ရန်ကုန်-မန္တလေးလမ်းမကြီး တစ်လျှောက်စိုက်ထူထားသည့် အသိပေးဆိုင်းဘုတ်များကို ပြောင်းလဲ တပ်ဆင်မည်ဖြစ်ကြောင်း သိရသည်။
အမြန်လမ်းမကြီး တစ် လျှောက်တွင် မော်တော်ယာဉ်နှင့် အခြားထိခိုက်မှုတစ်စုံတစ်ရာ ကြုံတွေ့ပါက အသိပေး အကူ အညီတောင်းခံနိုင်ရန်ဆိုင်းဘုတ် များ စိုက်ထူ ထားခြင်းဖြစ်ပြီးပြည်သူများ ဆက်သွယ်ရ လွယ်ကူ စေရန်ဆိုင်းဘုတ်များကိုပြောင်းလဲ တပ်ဆင်ပေးမည်ဖြစ်ကြောင်း သိရသည်။
၂ဝဝ၉ခုနှစ်တွင် စတင်ဖွင့် လှစ်ခဲ့သည့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် အရေး ပေါ် အကူအညီတောင်းနိုင်သည့် အသိပေးဆိုင်းဘုတ်များ စိုက်ထူ ထားပြီး ဆိုင်းဘုတ်များအားလုံး ကို ပြောင်းလဲ တပ်ဆင်ရန် စီစဉ် နေကြောင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
''အခုဆိုင်းဘုတ်တွေ ပြောင်းပြီးတပ်ဆင်ပေးမှာက အရင်တုန်းကဆိုရင် အသိပေး ဆိုင်းဘုတ်သက်သက် ပဲရှိတယ်။
အခုကတော့အရေးပေါ်အကြောင်း အရာ တစ်စုံတစ်ခုပေါ်လာရင် ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ် တွေလဲ ထည့်သွင်းပေးထားမှာ ပါ။ ဘယ်ရက်မှာစပြီး ပြောင်း လဲမယ်ဆိုတာတော့ အတိအကျ ပြောလို့ မရသေးပါ ဘူး''ဟု အမြန်လမ်းမကြီးမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
The Union Daily ·
0 comments:
Post a Comment