
တရုတ်-မြန်မာနယ်စပ်
မူဆယ်မြို့တွင် တရားမ၀င်ငွေကြေးလဲလှယ်သူ အမျိုးသမီးတစ်ဦးသည် ငွေကျပ်
သိန်း ခုနစ်ထောင်ခန့် လိမ်လည်ကာ ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း မူဆယ်မြို့မရဲစခန်းမှ သတင်း ရရှိသည်။
““ငွေလိမ်ခံလိုက်ရသူတချို့
ရဲစခန်းကိုလာအကြောင်းကြားလို့ ဆွေမျိုးနီးစပ်တော်သူအချို့ကို
ခေါ်ယူစစ်ဆေး ခဲ့ပါတယ်။ အဓိက သံသယရှိသူကတော့ ထိုင်းဘက်တိမ်းရှောင်သွားတယ်လို့
သိရပါတယ်”” ဟု မူဆယ်မြို့မ ရဲစခန်း မှ ရဲအရာရှိတစ်ဦးက ပြောသည်။
ငွေလိမ်လည်၍
ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားသူမှာ မူဆယ်မြို့ နာရီစင်အနီးနေ
အသက် ၂၅ နှစ် အရွယ်ရှိ အမျိုးသမီး တစ်ဦးဖြစ်ပြီး ၎င်း၏မိဘများနှင့်
သွားရောက်ညှိနှိုင်းခဲ့သော်လည်း အဆင်ပြေမှုမရ ခဲ့ကြောင်း ငွေကျပ်
သိန်းခုနစ်ရာခန့် လိမ်လည်ခံခဲ့ ရသည့် နမ့်ခမ်းမြို့မှ ကုန်သည်တစ်ဦးက
ပြောသည်။
တရုတ်ကုန်သည်များနှင့်
အဓိကအရောင်းအ၀ယ်ပြုလုပ်သည့် မြန်မာကုန်သည်များက မူဆယ်မြို့တွင်
ယွမ်နှင့် ကျပ်ငွေအလဲအလှယ်ပြုလုပ်ရန် ငွေပေးချေလေ့ရှိပြီး ယခု
ငွေလိမ်လည်မှုဖြစ်စဉ်တွင် ရှမ်းပြည်နယ် နမ့်ခမ်း မြို့နှင့် ရန်ကုန်မြို့မှ
ကုန်သည်အချို့ လိမ်လည်ခံရခြင်းဖြစ်ကြောင်း မူဆယ်မြို့ခံကုန်သည်တစ်ဦးက
ပြော သည်။ ““တရားမ၀င် ငွေကြေးလဲလှယ်တဲ့သူတွေယူတဲ့ ၀န်ဆောင်ခက
ဘဏ်တွေထက်သက်သာတော့ ကုန်သည်တွေက ယုံကြည်မှုနဲ့ အလုပ်လုပ်ကြတာ။
အခုလိုဖြစ်တော့ ကုန်သည်အချို့ အခက်အခဲ ဖြစ်ကုန် တယ်”” ဟု အဆိုပါကုန်သည်က
ပြောသည်။
ထိုဖြစ်ရပ်ကို
မူဆယ်မြို့မရဲစခန်းတွင် အမှုဖွင့်ထားခြင်းမရှိဘဲ
နမ့်ခမ်းနှင့်ရန်ကုန်မြို့ရှိ သက်ဆိုင်ရာရဲစခန်းများ တွင်သာ အမှုဖွင့်
တိုင်ကြားထားကြောင်း သတင်းရရှိသည်။
7Day Daily
0 comments:
Post a Comment