လွန်ခဲ့သော
နှစ် ၅၀ ခန့်  (ခန့် မှန်းခြေသာ ) .. မြစ်ဝကျွန်းပေါ်ဒေသ ဧရာဝတီ တိုင်း ၊
(အင်းရဲ ကြီး - အင်းရဲလေး ) ကြားရှိရွာလေး တစ်ခုဖြစ်ပြီး ငါးများပေါများစွာ
ထွက်ရှိရာ ရွာလေးဖြစ်ပါသည်…
ထို
ရွာတွင် တောင်ယာ စိုက်ပျိုးလုပ်ကိုင်သူများလည်း ရှိပါသည်.. ထိုရွာတွင်
ကိုဖိုးမောင်တို့  ဇနီးမောင်နှံ ကို တော့ ၄င်းတို့ ရွာ၏ စံပြဇနီး မောင်နှ
ံဟု ပြောစမှတ်ပြုကြပါသည်…
အဘယ့်ကြောင်းနည်းဟု
ဆိုသော် သူတို့ ဇနီးမောင်နှံသည် “မောင်တစ်ထမ်း မယ်တစ်ရွက် ”ဟုသော
စကားပုံနှင့်အညီတဦးကိုတစ်ဦးချစ်ခင်ပြီးအလုပ်ကိုကြိုးစားပမ်းစားလုပ်ကိုင်ကြသောကြောင့်ဖြစ်သည်..။
ကိုဖိုးမောင်မှာ
တောင်ယာများစိုက်ပျိုးထွန်ယက်ပြီးချိန် တွင် အင်းရဲကြီးသို့ သွားပြီး ..
ဖိုးစံမှတ် ဟု နာမည်ကြီးသော အင်းတွင် သွားရောက် အလုပ်လုပ်ကိုင်ပါသည် …
(ဖိုးစံမှတ် ( တစ္ဆေများအား ငါးဖမ်းခိုင်းသူ ) အကြောင်းကို
အလျင်းသင့်လျင်ဖော်ပြပေးသွားပါမည် .. ။ ) ဆက်ကြရအောင် … ကိုဖိုးမောင်သည်
လယ်ယာရိတ်သိမ်းချိန်တွင်ရွာ ကို ပြန်လည်၍ ရောက်ရှိလာပြီး လယ်ရိတ်သိမ်းပါသည်
..။
ထိုသို
့ကိုဖိုးမောင် အင်းရဲကြီးသို့ သွားချိန်တွင် သူ၏ ဇနီးမှာ ဘေးအိမ်ရှိ
အပျိုကြီး တို့ ညီအစ်မတို့ အိမ်တွင် ယက်ကန်း ခက်သော အလုပ်ကို
လုပ်ကိုင်ပါသည်.. ။
ထိုကဲ့သို့  နေထိုင်လာခဲ့သည်မှာ လက်ထပ်ပြီး ၃ နှစ်ကြာသည် အထိ ရှိပြီဖြစ်သည်…။
ကိုဖိုးမောင်နှင့်
ကျနော် ခင်မင်သည်မှာ လည်း ၂ နှစ်ခန့် ရှိပြီ ဖြစ်ပြီး အင်းတွင်
အလုပ် လာရောက် လုပ်ကိုင်ရင်း ညီအကို သမျှ ခင်မင်ရင်းနှီးမိခြင်းဖြစ်သည် …
ကျနော် က တော့ အင်းရဲလေးဘက် မှာနေထိုင်တာပါ …
လယ်ယာရိတ်သိမ်း
ချိန် သို့ ရောက်ရှိလာချိန် တွင် ကို ဖိုးမောင် သည် ရွာပြန်ဖို
့အကြောင်းဖန်လာခဲ့ ပါပြီ… ကျနော် ကတော့ လူပျို လူလွတ်မို့  ရွာ မပြန်ဘဲ
ကိုဖိုးမောင်တို့ ရွာကို အလည်လိုက်ခဲ့ပါသည် …
ထိုရွာကလေးသည်
အတော်ကို သာယာပါသည် .. ရွာထိပ်တွင် လူငါးယောက်ဖက်စာလောက်ရှိသော
ပညောင်ပင်ကြီး တစ်ပင်ရှိပြီး နွယ်ပင်ကဲ့သို့ သော အမျှင်များ ထူထပ်စွာ
ကျရောက်နေပါသည် …
ကိုဖိုးမောင်၏ဇနီးနာမည်မှာ
မယ်မှုံဖြစ်ပြီး ရုပ်ရည် မှာ ရွက်ကြမ်းရေကျို ရုပ်ရည်မျိုးဖြစ်ပြီး
ခန္ဓာကိုယ် တည်ဆောက်ပုံကတော့ အချိုးကျလှပါသည် ..။
ကိုဖိုးမောင်တို
့ရွာကိုရောက်ပြီး ၂ ရက်ခန့် အကြာ ထိုနေ့ ကလပြည့်ည..
အိုက်စပ်စပ်နှင့်ခြင်များ ကလည်း ကိုက်လှသည်… အချိန်ကတော့
သန်းခေါင်ကျော်ကျော် မိုးမလင်း တလင်းလောက်ရှိပြီထင်… အင်း အိမ်ရှေ
့ကွက်ပျစ်လေးတွင် သွားရောက်ထိုင်ပြီး ဆေးလိပ်ဖွာရန် နောက်ဖေး မီးချောင်သို
့မီးခြစ်သွားအယူ… ကိုဖိုးမောင်တို့ အိပ်ခန်းကို အမှတ်တမဲ့ကြည့်လိုက်မိသည်
..
အား……လာ..လားးးးးးးးးးး
ကိုဖိုးမောင်သည်.. ခေါင်းမရှိ ခန္ဓာ ကိုယ်ကြီးကို ဖတ်ပြီး အိပ်နေပါလား…..
ကျနော့် ခေါင်းရှိ ဆံပင်မွှေးများ ထောင်သွားပြီး ကြက်သီးများဖျဉ်း ခနဲ
ထသွားပါသည် ….
ကျနော့
အတွက် တော်တော့်ကိုတုန်လှုပ်နေပါသည် .. ဒီရွာမှ ထွက်ပြေးလျှင်ကောင်းမလား….
အင်း… လမ်းမှာ ခေါင်းပြတ်နေတဲ့ “ ချီးစားစုန်းမ နဲ့ တွေ့ ရင် ”
မဖြစ်သေးပါဘူး ကိုဖိုးမောင် ကို နှိုးမှ ဖြစ်မယ် …
“ကိုဖိုးမောင်…ဟေ့လူ
ထထ … ခင်ဗျား မိန်းမကို ကြည့်ပါဦး …. ” ကိုဖိုးမောင် လန့် သွာပြီး
ထပြေးပါသည် …ပြီးတော့ ကျနော့် ကိုဘယ်လိုလုပ်ကြမလဲ ဟုမေးသည် …
ထိုမိန်းမ၏ခေါင်းမှာ ပြတ်သွားသလိုမျိုး
တုံးတိကြီးဖြစ်ပြီး…သွေးတော့မှမရှိပေ..
ကျနော်
စဉ်းစားမိတာ တခုရှိပြီ… ကျနော် မီးဖိုချောင်ထဲသို့ ဝင်သွားပြီး
တရော်ကင်ပွန်း ခေါင်းလျှော်ရည် စိမ်ထားသော ဇလုံကြီး ကို ၄င်း မိန်းမ
အနားသို့ ယူလာပြီး တရော်ကင်ပွန်းများ သုတ်လိမ်းလိုက်ပါသည် ..
ထိုအချိန်တွင်
စူးဝါးစွာအော်သံကို အိမ်အနောက်ဖက် မန်ကျည်းပင်အောက်မှကြားလိုက်ရပြီး ..
ကျနော် ဆင်းကြည့်လိုက်တော့ … မီးလုံးကြီးတစ်လုံး လေပေါ်မှာ ပျံလာတာကိုတွေ
့လိုက်ရတယ် … ကျနော်လည်း ကြောက်ပြီး အိမ်ပေါ်ကိုတက်ပြေးပြီး ကိုဖိုးမောင်ကို
ပြောပြပါတယ် … ထိုမီးလုံးကြီးမှာ … အိမ်ထဲသို့ မဝင်ဘဲ အိမ်တံခါးဝမှာ
တဝဲလည်လည် လုပ်နေပါတယ်…. ကျနော်နှင့်ကို ဖိုးမောင် အတင်းပြေးဆင်းပြီး
အော်ပါတော့သည် …. ထိုအချိန်တွင် ဘေးအိမ်မှလူများ
နိုးလားကြပြီးကြည့်ကြပါတော့သည်…
ချီးစားစုန်းမ
မှာ ၄င်း၏ ခန္ဓာကိုယ် တွင် တရော်ကင်ပွန်းများ သုတ်လိမ်းထား၍
တပ်မရဘဲဖြစ်နေပါသည်… အိမ်ရှေ့  နှင့် အိမ်ပြင် တွင်
၎င်းမီးဝင်းဝင်းတောက်နေသော ခေါင်းပြတ်ကြီးမှာ
ဝင်လိုက်ထွက်လိုက်နှင့် ရှိနေပါသည် ..။
မိုးလည်းလင်းတော့မည်
…. ဘေးမှသူများက ဂရုဏာ သက်ဝင်လာပြီး ထိုသုတ်လိမ်းထားသော တရော် ကင်ပွန်း
များ ကို သုတ်ပေးရန်ပြောလာကြပါသည် … ထိုရွာသားများထဲမှ သတ္တိ
ခပ်ကောင်းကောင်း ယောကျာင်္း ၃ယောက်ခန့်  က ထို စုန်းမ ကို
မောင်းထုတ်ပြီးအိမ်ပေါ်သို့  တက်ရောက်ကာသုတ် လိမ်း ထားသော တရော်ကင်ပွန်း
များကို အဝတ်တခုဖြင့် ဖယ်ရှားပေးလိုက်ပါသည် ..
ထိုအခါ ကျမှ ၄င်းစုန်းမသည် … သူက ခန္ဓာကိုယ်တွင် ပြန်လည်တပ်ဆင်၍ ရသွားပါသည် ..
ကိုဖိုးမောင်လည်း ထိုမိန်းမကို ဆက်မပေါင်းဝံ့တော့ဘဲ…ကျနော်တို့ ရွာကို အပြီးလိုက်လာပါတော့သည် ..
နောက်ပိုင်းကြားရသော
သတင်းများအရ ထိုရွာမှ သူများက သူတို့ ၏ ကလေးများကြောက်လန့်မည်
စိုးသောကြောင့် ရွာ အပြင်သို့ မောင်းထုတ်လိုက်ကြောင်း ကြားသိရပါသည် …။
ထိုဖြစ်ရပ်သည်
အဖွား ၁၆ နှစ်သမီး အရွယ်တွင် အဘိုး(အဖွား၏အဖေ) ပြောပြခဲ့ဖုးသော သူတွေ
့ကြုံခဲ့ ဖူးသော ချီးစားစုန်း မ တစ်ယောက် အကြောင်းဖြစ်ပါသည် ..။
ယခုအဘွားသည်အသက် (၇၀) ဝန်းကျင်ခန့် ရှိနေပါပီ … ။
Zuu
Today Myanmar

0 comments:
Post a Comment