လက်ရှိအသုံးပြုနေသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုယ်တိုင်ကိုက လူ့အခွင့်အရေး ချိုးဖောက်မှု များ ရှိနေသည်ဟု လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ (HRDP) အမှုဆောင် ဒါရိုက်တာ ဦးမြင့်အေး က ပြောကြားသည်။
ဒီဇင်ဘာ ၁၀ ရက်တွင် ကျရောက်သည့် (၆၅)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ 
လူ့အခွင့်အရေးနေ့ကို HRDP နှင့် လူထုအခြေပြု အဖွဲ့အစည်းများ စုပေါင်းကာ 
ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ စားသောက် ဆိုင်တွင် 
ပြုလုပ်ခဲ့ပြီး လူထုအခြေပြု အဖွဲ့အစည်းများ၏ ကြေညာချက်တစ်ခုကို 
ထုတ်ပြန် ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ပါဝင်သည့် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် 
မကိုက်ညီဘဲ ဖိနှိပ်သည့် ဥပဒေများ ပြဋ္ဌာန်း၍ လူ့အခွင့်အရေး 
လှုပ်ရှားသူများအပေါ် ဖမ်းဆီးအရေးယူမှုများကို အမြန်ဆုံးရပ်တန့်ပြီး 
ထိုဖိနှိပ် ဥပဒေများကို ဖျက်သိမ်းပစ်ရန်ဟူသော အချက်အပေါ် The Daily Eleven ၏
 မေးမြန်းမှုကို ဦးမြင့်အေး က ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုယ်တိုင်က 
လူ့အခွင့်အရေး ချိုးဖောက်နေခြင်းဖြစ်ကြောင်း ပြော ကြား သည်။
"ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကိုယ်တိုင်က လူ့အခွင့်အရေး 
ချိုးဖောက်တာတွေ ရှိတယ်။ နောက် လွှတ်တော် ကနေ ပြဋ္ဌာန်းထားတဲ့ လူ့အခွင့်အရေး 
ဥပဒေ ဆိုတာလည်း သူတို့ကိုယ်တိုင်လည်း လွတ်လွတ် ကင်းကင်းရှိတာ 
တစ်ခုမှမရှိပါဘူး။ အဲဒါကြောင့် ဥပဒေ အားလုံးဟာ လူ့အခွင့်အရေး ချိုးဖောက်တာ 
ဖြစ်နေ ပါတယ်" ဟု ဦးမြင့်အေးက ဆိုသည်။
လက်ရှိအခြေအနေတွင် ဒီမိုကရေစီ စံနှုန်းများနှင့် မကိုက်ညီဘဲ စစ်အစိုးရ 
အလိုကျ တစ်ဖက်သတ် ရေးဆွဲ ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို 
ပြင်ဆင်ပြောင်းလဲ ရေးဆွဲနိုင်ခြင်း မရှိသမျှ ကာလပတ်လုံး အဆိုပါ 
လူ့အခွင့်အရေး ချိုးဖောက်မှုများသည် ဆိုးဆိုးရွားရွား ဆက်လက်ပေါ်ပေါက် 
နေဦးမည် ဖြစ်သည်ဟု အဆိုပါ အခမ်းအနားသို့ ပေးပို့သည့် ၇၄-၇၅-၇၆ နိုင်ငံရေး 
အင်အားစု သ၀ဏ်လွှာတွင် ဖော်ပြထားသည်။
အကယ်၍ ဒီမိုကရေစီ စံနှုန်းနှင့် ကိုက်ညီသော ဖွဲ့စည်းပုံ 
အခြေခံဥပဒေသစ်ကြီး ပေါ်ထွက် လာပြီး ပြည်သူ တို့ မျှော်မှန်းသော စစ်မှန်သည့် 
ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုကြီး တစ်ရပ် ပေါ်ထွန်းလာသည့်တိုင် 
အချို့နေရာများတွင် လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေများ ဆက်လက်ကြုံတွေ့
 နေရဦး မည်ဖြစ်ကြောင်း၊ သို့အတွက် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေး 
လုပ်ငန်းစဉ်ကို မြန်မာနိုင်ငံ တွင် ရေတိုရေရှည် ဆက်လက်ဆောင်ရွက်သွားရန် 
လိုအပ်လိမ့်မည်ဟုလည်း အဆိုပါ သ၀ဏ်လွှာတွင် ပါရှိသည်။
လက်ရှိတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရန် 
နယ်ပယ်အသီးသီးမှ ကြိုးပမ်းမှုများ ရှိနေပြီး ပြည်ထောင်စု လွှတ်တော်မှ 
ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ 
အနေဖြင့်လည်း ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်မတိုင်မီ လေ့လာသုံးသပ် 
တွေ့ရှိချက် အစီရင်ခံစာ တစ်စောင်ကို တင်သွင်းသွားရမည် ဖြစ်သည်။
Eleven 
 
 
 Myanmar Kyat Exchange Rate
    Myanmar Kyat Exchange Rate
0 comments:
Post a Comment