ဘာသာမတူသည့်
လူအုပ်စု နှစ်စုကြား ပဋိပက္ခများဖြစ်ပွားရာ သံတွဲမြို့တွင် အောက်တိုဘာ ၈
ရက်က သီတဂူဆရာတော် အရှင် ဥာဏိဿရနှင့် အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များ
တွေ့ဆုံခဲ့ပြီး လူအုပ်စု နှစ်စုကြား ပဋိပက္ခများ ထပ်မံ မဖြစ်ပွားစေရန်အတွက်
ဘာသာရေးခေါင်းဆောင်များ အချင်းချင်း ညှိနှိုင်းဆောင်ရွက်သင့်ကြောင်းေ ပြာခဲ့သည်ဟု ယင်းတွေ့ဆုံပွဲသို့ တက်ရောက်သူ သံတွဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလွှင်က မဇ္ဈိမကို ပြောသည်။
ယင်းအပြင် ဆရာတော်နှင့်အတူ လိုက်ပါသွားသော ဟာဂျီ ဦးစိုးလွင်ကလည်း သံတွဲရှိ အစ္စလာမ်ဘာသာရေးခေါင်းဆောင်များကို ငြိမ်းချမ်းစွာနေထိုင်နိုင်ရေး ပြောကြားခဲ့သည်ဟုလည်း ဦးကျော်စိုးလွင်က ပြောသည်။
ဆရာတော်သည်
အောက်တိုဘာ ၈ရက် နံနက် ၁၀ နာရီခန့်က သံတွဲမြို့နယ်
အုပ်ချုပ်ရေးမှူးရုံးတွင် အစ္စလာမ်ဘာ သာရေး ခေါင်းဆောင် များနှင့်
တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ဦးကျော်စိုးလွင်က
''ဆရာတော်က နောက်ထပ် ဒီလိုမဖြစ်ပွားရအောင် နှစ်ဖက် ဘာသာရေးခေါင်းဆောင်တွေက
ညိနှိုင်း ဆောင်ရွက် ဖို့ ဝိုင်းဝန်းထိန်းသိ မ်းကြဖို့ ပြောပါတယ်'' ဟု ပြောသည်။
သီတဂူဆရာတော်
အရှင် ဥာဏိဿရသည် သံတွဲမြို့သို့ အောက်တိုဘာ ၇ ရက်က ရောက်ရှိခဲ့ပြီး
ထိုနေ့တွင် သံတွဲမြို့ရှိ ဗုဒ္ဓဘာသာဝင်များကို ငြိမ်းချမ်းရေးတရားများ
ဟောကြားခဲ့သေးသည်။ စက်တင်ဘာ ၂၈ ရက်က လူအုပ်စုနှစ်စုကြားအငြင်းပွားမှု မှ စတင်ခဲ့သော သံတွဲပဋိပက္ခကြောင့် အိမ်ခြေတစ်ရာကျော် ပျက်စီးခဲ့သည်။
အဆိုပါ
ပဋိပက္ခများကြောင့် သံတွဲမြို့ တွင် စုစုပေါင်း ၅၈ ဦးကို ဖမ်းဆီးစစ်ဆေး
ဆောင်ရွက်လျက်ရှိသည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့က အောက်တိုဘာ ၈ ရက်တွင်
ထုတ်ပြန်သည်။
0 comments:
Post a Comment