Monday, February 24, 2014

ကမ္ဘာ့သြဇာအကြီးဆုံး မူးယစ်ရာဇာဂက်ဇ်မင်းကို မက္ကဆီကို မရိန်းများဖမ်းဆီး

၁၃ နှစ်ကြာမျှ တရားဥပဒေကိုရှောင်တိန်းနေခဲ့သော ကမ္ဘာ့သြဇာ အာဏာအကြီးဆုံးမူးယစ်ရာဇာကို မက္ကဆီကိုနိုင်ငံ ဆီနိုလာပြည်နယ်၌ဖဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းတွင် မက္ကဆီကိုမရိန်းတပ်ဖွဲ့ဝင်များကဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စု၏ အကူအညီဖြင့် လုပ်ဆောင်ခဲ့သောစစ်ဆင်ရေး တစ်ရပ်အတွင်း မက္ကဆီကို မရိန်းတပ်ဖွဲ့ဝင်များသည် မာဇက်တန်မြို့ တိုက်ခန်း တစ်ခုအတွင်း ပုန်းအောင်းနေသည့် ဂျိုအာကွင်း အယ်လ်ချာပိုဂက်ဇ်မင်းအမည်ရှိ ဆီနိုလာမူးယစ်ဂိုဏ်းခေါင်းဆောင်အား သေနတ်တစ်ချက်မျှမဖောက်ရဘဲ ဖမ်းဆီးနိုင်ခံကြောင်း
မက္ကဆီကိုအစိုးရတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဆီနိုလာမူးယစ်ဂိုဏ်းခေါင်းဆောင် ဂက်ဇ်မင်းအား လက်ရဖမ်းဆီးင်မှုသည် မူးယစ်မှောင်ခိုလုပ်ငန်းနှင့် ဆက်နွှယ်နေသော အကြမ်းဖက်မှုများကို ထိန်းချုပ်ရန် ကြိုးပမ်းနေရသည့် မက္ကဆီကို သမ္မတအင်ရီကွေးပီနာနီယေတို့အတွက် မဟာအောင်ပွဲတစ်ရပ်ဖြစ်သည်။

ဂျပုဟူ၍ အမည်ပြောင်ရထားသော မူးယစ်ရာဇာဂက်ဇ်မင်းသည် ပစိဖိတ်ကမ်းရိုးတန်းဒေသတစ်လျှောက်လုံး အကျုံးဝင်သည့် မူးယစ်အင်ပိုင်ယာကြီးတည်ဆောက်ထားပြီး အမေရိကန်ပြည်ထောင်စု၊ ဥရောပင့် အာရှဒေသများသို့ မူးယစ်ဆေးဝါးများ မှောင်ခိုတင်ပို့နေသူဖြစ်သည်။မူးယစ်ရာဇာဂက်ဇ်မင်းသည် ၂၀၀၁ ခုနှစ် ဇန်န၀ါရီလအတွင်းအ၀တ်သိမ်းလှည်းတစ်စင်း အသုံးပြု၍ လုံခြုံရေးအတင်းကျပ်ဆုံးအကျဉ်းထောင်တစ်ခုမှလွတ်မြောက်ခဲ့ရာ နာမည်ကျော်ခဲ့ရသည်။
မက္ကဆီကို၌ ပေါ်ပေါက်ခဲ့သော မူးယစ်မှောင်ခိုလုပ်ငန်းနှင့် ဆက်နွှယ်သည့်အကြမ်းဖက်မှုအများစု နောက်ကွယ်တွင် ကြိုးကိုင်စီစဉ်သူအဖြစ်ပါဝင်ကြောင်း စွပ်စွဲခံထားရသူ ဂက်ဇ်မင်းကို အမေရိကန်ပြည်ထောင်စုကလည်း ဆုငွေဒေါ်လာငါးသန်း ထုတ်ထားသည်။
စံတော်ချိန် နေ့စဉ်သတင်းစာ

0 comments:

Post a Comment