ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က ရက်သတ္တနှစ်ပတ်လျှင်တစ်ကြိမ်
 
မြန်မာနိုင်ငံသားများအပြင် လာရောက် လည်ပတ်သည့် ကမ္ဘာလှည့် ခရီးသည်များ အထူးစိတ်ဝင် စားမှုအရှိဆုံး ရွှေတိဂုံစေတီတော်၏ အများပြည်သူများ သိသင့်သည့် ကိစ္စရပ်များ၊ ဂေါပကအဖွဲ့၏ လုပ်ဆောင် ချက်များကို မီဒီယာများနှင့် နှစ်ပတ်တစ်ကြိမ် ပုံမှန်တွေ့ဆုံရှင်းလင်းခြင
“သတင်းမီဒီယာတွေနဲ့ မတွေ့ဆုံတော့ဘူးလို့ မဟုတ်ပါဘူး။ သတင်းအချက်အလက်တွေ မရှိ တာကြောင့် တွေ့ဆုံ ပွဲမလုပ်တာပါ။ တကယ်လို့ သတင်းရှိရင် လုပ်မှာပါ။
တကယ်လို့ သိချင်တာတွေရှိလို့ ရှိရင်လည်း လာရောက်မေးမြန်းနိုင်ပါတယ်”
နှစ်ပတ်တစ်ခါ မီဒီယာတွေ့ဆုံပွဲကို ဆက်လက်ပြုလုပ်တော့မည် မဟုတ်ကြောင်း စေတီတော်ဂေါပက အဖွဲ့က သြဂုတ်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
သတင်းမီဒီယာ တွေ့ဆုံပွဲများကို ပွဲတော်ရက်များ ကျင်းပမည့် သီတင်းကျွတ်လ အတွင်း ပြန် လည် ပြုလုပ် မည်ဖြစ်ပြီး အရေးကြီးသတင်းများ ရှိလျှင်လည်း ထုတ်ပြန်ပေး သွားမည် ဖြစ်ကြောင်း ယင်းစေတီတော် ဂေါပကအဖွဲ့ထံမှ သိရသည်။
ရွှေတိဂုံစေတီသို့ အရေးကြီးသော နိုင်ငံခြားသားဧည့်သည် လာရောက်ချိန်တွင် သတင်းမီဒီယာ ဝင်ခွင့်နေရာများကို သတ်မှတ်နေရာများ ချထားမည်ဖြစ်ပြီး မီဒီယာဝင်ခွင့်ကတ်များ ယူဆောင်ရ မည် ဖြစ်ကြောင်း ယင်းစေတီဂေါပက အဖွဲ့ရုံးက ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်းက ထုတ်ပြန်ထားသည်။
(ဟိန်းမြတ်စိုး)
The Voice 
 
 
 
 Myanmar Kyat Exchange Rate
    Myanmar Kyat Exchange Rate
0 comments:
Post a Comment