အလုပ်သမားနှင့် အလုပ်အကိုင်ဖူလုံရေးဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဌာနမှ ဦးစီး၍ အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေးအတွက် အလုပ်သမားကိုယ်စားလှယ်များနှင့် အလုပ်ရှင် ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲကို မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန် ဖိုးရာဇာလမ်းရှိ ကနောင်ခန်းမတွင် ဒီဇင်ဘာ ၂၄ ရက်က ပြုလုပ်ခဲ့သည်။
ထိုဆွေးနွေးပွဲသို့ တက်ရောက်လာသည့် သစ်တောနှင့်သတ္တုဝန်ကြီးဌာန၀န်ကြီး ဦးသန်းစိုးမြင့်က အလုပ် သမားကိုယ်စားလှယ်များနှင့် အလုပ်ရှင်ကိုယ်စားလှယ်များအား နှစ်ဦးနှစ်ဖက် လုပ်ကိုင်ဆောင်ရွက် ရာတွင် ရေရှည်ညှိနှိုင်းဆောင်ရွက်မှုများ ဖြင့် လုပ်ကိုင်စေလိုသည်ဟု တိုက်တွန်းခဲ့သည်။
ထိုဆွေးနွေးပွဲသို့ တက်ရောက်လာသည့် သစ်တောနှင့်သတ္တုဝန်ကြီးဌာန၀န်ကြ
ထို့အပြင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်ကလည်း “အနည်းဆုံး အခကြေးငွေ သတ်မှတ်ဖို့ ကော်မတီတွေဖွဲ့ပြီး စစ်တမ်းများ ကောက်ယူသွားမယ်၊ အနည်းဆုံး လုပ်ခ သတ်မှတ်ရာမှာ လူတစ်ယောက်ရဲ့ နေထိုင်စားသောက်စရိတ်ကို တွက်ချက်ပြီး အနည်းဆုံး အခကြေးငွေ ကို သတ်မှတ်မယ်”ဟု ပြောသည်။
Blue Bird Plastic လုပ်ငန်းရှင် ဒေါက်တာမျိုးဇော်ကမူ “စီးပွားရေးအရ အလုပ်ရှင်၊ အလုပ်သမားဆုံတွေ့ ရတာဆိုတော့ အကျိုးအမြတ်ကိုပဲ အခြေခံလာကြတယ်။ အဲဒီမှာ တရားမျှတဖို့တော့ လိုတယ်။ အလုပ် ရှင်တွေဘက် အရင်းရှင်စနစ် မကျင့်သုံးဖို့လည်း လိုတယ်။ ဒီပွဲကနေ အလုပ်ရှင်တွေအနေနဲ့ အထောက် အကူတွေ အများကြီးရသွားမှာပါ”ဟု ပြောသည်။
ထိုဆွေးနွေးပွဲသို့ ချမ်းမြသာစည်မြို့နယ်၊ အမရပူရမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ ကျောက်ဆည်မြို့နယ်၊ မုံရွာမြို့၊ စစ်ကိုင်း၊ ရွှေဘို၊ ကသာ၊ မြင်းခြံ၊ မိတ်္ထီလာ၊ ချမ်းအေးသာစံ၊ အောင်မြေသာစံတို့မှ အလုပ်ရှင် အလုပ်သမား ၃၀၀ ကျော် တက်ရောက် ဆွေးနွေးခဲ့သည်။
Mizzima
0 comments:
Post a Comment