဉ် ထီရောင်းရငွေ၏ ရာခိုင်နှုန်း ၆၀ အဖြစ် ခွဲဝေပေးပြီး ရာခိုင်နှုန်း ၄၀ ကို နိုင်ငံတော်အခွန်အဖြစ် သိမ်းဆည်းခြင်းဖြစ်ကြောင်း၊ ကျပ် ၅၀၀ တန်ထီတွင် ယင်းစနစ်အတိုင်းသာ ထီဆုမဲ ခွဲဝေပေးရန် လောလောဆယ် ဆုံးဖြတ်ထားသော်လည်း အစိုးရအဖွဲ့က ပြင်ဆင်ပါက ယင်းအတိုင်းသာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
 
ကျပ်သိန်း ၁၅၀၀ အထိ ဆုချီးမြှင့်သည့် လက်ရှိ ကျပ် ၂၀၀ တန် ထီစနစ်တွင် ပြည်သူများအနေနှင့် ထီတစ်စောင်ကို ကျပ် ၄၀၀ အထိ ပေးကာ ကံစမ်းနေရပြီး ထီတစ်စောင်လျှင် ကျပ် ၅၀၀ ဖြင့် ကျပ်သိန်း တစ်သောင်း အထိပေးအပ်မည့် ထီစနစ်တွင် သတ်မှတ်တန်ဖိုးထက် အဆများစွာပေး၍ ကံစမ်းရမည့် အခြေအနေကို ပြည်သူများက စိုးရိမ်နေကြောင်း သိရသည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment