
ဆီးဂိမ်းဘောလုံးပြိုင်ပွဲ အုပ်စု (ခ)ပွဲစဉ်အဖြစ် မြန်မာအသင်းနဲ့ အရှေ
့တီမော အသင်းတို့သည် ဒေသ စံတော်ချိန် ၆း၄၅ မှာရန်ကုန် သုဝဏအားကစားကွင်းတွင်
ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ နှစ်သင်းစလုံး အတွက် အရေးကြီး
သည့်ပွဲစဉ်ဖြစ်တာ နဲ့အညီ တစ်သင်းနဲ့တစ်သင်းအပြိုင်အဆိုင် တိုက်စစ်ဆင် ကစား
ခဲ့ကြတာကိုစိတ်လှုပ်ရှား ဖွယ်မြင်တွေ့ ခဲ့ရပါတယ်။ မြန်မာအသင်းသည်
ပွဲစသည်နှင့် ဂိုးရရှိရေး ထိုးဖောက် တိုက်စစ်ဆင်မှုတွေရှိခဲ့ပါတယ်။
ပွဲကစားချိန် (၁၀)မိနစ်အတွင်းမှာ ကြည်လင်း နှင့် နေလင်းထွန်းတို့
ဦးဆောင်ဂိုးရရှိရေး အခွင့်အရေးရရှိခဲ့သော်လည်း ကန်ချက်မကောင်းခဲ့၍
ဂိုးအဖြစ်ဖန်တီးနိုင်ခဲ့ခြင်း မရှိမှု ကြောင့် အိမ်ရှင် အသင်းအတွက်
နစ်နာရပါတယ်။ မြန်မာအသင်းအတွက် ဦးဆောင်ဂိုးကိုတော့ အသင်း ခေါင်းဆောင်
ကျော်ဇေယျာဝင်းမှ ပွဲကစားချိန် (၁၃) မိနစ်ခန့်လောက်မှာ တီမောဂိုးရှေ
့တွင်ရရှိခဲ့သည့် ပြစ်ဒဏ်ဘောမှတဆင့် တိုက်ရိုက် ကန်သွင်းပြီး
ဦးဆောင်ဂိုးရယူနိုင်ခဲ့ပါတယ်။ မြန်မာအသင်းသည် ဦးဆောင်ဂိုးရပြီးနောက်
အခွင့်အရေး အများအပြားရခဲ့ပြီး တိုက်စစ်မှုးများ၏ ဂိုးပေါက်ပျောက်မှု၊ တကိုယ်
ကောင်းဆန်နေမှုတွေကြောင့် အနိုင်ဂိုးတွေမရခဲ့ခြင်းမျိုးကို တွေ့ရပါတယ်။
ကွင်းလယ်ပိုင်းထူးခြားမှု မရှိဘဲ ဒေးဗစ်ထန်း၏ လှုပ်ရှား ကစားမှုအပိုင်း
သိပ်မပေါ်လွင်နိုင်ခဲ့ပါဘူး၊ အရှေ့ တီမောအသင်းကတော့ မြန်မာ အသင်းကို
အမြင့်ကန်တင်ဘောအသားပေး ကစားသွားခဲ့ပြီး၊ ဂိုးရှေ့ ဖြတ်တင်ဘောများဖြင့်
ခြိမ်းခြောက် ကစားခဲ့ပါတယ်။ ဒါကြောင့်လည်း ပွဲချိန် (၃၆)မိနစ်မှာ
ညာတောင်ပံမှ ဖြတ်တင်မှုကို ပိတ်သွင်းနိုင်ခဲ့ပါတယ်။ ထိုပိတ်သွင်းမှုကို
ဂိုးသမားပြည့်ဖြိုးအောင် ပုတ်ထုတ် ကာကွယ်နိုင်ခဲ့သော်လည်း
ကျလာတဲ့ဘောလုံးကို မြန်မာနောက်ခံလူ ထပ်မံရှင်းထုတ်နိုင်ခြင်း
မရှိတာကြောင့်၊ တီမောရှေ့တန်းမှ အသာအယာသွင်းယူခဲ့ပြီး ချေပဂိုးရ
ယူသွားနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ယနေ့ပထမပိုင်း မြန်မာအသင်းကစားကွက်
သေချာထိထိမိမိ မရှိတာ ကိုတွေ့မြင်ရပြီး၊ အထူးသဖြင့်
ရှေ့တန်းတိုက်စစ်မှုးများ၏ အဆုံးသတ်ပိုင်းအားနည်းမှုက တီမော အသင်းကို
ပွဲအပြီးမှာ တစ်ဖက်တစ်ဂိုးစီးနဲ့ သရေရလဒ်ဖြစ်စေခဲ့တယ်လို့
ထင်မြင်သုံးသပ်မိပါတယ်။
ဒုတိယပိုင်းပြန်အစတွင် မြန်မာကွင်းလယ် နှင့် တိုက်စစ်မှုးများ
တစ်ဦးနဲ့တစ်ဦး နားလည်မှု အားနည်းမှု ကြောင့်
အပေးအယူလွဲချော်မှုများကိုတွေ့ရပါတယ်။ တီမောအသင်းကလည်း အပြန်အလှန်တိုက်စစ်
ဆင်မှုတွေ ပြုလုပ်ခဲ့ပြီး ပွဲကစားချိန် (၅၃) မိနစ်မှာ ကြည်လင်းကြောင့်
တီမောအသင်းမြန်မာအသင်းဂိုးရှေ့ မှာ ဖရီးကစ် ကန်ခွင့်ရပါတယ်။ ထိုဖရီးကစ်ကို
တီမောအသင်းမှ တီအာဂိုက အကောင်းဆုံးကန်သွင်း ယူခဲ့သော်လည်း မြန်မာဂိုးသမား
ပြည့်ဖြိုးအောင်က အကောင်းဆုံးလက်စွမ်းပြ ပုတ်ထုတ်နိုင်ခဲ့ပါတယ်။
ယနေ့ပွဲစဉ်မှာလည်း ပြည့်ဖြိုးအောင်တစ်ယောက် အရှေ့ တီမောအသင်း၏
ဖြတ်တင်ဘောများကို အကောင်းဆုံး ပုတ်ထုတ်ကာကွယ်နေရတာကို မြင်တွေ့ရပါတယ်။
နည်းပြကြီး ပတ်ဆောင်ဟွာက ဒုတိယ ပိုင်း အားမပါလှတဲ့ ကစားကွက်ကို
လူစားလှဲမှုတစ်ရပ်ပြုလုပ်ပြီး ပြောင်းလဲကစားစေခဲ့ပါတယ်။ ဒေးဗစ်ထန်း နေရာမှာ
သိန်းသန်းဝင်းကို အစားထိုးကစားစေခဲ့ပြီး အနိုင်ရရှိရေး
ကြိုးစားကစားလာပါတယ်။ မြန်မာ အသင်း၏ အနိုင်ဂိုးကိုတော့ ပွဲချိန်
(၆၈)မိနစ်မှာ ကြည်လင်းကြောင့်ရခဲ့တဲ့ ပင်နယ်တီ ပြစ်ဒဏ်ကနေ ကျော်ကိုကို
အမှားအယွင်းမရှိ ကန်သွင်းယူနိုင်ခဲ့ပါတယ်။ ထို့နောက်မှာလည်း
ကစားကွက်ပိုမိုကောင်း လာခဲ့ပြီး၊ ထပ်မံလူစားလှဲမှုတရပ်အဖြစ်
ကျော်ဇေယျာဝင်းနေရာမှာ ရန်အောင်ဝင်းကို ထည့်သွင်းခဲ့၊ ကျော်ကိုကို
ကိုအသင်းခေါင်းလက်ပတ်လွဲပေးခဲ့ပြီး မြန်မာအသင်း လက်ရှိအနိုင်ရရှိနေမှုကို
ထိန်းသိမ်း ကစားခဲ့ပါတယ်။ ထို့နောက်မှာတော့ ပွဲချိန် (၇၇) မိနစ်မှာ
ယနေ့ပွဲအတွက် အကောင်းဆုံးတိုက်စစ်ဆင် နေကြတဲ့ ကျော်ကိုကိုဖန်တီးပေးမှုကတဆင့်
ကြည်လင်းအကောင်းဆုံး အဆုံးသတ်ဂိုးကို လှလှပပ သွင်းယူနိုင်ခဲ့တာကြောင့်
မြန်မာအသင်း ပြိုင်ဘက်အသင်းကို ၂ ဂိုးအသာနဲ့အနိုင်ရရှိနေခဲ့ပါတယ်။ ပွဲအပြီး
မှာတော့ အိမ်ရှင်အသင်းက ဒုတိယပိုင်းအနိုင်ဂိုးများနှင့်အတူ
အနိုင်ရလဒ်စွမ်းဆောင်ခဲ့ပြီး (၃) ဂိုး တဂိုးဖြင့် အနိုင်ရရှိခဲ့ကာ
အုပ်စုဇယား၏ ထိပ်ဆုံးမှာရပ်တည်နေနိုင်ခဲ့ပါတယ်။
ယနေ့ပွဲစဉ်မှာ မြန်မာပရိတ်သတ် ၁သောင်း ၉ထောင်နီးပါး တခဲနက်လာရောက် လာပေးခဲ့ကြတာပါ။
ပွဲအပြီးမှာ မီဒီယာများ၏ မေးမြန်းမှုတွေအရ အရှေ့ တီမော အသင်းခေါင်းဆောင်က
ပင်နယ်တီပေးခဲ့ရမှု အပေါ် မပေးသင့်ဘူးလို့ထင်မိကြောင်း
အကောင်းဆုံးကစားခဲ့ကြောင်းပြောကြားထားတာကိုတွေ့ရပါတယ်။ မြန်မာအသင်းမှ
ဇော်မင်းထွန်းကို မေးမြန်းရာမှာတော့ ဒုတိယပိုင်းမှာ တစ်ယောက်နဲ့တစ်ယောက်
အမှား အယွင်းမရှိအောင် သေချာကစားနိုင်ခဲ့ပါတယ်။ အရပ်အမောင်းကြောင့်
လူကပ်ကစားရတာ ခက်ခဲ့တယ် လို့လည်း နောက်ခံလူ ဇော်မင်းထွန်းမှ
ပြောကြားခဲ့ပါတယ်။ေ ကျာ်ကိုကိုကတော့ "ဒီနေ့ကစား သွားတာ
အရမ်းကောင်းပါတယ်။တချို့အမှားတွေရှိပေမဲ့ အကောင်းဆုံးကြိုးစား
ကစားခဲ့ကြတယ်လို့ မှတ်ချက်ပြုရမှာ ပါ။ ထိုင်းအသင်းကိုတော့
အနိုင်ကစားနိုင်မယ်လို့ထင်ပါတယ်။ ပင်နယ် တီပေးတာ ကတော့ အိမ်ရှင်
အားသာချက်မျိုးရှိခဲ့တာလို့လည်းပြောလို့ရပါတယ်။ ဒိုင်ဆုံးဖြတ်ချက်
အပေါ်မှုတည်ပါတယ် သူ့ဆုံးဖြတ်ချက် ကြောင့်လည်း
ထပ်ကံကောင်းခဲ့ရတယ်လို့ပြောရမှာပါ" ။ မြန်မာအသင်းသည် လက်ကျန်
အုပ်စုနောက်ဆုံးပွဲ နှစ်ပွဲအဖြစ် ဒီဇင်ဘာ (၁၄) မှာထိုင်း နဲ့ (၁၆)
ရက်နေ့တို့မှာအင်ဒိုနီးရှား အသင်းတို့နဲ့ ဆက်လက်ယှဉ်ပြိုင်
ကစားမည်ဖြစ်ပါတယ်။
0 comments:
Post a Comment