လားရှိုးမြို့ရပ်ကွက်၁၊နယ်မြေ၉၊ နားမခေါ်ကျေးရွာတွင်းရှိ ရေသဖန်းပင်ပေါ်မှ တွဲလောင်းချလျှက်လူ တစ်ဦးကြိုးဆွဲချ သေဆုံးမှုတစ်ခု ဒီဇင်ဘာ၈ ရက်တွင် ဖြစ်ပွားခဲ့သည်။
လားရှိုးမန္တလေးကားလမ်းမကြီးနှင့်ပေသုံးရာခန့်အကွာ နားမခေါ်ကျေးအတွင်း ရေချောင်းဘေးရှိရေ သဖန်းပင်၏ ဂွကြား အမြင့်ကိုးပေခန့်ရှိနေရာမှ အစိမ်းရောင် လက်သန်းလုံးခန့် နိုင်လွန်ကြိုးနှင့် တွဲလောင်း အနေ ထားဖြင့်ကြိုးဆွဲချ သေဆုံးခဲ့ခြင်းဖြစ်ပြီး ၎င်းကိုကံချိုဦး အသက်(၂၇)နှစ်အား နံနက် ၆း၃၀ အချိန်တွင်တွေ့ ရှိခဲ့ပြီးအလောင်းအား တာဝန်ရှိသူ များမှ လားရှိုးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ခဲ့ကြောင်း သိရသည်။
“ဒီဟာကဒုတိယအကြိမ်ဖြစ်တာ၊ ပထမအကြိမ်လုပ်တုန်းက ရပ်ကွက်ကလူတွေ
အသိမြန်လိုက်လို့ အသက် ရှင်နေတာ အခုကတော့ ဘယ်အချိန်က လုပ်လဲမသိလိုက်ဘူး
အခုနံနက်မှတွေ့တော့ အသက် မရှိတော့ဘူး“ ဟုဆယ်အိမ်မှူးကပြောသည်။လားရှိုးမန္တလေးကားလမ်းမကြီးနှင့်ပေသုံးရာခန့်အကွာ နားမခေါ်ကျေးအတွင်း ရေချောင်းဘေးရှိရေ သဖန်းပင်၏ ဂွကြား အမြင့်ကိုးပေခန့်ရှိနေရာမှ အစိမ်းရောင် လက်သန်းလုံးခန့် နိုင်လွန်ကြိုးနှင့် တွဲလောင်း အနေ ထားဖြင့်ကြိုးဆွဲချ သေဆုံးခဲ့ခြင်းဖြစ်ပြီး ၎င်းကိုကံချိုဦး အသက်(၂၇)နှစ်အား နံနက် ၆း၃၀ အချိန်တွင်တွေ့ ရှိခဲ့ပြီးအလောင်းအား တာဝန်ရှိသူ များမှ လားရှိုးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ခဲ့ကြောင်း သိရသည်။
သေဆုံးသူသည်လွန်ခဲ့သော(၂)နှစ်ခန့်က သူ၏နေအိမ်ထုတ်တန်း၌လည်း ယင်းဖြစ်ရပ်မျိုးပြုလုပ်ခဲ့ရာ ပတ်ဝန်းကျင်းရှိလူများမှ ကူညီပေးမှုကြောင့် မအောင်မြင်ခဲ့ရာ ယခုဒုတိယအကြိမ်မှသာ သေဆုံးခဲ့ကြောင်း ဆယ်အိမ်မှူးထံမှ သိရသည်။
စိုးမင်းနိုင်။
The Myanma Age
0 comments:
Post a Comment