Thursday, December 26, 2013

မောင်ကိန်းရွှေဆိုင်သေနတ်ပစ်ဖောက်လုယက်သူကိုစစ်ဆေး လောက်ကိုင်မြို့နေကိုးကန့်လူမျိုးကျောက်ဝယ်ရောင်းသူဖြစ်ကြောင်းသိရ

ယမန်နေ့ညနေ ၅နာရီခွဲခန့်က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ဟေမာဇလရပ်ကွက် လမ်း၈ဝx၂၉ လမ်းထောင့်ရှိ မောင်ကိန်းရွှေဆိုင် သို့ အမည်မသိ အမျိုးသားတစ်ဦး သေနတ်ပစ်ဖောက်၍ဆိုင်ရှိရွှေထည် ပစ္စည်းများကို လုယူထွက်ပြေးစဉ် ဝိုင်းဝန်းဖမ်းမိခဲ့သည်။ ၄င်းသတိလစ်သွား၍ အနည်းငယ် သတိရလာစဉ်မေးမြန်းရာ လောက် ကိုင်မြို့နယ် ရှန်ပိုကျေးရွာနေ ကိုး ကန့်လူမျိုး ဦးလီကွမ်ရီ၏သား အားရှန့် အသက် (၃ဝ) ဖြစ်ပြီး မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြို့သစ်(၁)ရပ်ကွက် (၆၄)လမ်း နှင့် သိပံ္ပလမ်းထောင့်တွင် ခေတ္တ နေထိုင်သူဖြစ်ကြောင်းသိရသည်။

အားရှန့်သည် ၄င်းကိုင်ဆောင် ခဲ့သည့် Pietro Beretta ပစ္စတို ခဲရောင်သေနတ် ကို ၄င်း၏ ဦးလေးတော်သူ (ကိုးကန့် ဒေသမှအမျိုးသားလွှတ်တော်ကိုယ် စားလှယ်) နေထိုင်သည့် လောက် ကိုင်မြို့ နေအိမ်ရှိလုံခြုံရေးအစောင့် ကိုးကန့်များထံမှယူဆောင်လာခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း၊ အားရှန့်သည် လောက်ကိုင်တွင် အနေများပြီး ဇနီးဖြစ်သူနှင့်ကလေး တစ်ဦးမှာ လောက်ကိုင်တွင်နေထိုင် ကြောင်း၊ မန္တလေးသို့ ရောက်ရှိခဲ့ သည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်ပြီး ကျောက်အရောင်းအဝယ်လုပ်ကိုင် သူတစ်ဦးဖြစ်ကြောင်း သိရသည်။

အားရှန့်ခေတ္တတည်းခိုခဲ့သည့် မန္တလေးရှိ နေအိမ်မှ မိသားစုများ ကိုမေးမြန်းခဲ့ရာ ယမန်နေ့ နံနက် ၈ နာရီက မခင်ခင်ထွေး၏ (နံပါတ်မပါ)လော့ ဂျား ၁၁ဝ အစိမ်းရောင်ဆိုင်ကယ် ကိုငှားရမ်း၍ အပြင်သို့ ထွက်သွား ရာ နံနက် ၁ဝနာရီခန့်တွင် ဆိုင် ကယ်မပါဘဲအိမ်သို့ပြန်လည်ရောက် ရှိလာပြီး ဒေါ်ထွေးထွေးပိုင် ၄စ/----နစ်ဆန်းဆလွန်းအနက်ရောင် ကားကိုမောင်းနှင်၍ပြန်လည်ထွက် သွားရာမှ ပြန်ရောက်ရှိလာခြင်း မရှိကြောင်းပြောသည်။ ၄င်းတို့ကို ဆက်လက်မေးမြန်းရာ အားရှန့် ကိုင်ဆောင်သည့်သေနတ်နှင့်ပတ် သက်၍မသိရှိကြောင်း၊ အဆိုပါ နေအိမ်ကိုရှာဖွေရာ မသင်္ကာဖွယ် ရာပစ္စည်း တစ်စုံတစ်ရာမတွေ့ရှိ ကြောင်းနယ်မြေရဲစခန်းမှသိရသည်။

အခင်းဖြစ်နေရာမှ အီတလီ နိုင်ငံလုပ် Pietro Beretta အမျိုး အစား ပစ္စတိုခဲရောင်သေနတ်တစ် လက်၊ ကျည်ခွံခြောက်ခု၊ ကျည် ခုနစ်တောင့်၊ နံပါတ်မပါ လော့ဂျား ၁၁ဝ အစိမ်းရောင်ဆိုင်ကယ်တစ် စီး၊ တူတစ်လက်၊ ရွှေကလစ် ၁ဝခု၊ ကိုးလက်မပတ်လည်ခန့်ရှိ အသားရောင် ဘေးလွယ်အိတ်တစ် လုံး၊ iphone အမျိုးအစား အဖြူ ရောင်ဟန်းဆက်တစ်လုံး(ကတ်ပါ)၊ နစ်ဆန်းကားသော့တစ်ချောင်း၊ မြန်မာငွေရောရာ ကျပ် ၁၁၃၅ဝ တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း နယ်မြေရဲစခန်းမှသိရသည်။

တရားခံ အားရှန့်ကို ၄င်းရရှိ သည့်ဒဏ်ရာကြောင့် ဆက်လက် မေးမြန်းနိုင်ခြင်းမရှိဘဲ မြို့မရဲစခန်း (ချမ်းအေးသာစံ)စခန်းမှူးနှင့်အဖွဲ့ က အနီးကပ်စောင့်ကြပ်၍ အသေး စိတ်ဆက်လက်စုံစမ်းစစ်ဆေးလျက် ရှိသည်။ ယမန်နေ့ နံနက် ၁နာရီ မိနစ် ၅ဝက ချမ်းအေးသာစံမြို့နယ် လမ်း၈ဝxလမ်း၃ဝထောင့်တွင် ၄င်း မောင်းနှင်သွားသည့် ၄စ/---- ဆလွန်းအနက်ရောင်ကားကိုတွေ့ရှိ ရ၍ ချမ်းအေးသာစံမြို့နယ် မြို့မ ရဲစခန်းတွင် ထိန်းသိမ်းထားရှိ ကြောင်းသိရသည်။

''လက်နက်ကိုင်အဖွဲ့အစည်း နဲ့ ပါဝင်ပတ်သက်ခြင်းမရှိဘူး။ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်ကိုးကန့်တစ်ဦးရဲ့တူလို့ အစစ် ခံထားတယ်''ဟု ဒုရဲမှူးကြီးဇော် မင်းဦးကပြောသည်။ 

၎င်းအမှုနှင့်ပတ်သက်၍ မောင် ကိန်းရွှေဆိုင်မန်နေဂျာဦးသိန်းအောင် က တရားလိုပြုလုပ်၍ ချမ်းအေး သာစံမြို့နယ် မြို့မရဲစခန်း(ပ) ၅၅၆/၂ဝ၁၃ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၈၆/၃ဝ၇အရ အမှုဖွင့် အရေးယူထားကြောင်းသိရသည်။

0 comments:

Post a Comment