
တနင်္လာနေ့က USS Nimitzသည် ပင်လယ်နီသို့ ခရီးစတင် ထွက်ခွာခဲ့ကြောင်း အမေရိကန် အစိုးရ ကာကွယ်ရေးဌာန တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ 
အမေရိကန်ရေတပ်၏ လေယာဉ်တင် သင်္ဘောကြီး USS Nimitzသည် ပင်လယ်နီ ဒေသသို့ ဦးတည် 
ခုတ်မောင်းခဲ့ကြောင်း သိရှိရသည်။ တနင်္လာနေ့က USS Nimitzသည် ပင်လယ်နီသို့ 
ခရီးစတင် ထွက်ခွာခဲ့ကြောင်း အမေရိကန် အစိုးရ ကာကွယ်ရေးဌာန တာဝန်ရှိသူ 
တစ်ဦးက ဆိုသည်။ အဆိုပါ သင်္ဘောကြီးနှင့်အတူ ၎င်းကို ဝန်းရံ အကာအကွယ်ပေးမည့် 
တိုက်သင်္ဘော လေးစင်းသည်လည်း ပင်လယ်နီ သို့ အတူတကွ ထွက်ခွာသွားခဲ့သည်။ 
ယခုရေတပ်သင်္ဘောအုပ်စု ရွေ့လျားမှုသည် ဆီးရီးယားကို အမေရိကန်က 
တိုက်ခိုက်လာနိုင်သည့် အခြေအနေအတွက် ကြိုတင်ချင့်မျှော် လှုပ်ရှားမှု 
တစ်ခုဟုလည်း ယူဆနိုင်ကြောင်း အမေရိကန် ကာကွယ်ရေးဌာန တာဝန်ရှိသူ တစ်ဦးက 
မှတ်ချက်ပြု ပြောကြားခဲ့သည်။
ယခုအခါ USS Nimitzသည် ပင်လယ်နီ ဧရိယာထဲ ရောက်ရှိနေပြီ ဖြစ်သော်လည်း 
တိုက်ခိုက်မှုအတွက် မည်သည့် အမိန့်မှ မရရှိသေးသလို အခြား အမေရိကန် ဖျက်သင်္ဘော
 (၅)စင်း နေရာယူထားသည့် မြေထဲပင်လယ်သို့ ဆက်လက် ဝင်ရောက်ဦးမည် မဟုတ်ဟု 
သိရသည်။ အဆိုပါ တိုက်သင်္ဘော အုပ်စုကမူ ဆီးရီးယားကို အဆင်သင့် 
တိုက်ခိုက်နိုင်မည့် မြေထဲပင်လယ်ထဲတွင် ရက်ပေါင်းအတန်ကြာ 
နေရာယူထားပြီးဖြစ်သည်။ USS Nimitzနှင့် ပတ်သက်ပြီး "တိုက်ခိုက်ရေး 
တပ်ဖွဲ့တွေဟာ နေရာယူထားတာမျိုးပဲ ရှိပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်ခြေရှိတဲ့ 
အမိန့်တိုင်းအတွက် အသင့်ပြင်ဆင်ပြီးသားပါ"ဟု ပင်တဂွန် စစ်ဌာနချုပ်မှ အရာရှိ
 တစ်ဦးက ပြောကြားခဲ့သည်။
အမေရိကန်သည် ဓာတုလက်နက် အသုံးပြုခဲ့ကြောင်း စွပ်စွဲမှုများ ကြုံနေရသည့် 
ဆီးရီးယား အစိုးရကို စစ်ရေးအရ အရေးယူရန် ပြင်ဆင်ထားသော်လည်း အပြီးသတ် 
ဆုံးဖြတ်ချက် အတွက် စောင့်ဆိုင်းနေ ဆဲ ဖြစ်သည်။ USS Nimitzသည် နျူကလီးယား 
စွမ်းအင်သုံး လေယာဉ်တင် သင်္ဘောကြီးဖြစ်ပြီး အမေရိကန် ရေတပ်၏ ဂုဏ်အယူရဆုံး 
ရေပေါ်ခံတပ်ကြီး တစ်ခုအဖြစ်လည်း ညွှန်းဆိုခံထားရသည်။ ယင်းသည် ခရူဇာ 
စစ်သင်္ဘောတစ်စင်း၊ ဖျက်သင်္ဘောသုံးစင်း ခြံရံကာ ပင်လယ်နီထဲတွင် နေရာယူ ထားသည်။ 
မြေထဲပင်လယ်ထဲတွင် လက်ရှိ တပ်စွဲထားသည့် ဖျက်သင်္ဘော (၅)စင်းတွင်မူ Tomahawk 
ဒုံးကျည် အစင်း(၂၀၀) တင်ဆောင်ထားကြောင်း သတင်းများက ဆိုသည်။
အမေရိကန် ရေတပ်၏ ကုန်းရေနှစ်တန် စစ်ဆင်ရေး အသုံးပြုသည့် ရဟတ်ယာဉ်တင် သင်္ဘော 
USS Kearsargeသည်လည်း အာရေဘီယန် ပင်လယ် မြောက်ပိုင်းတွင် ရှိနေသည့်တိုင် 
ပင်လယ်နီထဲသို့ ဦးတည် ခုတ်မောင်းမှု မရှိဘဲ ရပ်တန့်နေကြောင်း သိရသည်။ အဆိုပါ
 သင်္ဘော၏ ကျယ်ပြန့်ပြားချပ်သော ကုန်းပတ်ပေါ်တွင် AV-8B Harrier တိုက်လေယာဉ် 
(၆)စင်း၊ V-22 Osprey သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်ကြီး (၁၂)စင်းနှင့် 
တိုက်ခိုက်ရေး ရဟတ်ယာဉ်များက တိုက်ပွဲဝင်ရန် အသင့်အနေအထားဖြင့် ရှိနေသည်။ 
ယင်းသင်္ဘောသည် (၂၀၁၁)ခုနှစ်၊ လစ်ဗျားနိုင်ငံကို ထိုးစစ်ဆင်ရာတွင် မဟာဗျူဟာ 
အကျဆုံး လှုပ်ရှားခဲ့ပြီး ထိုစဉ်က အမေရိကန် လေတပ်၏ F-15 တိုက်လေယာဉ်တစ်စင်း 
ပျက်ကျမှု၌ လေယာဉ်မှူး များကို သင်္ဘောပေါ်မှ V-22 Opsrey နှစ်စင်းက သွားရောက် 
ကယ်ဆယ်ခဲ့သည်။
Planet Myanmar Network
 
 
 
 Myanmar Kyat Exchange Rate
    Myanmar Kyat Exchange Rate
0 comments:
Post a Comment