Sunday, June 16, 2013

မလေးရှားပြန်မြန်မာများကို အနိမ့်ဆုံး လစာ ၁ သိန်းပေးပြီး အလုပ်ခေါ်မည်

၁၆.၆.၂၀၁၃၊ တနင်္ဂနွေနေ့

မလေးရှားမှာ အဆင်မေပြလို့ ပြန်လာတဲ့ မြန်မာနိုင်ငံသားတွေကို အနိမ့်ဆုံး လစာ ကျပ် ၁ သိန်းပေးပြီး အလုပ်ခေါ်မယ်လို့ ဦးအောင်ကိုကိုချို ပိုင်ဆိုင်တဲ့ “ထင်သီဟ” ကုမ္ပဏီက ကြေညာပါတယ်။

အလုပ်လာလျှောက်သူတွေဟာ မေလးရှားမှာ ဘာအလုပ်လုပ်ခဲ့တယ်၊ ပညာအရည်အချင်း ဘယ်လောက်ရှိတယ် စတဲ့ ကိုယ်ရေးအချက်အလက် ပြည့်ပြည့်စုံစုံပါတဲ့ CV ဖောင်နဲ့ ကုမ္ပဏီရုံးမှာ လာရောက်လျှောက် ထားနိုင်တယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ထင်သီဟကုမ္ပဏီဟာ ပြည်ပပို့ကုန်၊ သွင်းကုန်နဲ့ ကားလုပ်ငန်းကို အဓိက လုပ်ကိုင်တာ ဖြစ်ပြီး ခန့်မယ့်ဝန်ထမ်းတွေကို ဆိပ်ကမ်းရှင်းလင်းရေး၊ အရောင်းဝန်ထမ်းနဲ့ ကုမ္ပဏီဝန်ထမ်းတွေ အဖြစ် အလုပ်ခန့်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Ref & Credit : DVB Burmese

0 comments:

Post a Comment