ရန်ကုန်တိုင်း ဒေသကြီး မြောက် ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် ပေါက် ကုန်း
ရပ်ကွက် ဝါယာ လက်ဈေး တွင် စနေ နံနက် ၉ နာရီ ခွဲခန့်က ကျပ် ၅ဝဝဝ တန်ငွေ
စက္ကူ အတုဟု ယူဆရ သည့် ငွေစက္ကူ များကို ကျပ် ၁ဝဝဝ တန် ငွေ စက္ကူ နှင့်ဝါယာ
လက် ဈေးအတွင်း လာရောက် လဲလှယ် သုံးစွဲ နေကြောင်း သတင်းရ ရှိ၍ မင်္ဂလာဒံ
ုမြို့နယ် မြို့မရဲ စခန်းမှ စခန်းမှူး ဒုရဲမှုး ဝင်းမြင့် နှင့်အဖွဲ့က
သွားရောက်စုံ စမ်းစစ် ဆေးခဲ့ သည်။
ထိုသို့ စစ်ဆေး ရာ မစန်းဋ္ဌေး အသက် (၃၅) နှစ် အမှတ်(၄၇) ပိတောက် လမ်းပေါက်ကုန်း အပိုင် (၁၃) ဝါယာ လက်နေ သူက ဝါယာ လက်ဈေး အတွင်း ကျပ် ၅ဝဝဝ တန်ငွေ စက္ကူ များနှင့် ဈေးလိုက်လံ လဲလှယ်ဝယ် ယူခဲ့ ကြောင်း၊ ၄င်းဝယ်ယူ ခဲ့သည့် ဈေးဆိုင်များမှ ကျပ် ၅ဝဝဝ တန်ငွေ စက္ကူခြောက်ရွက် သိမ်းဆည်း ရမိခဲ့ ကြောင်း၊ ထို့နောက် ၄င်း၏ နေအိမ် ကို ဆက်လက်ရှာ ဖွေခဲ့ရာ ကျပ် ၅ဝဝဝ တန် ငွေစက္ကူ တစ်ရွက် ထပ်မံ သိမ်းဆည်း ရမိခဲ့ ကြောင်းသိရ သည်။
အဆိုပါ ကျပ် ၅ဝဝဝ တန် ငွေစက္ကူ များကိုငွေ အတု ဖြစ်ကြောင်း အတည်ပြု နိုင်ရန် အင်းစိန်မှု ခင်းရဲ တပ်ဖွဲ့သို့ ဆက်သွယ် ခဲ့ပြီး ရဲအုပ် ဇော်နိုင်ဝင်း လာရောက် စစ်ဆေး ခဲ့ရာ ငွေအတု ဖြစ်ကြောင်း စစ်ဆေးတွေ့ ရှိ၍ သက်သေ များရှေ့မှောက်တွင် ရှာဖွေ ပုံစံဖြင့် ငွေစက္ကူ အတုများကို သိမ်းဆည်းပြီး မင်္ဂလာဒုံမြို့မ ရဲ စခန်းတွင် အမှုဖွင့် အရေး ယူနိုင်ရန် စီစဉ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
The Union Daily
0 comments:
Post a Comment