
လောကကြီးမှာ ခေါင်းဆောင်ဆိုတာ လိုအပ်ပါတယ်။ နေရာတကာမှာပေါ့ဗျာ၊
ခရီးသွားရာမှာတောင် အဖွဲ့ခေါင်းဆောင်၊ ဘောလုံးအသင်းတွေမှာလည်း အသင်း
ခေါင်းဆောင်၊ကျေးရွာခေါင်းဆောင်၊
နိုင်ငံတော် အဆင့်ဆိုတော့လည်း နိုင်ငံ ခေါင်းဆောင်ပေါ့၊ ခေါင်းဆောင်ကောင်း
ရင် အများချမ်းသာပြီး ခေါင်းဆောင်ညံ့ရင် အများပျက်စီးဆုံးရှုံးရတယ်ဆိုတာ သက်
သေသာဓကတွေ အများကြီးပါပဲ။ ဒေ၀ ဒတ်အလောင်း (ခေါင်းဆောင်)ကြောင့်
လှည်းသားငါးရာသေကြေပျက်စီးရတယ်။ ဘုရားအလောင်း လှည်းမှူးကြီး (ခေါင်း
ဆောင်)ကြောင့် လှည်းသားငါးရာ အသက် ချမ်းသာပြီး စည်းစိမ်ဥစ္စာတွေရတယ်။
ဒါကြောင့် ခေါင်းဆောင်ဆိုတာ သိပ် အရေးကြီးတယ်လို့ပြောတာပေါ့။
တစ်ချိန်ကတော့ မြန်မာနိုင်ငံမှာ ခေါင်းဆောင်ဆိုတာ ပြည်သူက ရွေးချယ်
ပိုင်ခွင့် မရှိခဲ့ပါဘူး။ ကမ်္ဘာကြီးနဲ့ အတူ ခေတ်တွေစနစ်တွေပြောင်းလဲလာတဲ့
မြန်မာနိုင်ငံဟာ ခေါင်းဆောင်ဆိုတာ ပြည်သူကရွေး ချယ်လာရ မှာပါ။ လောက မှာ
ခေါင်းဆောင်တွေပေါပါတယ်။ဒါပေမဲ့ ခေါင်းဆောင်ကောင်းရှားတယ်နော်။
ခေါင်းဆောင် ကောင်းဟာ လမ်းကောင်း ကိုသိတယ်။ လမ်းမှန်ကိုသိတယ်။ လမ်း
ကောင်းလမ်းမှန်ကို သိမှလိုရာပန်းတိုင်ကိုချောချောမောမောရောယ်မယ်လေ။
တစ်ချို့ကလည်း ခေါင်းဆောင်ဖြစ်ချင်ကြတော့ဇွတ်အတင်းခေါင်းဆောင် နေရာကို ယူကြ
ဒီခေတ်မှာအပေါ ဆုံးကတော့ ““ဒီမိုကရေစီခေါင်းဆောင်””ဆိုတာတွေပါ ပဲ။
ဟိုနေရာကလည်းဒီမိုကရေစီခေါင်း ဆောင်၊ ဒီနေရာကလည်း ဒီမိုကရေစီ ခေါင်းဆောင်
တဲ့။လေပြေ လေးနဲ့ထွက် လာလိုက်၊ ယိုးဒယားကန်တော့ခန်းလေး နဲ့ ထွက်လာလိုက်၊
အင်္ဂလန်ကဘင်သံ လေးနဲ့ထွက် လာလိုက်၊ နတ်သံပြစ်လေးနဲ့ ထွက်လာလိုက် ဆိုတော့
ဦးပုညတေး ထပ်ထဲကလို ““ဘယ်ဇာတ်တော် လေမှန်း သိအခန်းခန်း
အထွေထွေများနိုင်ကြပေ””ဆိုတာကိုဖြစ်နေပြီ။ ဆရာမောင်သာရ စကားနဲ့ ပြောရရင်
““ညီအစ်ကိုမသိတသိ””အချိန်ကိုး။
ဒါပေမဲ့ပြည်သူကသိတယ်။ မသိဘဲ နေမလားဗျာ။ ပြည်သူဆိုတာကခေတ်
အဆက်ဆက်မှာရှင်ကြီး ၀မ်းလည်း ၀င်ခဲ့ပြီ။ ရှင်ငယ်ဝမ်းလည်းဝင်ခဲ့ပြီ။
““သုမနကျော မှာဒဏ်ရာတွေနဲ့ ဆိုတာလိုကျောကော့ အောင်ခံ
ခဲ့ရတဲ့ဒဏ်ရာဒဏ်ချက်တွေက ပျောက်မှမပျောက်သေးတာ။
ပြည်သူကဗိုလ်ချုပ်အောင်ဆန်းကို မမေ့သလို၊ ဂဠုန်ဦးစောကိုလည်း မမေ့
ပါဘူး။ပြီးတော့ ဟိုပုဂ်္ဂိုလ်ကြီး ကိုလည်းမ
မေ့ပါဘူး။ပြည်သူကကဗ္ဗည်းတင်ပါလိမ့်မယ်။ပြည်သူကသမိုင်းမှတ်တမ်းတင်ပါလိမ့်
မယ်။ဒီတော့ကိုယ့်ကိုကိုယ် ခေါင်းဆောင် တံဆိပ်ကပ်ရုံနဲ့တော့
ခေါင်းဆောင်ဖြစ်မ လာနိုင်ပါဘူး။ တကယ် သာ ပြည်သူအတွက်
အလုပ်လုပ်ပါ။စွန့်လွှတ်အနစ်နာခံပါ။ ခေါင်းဆောင်တင်မှာ အသေအချာပါ။
ခေါင်းဆောင် ဖြစ်မှာအသေအချာပါ။
ခေါင်းဆောင်ဆိုတာလည်း အမျိုး မျိုးရှိတာပေါ့နော်။ ခေါင်ဆောင်ပြေး၊ ခေါင်းဆောင်လေး၊ခေါင်းဆောင်ပေါ့၊
ခေါင်းဆောင်ရူး၊ ခေါင်းဆောင်မူး၊ ခေါင်း ဆောင်မာ၊ ခေါင်းဆောင်ပျော့၊
ခေါင်း ဆောင်တင်း၊ ခေါင်းဆောင် လျော့ ၊ ခေါင်းဆောင်ဖျင်း၊
ခေါင်းဆောင်ပျင်း၊ ခေါင်းဆောင်ညံ့၊ ခေါင်းဆောင်ပျက်၊ ခေါင်းဆောင်ညာ၊
ခေါင်းဆောင်ကြောက်၊ ခေါင်းဆောင်လွဲ၊ ခေါင်းဆောင်ချော်၊ ခေါင်းဆောင်ရှော်၊
ခေါင်းဆောင်ကြွား၊ ခေါင်းဆောင်မှား၊ တဲ့။ အံမလေးများမှ
များဗျာ။ဒီလိုလူမျိုးတွေကိုများ ခေါင်း ဆောင်တင်မိလို့ကတော့ သွားရော။
ဒီတော့ ကျွန်တော်တို့လိုပြည်သူတွေ ကလည်း ခေါင်းဆောင်ရွေးရမဲ့အချိန်အခါ ကို
ရောက်နေပါပြီ။ အဓိက ကတော့ ကျွန်တော်တို့ပြည်သူတွေကိုက အရည်
အချင်းပြည့်ဝနေဖို့လိုအပ်ပါတယ်။ ဘယ် လိုလူမျိုးကိုခေါင်း ဆောင်တင်ရမှာလဲ။
ခေါင်းဆောင်တင်မြောက်သင့်သလဲဆို တာ ကွဲကွဲပြားပြား နားလည်ထားရမှာပါ။
ခေါင်းဆောင်ကောင်းဆိုတာ တစ် ခေတ်မှာ တစ်ယောက်ပေါ်ထွက်လာတတ် ပါတယ်။
ဒီတော့ခေါင်း ဆောင်ကောင်းရ ဖို့ရာအတွက် ခေါင်းဆောင်မတင်မြှောက်
ထိုက်သူတွေအကြောင်းလည်း သိထားရ မှာပါ။ခေါင်းဆောင်မတင်မြောက်ထိုက်သူ
(၆)မျိုးရှိပါတယ်။အဲဒီ (၆)မျိုးကတော့ ကဏန်း၊ ပုတ်သင်၊ ကိုင်းပင်၊ နွားသိုး၊
လိပ်မျိုး၊ ခွေးအပါတဲ့ဗျာ။
အဲဒီ(၆)မျိုးထဲက တစ်မျိုးစီကို အကျယ်ချဲ့ ပြောရရင်တော့
(၁) ကဏန်း ကဲ့သို့အမြဲလက်မထောင်လေ့ရှိသူတဲ့ မြန်မာနိုင်ငံရေးသမိုင်းမှာ
သူများတွေ လုပ်တာမှန်သမျှ အပြစ်တင်ငါလုပ်မှ အဟုတ် ငါသာအမှန်ငါသာအတော်ဆုံး
လို့ လက်မထောင်တတ်တာ ငါ့ပါတီလောက် ကောင်းတာ မြန်မာနိုင်ငံမှာ မရှိဘူးဆိုတဲ့
သူဘယ်ပုဂ်္ဂိုလ် မျိုးလဲဆိုတာတော့ကိုယ့်ဘာသာ တွေး ကြည့်ပေါ့ဗျာ။
(၂) ပုတ်သင်ကဲ့သို့ သူတစ်ပါးပြော သမျှ ခေါင်းညိတ်တတ်သူတဲ့။ကဲ စဉ်းစား
ဥာဏ်မရှိအရင်ပြောတဲ့လူ စကားအမှန်ပဲ။ ကိုယ်အရည်အချင်းမရှိတော့ သူတစ်ပါး
ပြောသမျှ နားလည်သယောင်နဲ့ ခေါင်းညိတ်
တတ်တယ်လေ။အဲဒီလိုပုဂ်္ဂိုလ်မျိုးကိုလည်း
ခေါင်းဆောင်မတင်မြောက်ထိုက် ပါဘူးတဲ့ဗျာ။
(၃) ကိုင်းပင်ကဲ့သို့ တောင်လေလာ တော့ မြောက်ကိုယိမ်း မြောက်လေသိမ်း တော့
တောင်ကိုပါလေယူရာ ယိမ်းတတ် တဲ့ ပုဂ်္ဂိုလ်မျိုးကိုလည်း ခေါင်းဆောင်မ
တင်မြောက်ထိုက်ပါဘူးတဲ့ဗျာ။
(၄) နွားသိုးကဲ့သို့ရှုးရှုးဒိုင်းဒိုင်း ပြုမူ ၍စိတ်တိုတတ်သူတဲ့
လက်နက်အားကိုး ပြီး ဒေါတသကြီး တုန့်ပြန် တတ်တာ ကမ္ဘာ့သမိုင်းမှာ
အများကြီးပါဗျာ။မကြာခင်ကပဲဖြစ်ပျက်ခဲ့တဲ့ လစ်ဗျားနိုင်ငံ က ကိုဂရာဖီတို့၊
ကိုဆက်ဒန်တို့ကို ကြည့် ပေါ့ဗျာ။
(၅) လိပ်မျိုး-လိပ်ကဲ့သို့ကိုယ်ဘက် ကိုယက်တတ်သူတဲ့ တိုင်းပြည်ဘဏ္ဍာ
ကိုယ့်ဟာမှတ်လို့ တပြုံးပြုံးသုံး စမ်းဟ၊ ဖိလစ်ပိုင်က မားကို့(စ်)လို
ပုဂ်္ဂိုလ်မျိုးပြော တာပါ။ သူတို့မှာတော့ မီလျှံနာ၊ ဘီလျှံ နာ၊ စီလျှံနာ၊
ဒီလျှံနာ တွေဖြစ်လို့ တိုင်း ပြည်နှင့်ပြည်သူတွေမှာတော့ ဘာနာတွေ
ဖြစ်ကုန်မှန်းကိုမသိ တော့ပါဘူး။ အဲဒီလို လိပ်မျိုးကိုလည်း ခေါင်းဆောင်မတင်
မြောက်ထိုက်ပါဘူးတဲ့။
(၆) ခွေးအ- ခွေးအကဲ့သို့ စားဖိုးနင့် အောင်စားပြီး ဇိမ်ခံတတ်သူတဲ့ ကမ္ဘာမှာ
တော့ စားဖိုးနင့်ကုန်ကြတာ များလှပေါ့။ အရင်နေ့ကတော့ သမ္မတ၊ ဟောလက်ရှိ အချိန်
မှာတော့လာဒ်စားမှုတွေအလွဲသုံး စားမှုတွေနဲ့ တရားရုံးမှာရင်ဆိုင်နေကြရ၊ သြော်
သင်္ခါရ သင်္ခါရ မြန်မာမှာကတော့ ဒါမျိုးမရှိပါဘူးနော်။ကဲ...အကြီးအကဲ
ခေါင်းဆောင်မတင်မြှောက်ထိုက်သူတွေ အကြောင်း သိသွားပြီ။ဒီတော့အကြီးအကဲ
ခေါင်းဆောင်တင် မြှောက် ထိုက်သူဟာ အဲဒီ(၆)မျိုးသော မှတ်ကျောက်နဲ့ တိုက်
လိုက်ရင်ရပြီပေါ့ဗျာ။
မြန်မာပြည်သူတွေဟာ တစ်ချိန်က လိုခလုပ်နှိပ်မှ လှုပ်ရှားတတ်တဲ့ စက်ရုပ် တွေ၊
ကြိုးဆွဲမှကတတ်တဲ့ ရုပ်သေးရုပ်တွေ မဟုတ်ကြပါဘူး။ ကိုယ်ပိုင်ဥာဏ်၊ ကိုယ်
ပိုင်အတွေးနဲ့ ရွေးချယ်ရပါတော့မယ်။ ဒီမိုကရေစီ စင်မြင့် မှာတော့ ရသေ့ရှစ်
သောင်း ဇာတ်ခင်းနေလေပြီ။ ဘာဇာတ် ပဲခင်းခင်း သိကြားရှင်းရင် တော့လင်းသွား
မှာပါ။ ဒီတော့ ကျွန်တော်တို့ ပြည်သူတွေ တာဝန်ကျေကြဖို့၊
အရည်အချင်းရှိကြဖို့၊ သတိ္တရှိကြဖို့၊ အလုပ်လုပ်ကြဖို့လိုပြီ။ ပြည်သူသာအမိ
ပြည်သူသာအဖ ““မိဘ ပြည်သူ””လို့ဆိုသမို့လားဗျာ။
ဆေးတန်သား(မန္တလေး)
Hotnews
0 comments:
Post a Comment