ဓာတုလက်နက်ဒဏ်ကြောင့် အနားယူနေရတဲ့ ကလေးငယ်တစ်ဦး (Credit: Reuters)
ဆီးရီးယားအစိုးရတပ်အနေနဲ့ ဓာတုလက်နက်တွေ အသုံးပြုပြီး တိုက်ခိုက်မှုတွေ
လုပ်ခဲ့တယ်ဆိုတဲ့ သက်သေ သာဓကတွေ တွေ့ရှိထားပြီလို့ နေတိုး မဟာမိတ်
အဖွဲ့ခေါင်းဆောင်က ပြောလိုက်ပါတယ်။
နေတိုးအဖွဲ့ရဲ့ အတွင်းရေးမှုး Anders Fogh Rasmussen က
ဒီလိုတွေ့ရှိချက်အပေါ် ဘယ်လို တုန့်ပြန်ကြ မလဲဆိုတာကို
အဖွဲ့ဝင်နိုင်ငံတွေ ကိုယ်ပိုင် ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။
တဆက်တည်းမှာပဲ ဒီလို ဆိုးသွမ်းတဲ့ လက်နက်တွေနဲ့ တိုက်ခိုက်မှုအပေါ်
လက်ပိုက် ကြည့်မနေ သင့် ဘူးလို့ ပြောလိုက်တဲ့အပြင် ၂၁ ရာစုခေတ်ကာလအတွင်း
ယဉ်ကျေးမှုထွန်းကားတဲ့ ကမ္ဘာ့နိုင်ငံမှာ ဓာတု လက်နက်တွေကို ပိတ်ပင်
တားဆီးထားတာ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ ရှိတဲ့အကြောင်း
ဓာတု လက်နက်တွေဟာ ဆိုးသွမ်းပြီး ရက်စက်ရာကျတဲ့ လက်နက်တွေကြောင့်
ပိတ်ပင် တားမြစ် ထားတာ ဖြစ် တယ်လို့ ပြောလိုက်ပါတယ်။
ပြင်သစ်အစိုးရကလည်း သူတို့ရဲ့ ထောက်လှမ်းမှုအရ ဆီးရီးယားအစိုးရကဓာတု လက်နက်အသုံးပြုတယ် ဆိုတာ တွေ့ရှိရပြီး ဒီအချက်ကို ကမ္ဘာ့နိုင်ငံတွေ
မျက်ကွယ် မပြုသင့်ဘူးလို့ ပြောလိုက်ပါတယ်။
ဆီးရီးယား အစိုးရတပ်တွေ ရုံးစိုက်ရာ နေရာကနေ ဓာတုလက်နက်တွေနဲ့
တိုက်ခိုက်တယ်ဆိုတာကို ဆက်တလိုက် ဓာတ်ပုံတွေကတဆင့် မြင်ခဲ့ရပြီး ဒီလို
တိုက်ခိုက်မှုတွေကို ဖုန်းကွယ်တဲ့အနေနဲ့ ဆီးရီးယားတပ်က
လက်နက်ကြီးတွေနဲ့ ဖောက်ခွဲဖျက်ဆီးမှုတွေ လုပ်ခဲ့တဲ့အပြင်
ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး သမားတွေ မဝင်နိုင်အောင် အချိန်ဆွဲမှုတွေ
လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ပြင်သစ်နိုင်ငံတစ်ခုတည်းအနေနဲ့ ဆီးရီးယားနိုင်ငံအပေါ် တုန့်ပြန်မှုလုပ်မှာ
မဟုတ်ပဲ မဟာမိတ်တွေကို စုစည်းပြီးမှ တုန့်ပြန်မှုလုပ်နိုင်မယ်လို့
ပြင်သစ်အစိုးရက ပြောပါတယ်။ ဆီးရီးယားသမ္မတ Bashar al-Assad ကတော့
ဆီးရီးယားနိုင်ငံကို ထိုးစစ်ဝင်ကြမယ်ဆိုရင် ဒေသတွင်းမှာ စစ်ပွဲတွေ
ဖြစ်ပေါ် လာမှာဖြစ်ပြီး ပြင်သစ် ကသာ ဝင်ရောက်တိုက်ခိုက်မယ်ဆိုရင်
ပြင်သစ်နိုင်ငံအပေါ် တုန့်ပြန်မှု လုပ်သွား မယ်လို့ သတိပေးလိုက်ပါတယ်။
အမေရိကန်နိုင်ငံအနေနဲ့ ဆီးရီးယားကို ဝင်တိုက်မယ်ဆိုရင်လည်း ဆီးရီးယားက
al Qaeda အကြမ်းဖက် အဖွဲ့နဲ့ တခြား ဆက်စပ်အဖွဲ့တွေကို
ထောက်ခံအားပေးမှု လုပ်ဖို့ တွန်းအားပေးရာ ရောက်သွားမယ်လို့
ခြိမ်းခြောက်ပြောဆို လိုက်ပါတယ်။
ဆီးရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက ဆီးရီးယားအစိုးရတပ်အနေနဲ့
ဓာတုလက်နက် အသုံးမပြုခဲ့ ရဘူးလို့ ထပ်မံငြင်းဆိုထားပြီး
အမေရိကန်နိုင်ငံအနေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တချို့ကိုဓာတု လက်နက်
ထောက်ပံ့တာတွေ လုပ်ခဲ့တယ်လို့ ပြန်လည်စွပ်စွဲလိုက်ပါတယ်။
အမေရိကန်နိုင်ငံအနေနဲ့ ဆီးရီးယားနိုင်ငံကို ဝင်တိုက်ခဲ့မယ်ဆိုရင်
အမေရိကန် အပေါ် မုန်းတီးရေးတွေ ပိုများလာပြီး နိုင်ငံတကာ
အဖွဲ့အစည်းတွေရဲ့ အနေအထား ဆုတ်ယုတ်နိုင်တဲ့အကြောင်း အဲဒီကနေ တဆင့်
ပြည်တွင်းနဲ့ ပြည်ပမှာ နေထိုင်တဲ့ အမေရိကန် ပြည်သူတွေအတွက်
လုံခြုံရေး ပိုစိုးရိမ်ရမှာဖြစ်ပြီး al Qaeda အဖွဲ့ကလည်း
အမေရိကန်နိုင်ငံတွင်းမှာ ရှိနေတယ်လို့ ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး
Faisal Mekdad က ပြောလိုက်ပါတယ်။
ABC Radio Australia
0 comments:
Post a Comment