Tuesday, December 10, 2013

မသင်္ကာဖမ်းဆီးစစ်ဆေးရာမှ ဆိုင်ကယ်ခိုးမှုပေါ်


၅.၁၂.၂၀၁၃ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များသည် ခိုးမှုများကျူးလွန်ထားကြောင်း သတင်းရရှိထားသူ လှိုင်သာယာမြို့နယ်နသူ များဖြစ်သည့် အေးမင်းဖြိုး(ခ)ပွကြီး(ခ)ဘောကြီး (ဘ)ဦးကျော်နှင့် ရဲထွဋ် (ဘ)
ဦးမင်းအောင် တို့ (၂)ဦးအား ဖမ်းဆီးရမိပြီး စစ်ဆေးရာ ၂၂.၆.၂၀၁၃ရက်နေ့ ၀၂၀၀အချိန် လှိုင်သာယာ မြို့နယ်၊ (၁၉)ရပ်ကွက်၊မဓါဝီလမ်းရှိ အဆောင်အတွင်း သံကြိုးခတ်၍ရပ်ထားသည့် YALANDA-110 အမျိုး အစား အပြာရောင်ဆိုင်ကယ် (၁)စီးအား ၎င်းတို့(၂)ဦးမှ ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် လှိုင်သာယာ မြို့မရဲစခန်း(ပ)၁၃၉၆/၂၀၁၃၊ ပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

0 comments:

Post a Comment