Thursday, December 26, 2013

အမျိုးသမီး ဘောလုံးအသင်းကို မြန်မာဘောလုံး အားပေးသူများက ဂုဏ်ပြုမည်

Photo: အမျိုးသမီး ဘောလုံးအသင်းကို မြန်မာဘောလုံး အားပေးသူများက ဂုဏ်ပြုမည်
Thursday, December 26, 2013

(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် ကြေးတံဆိပ်သာ ရခဲ့သော်လည်း ပရိသတ်အားပေးမှု အပြည့်အဝ ရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံး အသင်းကို ဂုဏ်ပြုသည့် အခမ်းအနား ဒီဇင်ဘာ ၂၆ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန် မြို့တော်ရှိ Sakura တာဝါ၌ ပြုလုပ်မည် ဖြစ်ကြောင်း MFFC (မြန်မာ ဘောလုံးအသင်း အားပေးသူများ အဖွဲ့) ၏ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်း အနေနှင့် ရွှေတံဆိပ် မရရှိ ခဲ့သော်လည်း မြန်မာနိုင်ငံ ဒေသအနှံ့ရှိ ပရိသတ်များ အတွက် အစွမ်းကုန်ကြိုးစား ကစားခဲ့ကြ၍ ယင်းသို့ ဂုဏ်ပြု ချီးမြှင့်ခြင်း ဖြစ်သည်ဟု ၄င်းကဆိုသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အပါအဝင် ကုမ္ပဏီအချို့ က ဆုကြေးငွေ ကျပ် ၁၄၉၃ သိန်း ချီးမြှင့်ထား ခဲ့ပြီး ကစားသမား တစ်ဦးချင်းစီ ကိုလည်း မြန်မာအသင်းအားပေးသူ ပရိသတ်များ အဖွဲ့ က တစ်ဦးချင်းဆုများ ချီးမြှင့်ခဲ့ကြောင်း မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အုပ်ချုပ်သူ ဒေါ်မြတ်မြတ်ဦးက ပြောကြား သည်။

မြန်မာအမျိုးသမီး ဘောလုံးအသင်းသည် SEA Games ပြိုင်ပွဲတွင် ထိုင်းအသင်းကို အကြိုဗိုလ်လုပွဲ၌ နောက်ဆုံး မိနစ်အထိ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကာ ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်ပြီး တတိယလုပွဲတွင် မလေးရှားအသင်းကို ခြောက်ဂိုး ဂိုးမရှိဖြင့် အနိုင်ရကာ တတိယဆု ရရှိခဲ့သည်။

The Voice Weekly

0 comments:

Post a Comment