Tuesday, September 3, 2013

သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ကထိကတစ်ဦး ကြိုးဆွဲချသေဆုံး

သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်) သွားအတု ဆေးပညာဌာနမှ ကထိက အမျိုးသား ဆရာဝန်တစ်ဦး သြဂုတ်လ ၁ ရက်နေ့က ရန်ကင်းမြို့နယ် ရွှေအုန်းပင်အိမ်ရာ မြေညီထပ် တိုက်ခန်း တစ်ခုတွင် ကြိုးဆွဲချ သေဆုံးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အမျိုးသားသည် အသက် ၅၂ နှစ်အရွယ် ဒေါက်တာဌေးမြင့်ဝင်း ဖြစ်ပြီး ၎င်းတိုက်ခန်း၏ ရေချိုးခန်း အတွင်းရှိ ထုတ်တန်းတွင် ကြိုးဆွဲချ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါရုံး၏ ထုတ်ပြန်ချက်အရ သိရှိရ သည်။

အဆိုပါသေဆုံးမှုနှင့် ပတ်သက်၍ ရဲကပြောကြားခွင့် မပေးထားကြောင်း ကျန်ရစ်သူ မိသားစုက The Voice သို့ ပြောကြားသည်။

အဆိုပါ ကြိုးဆွဲချ သေဆုံးမှုကို လတ်တလောတွင် စစ်ဆေးလျက်ရှိပြီး မည်သည့် အတွက်ကြောင့် သေဆုံး သည်နှင့် အသေးစိတ် အချက်အလက်များကို ဆေးစာ မရရှိသေး သဖြင့် ဖြေကြားနိုင်ခြင်း မရှိကြောင်း ရန်ကင်းမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြား သည်။

ကြိုးဆွဲချသေဆုံးမှုနှင့် ပတ်သက်၍ (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးထံ သွားရောက် မေးမြန်းသော်လည်း ၎င်းအနေနှင့် ဖြေကြားခွင့် မရှိကြောင်း ပြန်လည်ပြောဆိုသည်။

အဆိုပါ သေဆုံးမှုကို သေမှုသေခင်း အမှတ် ၁၀/၁၃ ဖြင့် အရေးယူ ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

The Voice Weekly

0 comments:

Post a Comment