
မြန်မာနိုင်ငံ၏ သားဆက်ခြား လုပ်ငန်းများအတွက် ကတိက၀တ်ပြုမှုများ အခမ်းအနား မြင်ကွင်း
မြန်မာနိုင်ငံ အနေဖြင့် ၂၀၂၀ ပြည့်နှစ်အရောက်တွင် သားဆက်ခြား 
နည်းလမ်းသုံးစွဲရန် သင့်လျော်သော ဇနီးမော်နှံ သန်း ၃၀ နီးပါးခန့်ကို 
ကျန်းမာရေး အသုံးစရိတ် ရန်ပုံငွေ မြှင့်တင် သွားမည် ဖြစ်ကြောင်း  နိုဝင်ဘာ 
၁၅ ရက်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ၏ သားဆက်ခြား လုပ်ငန်းများ အတွက် 
ကတိက၀တ်ပြုမှုများ အခမ်းအနားတွင် ကျန်းမာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး 
ဒေါက်တာ သိန်းသိန်းဌေးက ပြောကြားသည်။
"နိုင်ငံတော် သမ္မတကြီးနဲ့ နိုင်ငံတော် အကြီးအကဲတွေက ၂၀၁၂-၂၀၁၃ ခုနှစ်က 
စပြီးတော့ အရင် ကျန်းမာရေး အသုံးစရိတ်ထဲမှာ ဆေးဝါးပစ္စည်း ၀ယ်ဖို့အတွက် 
မပါခဲ့ဘူး။ တခြား ၀န်ကြီးဌာနတွေရဲ့ အသုံးစရိတ်တွေကို လျှော့ပြီး 
ကျန်းမာရေးနှင့် ပညာရေး ၀န်ကြီးဌာနတွေကို ပိုပြီး အသုံးပြုဖို့ 
ပံ့ပိုးပေး တာပါ။ လူသား  အရင်းအမြစ်တွေ ကောင်းကောင်း စာတတ်ဖို့၊ 
ကောင်းကောင်း ကျန်းမာမှသာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး 
လုပ်နိုင်မယ်ဆိုပြီး ၂၀၁၂-၂၀၁၃ ခုနှစ်ကစပြီး နိုင်ငံတော်က ၁ ဒသမ ၂၉ 
အမေရိကန်ဒေါ်လာ ညီမျှတဲ့  ဆေးဝါးတွေ ၀ယ်ထားပါတယ်။ ဒီနှစ်ကစပြီး 
စီမံချက်မြို့တွေတင် မဟုတ်ဘဲ တစ်နိုင်ငံလုံးမှာရှိတဲ့ 
မြို့သုံးရာကျော်တွေကို ပေးနိုင်ပါတယ်။ နောက်ဘတ်ဂျက်တွေကိုလည်း ပိုပြီး 
သုံးသွားဖို့ ရည်ရွယ်ထားပါတယ်"ဟု ဒုတိယ၀န်ကြီး ဒေါက်တာ သိန်းသိန်းဌေးက 
ပြောကြားသည်။
မျိုးဆက်ပွား ကျန်းမာရေး ၅ နှစ်တာ မဟာဗျူဟာ စီမံကိန်း ၂၀၁၄- ၂၀၁၈ ကို 
ရေးဆွဲလျှက်ရှိပြီး ၂၀၁၄ ခုနှစ်တွင် FP/RH Best Practices Conference 
ညီလာခံနှင့် ၂၀၁၆ ခုနှစ်တွင် APCRSHR ညီလာခံတို့ကို အိမ်ရှင်နိုင်ငံအဖြစ် 
လက်ခံ ကျင်းပနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံသည် 
မျိုးဆက်ပွား ကျန်းမာရေး ဆေးနှင့် ဆေးပစ္စည်းများ ပြည့်စုံဖူလုံစွာ 
ဆောင်ရွက်မည့် နိုင်ငံပေါင်း ၄၆ နိုင်ငံတွင် ပါဝင်လာခဲ့ပြီဖြစ်ရာ 
သားဆက်ခြား ဆေးဝါးပစ္စည်းများ  ပြည့်စုံဖူလုံရေးကို ပိုမို တွင်ကျယ်စွာ 
ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ မီးတွင်းမိခင် သေဆုံးရသည့် အကြောင်းရင်းများမှာ 
မလိုချင်သော ကိုယ်ဝန် ဖျက်ချခြင်းကြောင့် သေဆုံးမှု များပြားလာ၍ သားဆက်ခြား 
ဆေးဝါးများ ထုတ်ပေးခြင်းအားဖြင့် အမျိုးသမီးများ၏  မျှော်မှန်း 
သက်တမ်းရှည်လာစေဖို့ ရည်ရွယ်ကြောင်း သိရသည်။
Eleven 
 
 
 
 Myanmar Kyat Exchange Rate
    Myanmar Kyat Exchange Rate
0 comments:
Post a Comment