Tuesday, July 21, 2015

ဂျပန်အလိုတော်ရိအဖြစ် သရုပ်ဆောင်မယ့် ကျော်ရဲအောင်နဲ့ စကားစမြည်


စာရေးဆရာကြီး မောင်ထင် ၏ နာမည်ကျော် ‘ငဘ’ ၀တ္ထုကို ရုပ်ရှင်ဇာတ်ကားအဖြစ် ဒါရိုက် တာ ခင်စောမျိုးက စတင်ရိုက် ကူးတော့မည်ဖြစ်သည်။ ယင်း ဇာတ်ကားတွင် ‘ငဘ’ အဖြစ် ကျော်သူကပါဝင်သရုပ်ဆောင် မည်ဖြစ်ပြီး ကျော်ရဲအောင်နှင့် စိုး မြတ်သူဇာတို့လည်း  ပါဝင်သ ရုပ်ဆောင်မည်ဖြစ်သည်။
ထို့ ကြောင့် ယင်းဇာတ်ကားတွင်ပါ ၀င်သရုပ်ဆောင်မည့် ကျော်ရဲ အောင်နှင့် ငဘရုပ်ရှင်ကန်တော့ ပွဲပေးသည့်အခမ်းအနား၌ တွေ့ ဆုံမေးမြန်းခဲ့သည့်အကြောင်းအ ရာများကို မေးမြန်းပေးလိုက်ပါ သည်။
‘ငဘ’ ရုပ်ရှင်ကားမှာ သရုပ် ဆောင်ရမယ့် ကာရိုက်တာလေး အကြောင်းပြောပြပေးပါလား။
ဖြိုးတုတ်ဆိုတဲ့ လူဆိုးတစ် ယောက်ပေါ့။ ကာရိုက်တာကို တော့ ဖတ်နေတယ်။
အစ်ကိုက သရော်တဲ့ဇာတ်ရုပ်ကို လိုက်ဖက်အောင်သရုပ်ဆောင် နိုင်တယ်။ ဒီဇာတ်ကားမှာလည်း ဂျပန်အလိုတော်ရိပုံစံဆိုတော့ ဒီ ဇာတ်ကားအတွက် ဘာတွေပြင် ဆင်ထားလဲ။
ပြင်ဆင်ထားတာတော့ သိပ် မရှိပါဘူး။ ဒီလောက်ကြီးပြင်ဆင် ဖို့မလိုဘူးထင်တာပဲ။ ဒါမျိုးတွေ လည်းရိုက်ဖူးတာပဲ။ မင်းသားသစ် မဟုတ်တော့ သိပ်ပြင်ဆင်စရာမ လိုပါဘူး။ သူတို့နဲ့လိုတာလေးတွေ ၀ယ်ခြမ်းပြီးရိုက်ဖို့ပါပဲ။ မြန်မာ ပြည်မှာ ရိုက်နေတဲ့အနေအထား က အချိန်အကြာကြီး နှစ်ပေါင်း များစွာ အချိန်ယူပြင်စရာလည်း သိပ်တော့လိုမှမလိုတာ။ ကိုနိုင်တို့ ရိုက်ခဲ့ဖူးတာနဲ့ သူတို့ပြောတာနဲ့ ပေါင်းပြီး ဆော်ကြည့်ရမှာပဲ။
ဒီဇာတ်ကားမှာ အတူတွဲဖက် သ ရုပ်ဆောင်မယ့် ဦးကျော်သူနဲ့ တွဲ မရိုက်ရတာကြာပြီဆိုတော့ ဘယ် လိုညှိနှိုင်းသွားဖို့ရှိမလဲ။
ကိုကျော်သူနဲ့က အပြင်မှာ ခဏခဏတော့တွေ့ဖြစ်နေတယ်။ ဇာတ်ကားတွေမှာ မတွေ့ဖြစ်တာ ကြာပေမယ့် ညီအစ်ကိုလိုနေနေ တာဆိုတော့ သိပ်ပြဿနာမရှိပါ ဘူး။
ဇာတ်ကားတစ်ကားကို ကိုလိုနီ ခေတ်ပုံစံမျိုးနဲ့ ပုံဖော်ဖို့ဆိုရင် ဘာ တွေပြင်ဆင်ဖို့လိုမယ်ထင်လဲ။
တကယ်တမ်းအတိအကျ ရိုက်မယ်ဆိုရင် အများကြီးလိုတာ ပေါ့။ ဒီကားမှာ ကိုနိုင်ဇာတ်ရုပ်က ဘာကြောင့်မိုက်သလဲဆိုတာမေး လို့မရသေးဘူး။ အဲဒီတော့ ဘာ လုပ်ရမလဲဆိုတော့ ရှေးခေတ်ကား ရိုက်ဖို့ဆိုတာ ပညာရှင်တွေအများ ကြီးလိုတယ်။ စစချင်းဘာမှမစဉ်း စားနဲ့ဦး။ အ၀တ်အစားကိစ္စ၊ စ ကားအသုံးအနှုန်းပြောတဲ့ Flow တွေအများကြီးလိုမှာပဲလေ။ ရိုက် ချက်ကတော့ ဒါရိုက်တာအရည် အချင်းအပေါ်မှာမူတည်ပြီး ရိုက် ကြမှာ။ ကိုနိုင်တစ်ယောက်တည်း မဟုတ်ဘူး။ မင်းသား၊မင်းသမီး တင်မဟုတ်ဘူး။ ဇာတ်ပို့၊ နေရာ ဌာန၊ ဆက်တင် အများကြီးလို တယ်။ ကိုနိုင်တို့မှာစတူဒီယိုမှမရှိ တာ။ရှိတဲ့အိမ်သွားရိုက်ရမှာ။ရှိတဲ့အိမ်ကလည်း ကိုလိုနီခေတ်က အိမ် ကိုနိုင်တို့ဆီမှာရှိမှမရှိတာ။ ဘယ်သွားရိုက်မလဲ။ ပုပ္ပားသွား ရိုက်ကြမယ်။ ပုပ္ပားက ပျဉ်ထောင် အိမ်လျှောက်ရိုက်ကြပေါ့။
ဒီနှစ်ထဲမှာ ရုပ်ရှင်တွေ ရိုက်လာ ကြတာဆိုတော့ ရုပ်ရှင်ဘယ်နှ ကားရိုက်ပြီးသွားပြီလဲ။ ဘာဇာတ် ကားတွေ ထပ်ရိုက်ဖို့ရှိလဲ။
ဒီနှစ်ထဲမှာသုံးကားရိုက်ပြီး သွားပြီ။ နောက်ထပ်ရိုက်တာတွေ ကတော့ မကျိန်းသေလို့ မပြော တာ။ လက်ရှိအနေအထားက အ ကျိန်းသေဆုံးဆိုတော့ ဒီနေ့ကန် တော့ပွဲရိုက်မယ့်ကားက အကျိန်း သေဆုံးပဲ။
ရုပ်ရှင်တွေဆက်တိုက်ရိုက်လာ ကြတာဆိုတော့ ဇာတ်ရုပ်ရွေး ချယ်မှုအပိုင်းမှာကော ဘယ်လို ရွေးချယ်ဖြစ်လဲ။
ရုပ်ရှင်တွေသာအများကြီး ရိုက်လာတာ။ အရေအတွက်တွေ များလာတာ အရည်အချင်းတွေ က ဘယ်လိုလာမလဲမသိဘူး။ ဒါ ပေမဲ့ ကောင်းကြမှာပါ။ အရမ်း တော်တဲ့ ဒါရိုက်တာတွေလည်း ထွက်နေပြီလေ။ အရမ်းတော် လည်းတော် မြန်လည်းမြန်တော့ လေးစားရမှာပေါ့။ ကိုယ်ရိုက်တဲ့ ကားတွေကိုတော့ အကောင်းဆုံး ဖြစ်အောင်လုပ်တယ်။
ရုပ်ရှင်ဇာတ်ကားတွေ အများကြီး ရိုက်လာကြတာက ရုပ်ရှင်လော က တိုးတက်လာတဲ့အကြောင်းအ ရာတစ်ခုလို့ပြောလို့ရမလား။ ရုပ် ရှင်လောကသားတစ်ယောက်အ နေနဲ့ သုံးသပ်ပေးပါဦး။
ဘယ်လိုပြောရမလဲတောင် မသိတော့ဘူး။ ပြောရမှာ အားနာ လို့မပြောတော့ဘူး။
အစ်ကို့ရဲ့သား ထူးမြတ်ကျော်ရဲ အောင်လည်း အနုပညာလှုပ်ရှားမှု တွေ စလုပ်ပြီဆိုတော့ သားအတွက်ကော ဘာတွေလုပ်ပေးဖြစ်လဲ။
ကိုယ့်တာဝန်ကိုကျေအောင် လုပ်လို့ ဒါလေးတစ်ခုပဲပြောဖြစ် တယ်။ ကိုနိုင်သားသမီးတွေက ကိုနိုင်ထက်လိမ္မာနေတော့မပြော တော့ဘူး။
ဒီအချိန်ထိ အားပေးနေတဲ့ ပရိ သတ်တွေအတွက် စကားလက် ဆောင်လေးပြောပေးပါဦး။
ပရိသတ်ကိုတော့ ကြိုတင် ပြီး တောင်းပန်ထားရမယ်။ ကိုနိုင် တို့က ဒီအလုပ်နဲ့အသက်မွေးဝမ်း ကျောင်းပြုနေရတော့ တစ်ခါတ လေကျ လုပ်ချင်တာထက် လုပ် သင့်တာလေးတွေလုပ် လိုက်ရ တာကိုနားလည်ပေးပါ။
Credit to >>>7Day Daily

0 comments:

Post a Comment