Wednesday, October 9, 2013

ချောကလက်ကို စားချင်စိတ် ပြင်းပြနေရင် ငါးအဆီ မှီဝဲပါ

သင်ဟာ ချောကလက် စားချင်စိတ် ပြင်းပြနေရင် စိတ်ဓာတ်ကျနေတာပါလို့ သုတေသီတွေက ဖော်ထုတ်ထားပါတယ်။ ချောကလက်မှာ ပါဝင်တဲ့ ဒြပ်ပေါင်းတွေဟာ ဦးနှောက်အတွင်း စိတ်ခံစားမှု ကောင်းစေတဲ့ ဆီရိုတိုနင် ထွက်ရှိလာမှုကို မြင့်မားစေပါတယ်။ ဆီရိုတိုနင် များများထွက်လာအောင် နေ့စဉ် EPA နဲ့ DHA ပါဝင်တဲ့ ငါးအဆီကို စားပေးပါ။ ငါးအဆီမှာ ပါဝင်တဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ်တွေဟာ ဦးနှောက်ဆဲလ် အမြှေးပါးကို ပျော့ပြောင်းစေတဲ့ အတွက် ဆီရိုတိုနင်တွေ ဖြတ်သန်းနိုင်စွမ်း ပိုများတာကြောင့်လို့ ဆိုပါတယ်။


Tips

ဓမ္မတာအကြို လာချိန်ကြောင့် ချောကလက်စားချင်စိတ် ပြင်းပြနိုင်ပါတယ်

ဓမ္မတာလာခါနီးမှာ ချောကလက် စားချင်စိတ် ပြင်းပြရတာဟာ သင့်ခန္ဓာကိုယ်အတွင်း မဂ္ဂနီဆီယမ် ဓာတ် လျော့နည်းနေလို့ပါ။

BY GOOD HEALTH

0 comments:

Post a Comment