ရန်ကုန်မြို့ဗဟန်းမြို့နယ်ငါးထပ်ကြီး(မြောက်)ရပ်ကွက်လိပ်ပြာကန်ကျောင်း တိုက်က တိုက်အုပ်စာချ ဘုန်းတော်ကြီး ဦးဃောသိတအားလိပ်ပြာကန်ကျောင်းတိုက်ဆရာတော် ဦးဇောတိက၏ တိုင်ကြား စာလျှောက်ထားချက်အပေါ်မူတည်ပြီး ရန်ကုန်တိုင်းဒေသကြီးသံဃနာယက အဖွဲ့က နှစ်ဖက် ကြားနာ မှုများ ဆောင်ရွက်ပြီး စာချဘုန်းတော်ကြီး ဦးဃောသိတအား လိပ်ပြာကန် ကျောင်းတိုက်မှ ထွက်ခွာ သွားရန် စက်တင်ဘာ (၆)ရက်တွင် သြ၀ါဒပေးကြောင်းသိရသည်။
ဆရာတော်ဦးဇောတိက၏ တိုင်ကြား လျှောက်ထားချက်နှင့် ပတ်သက်ပြီးစာချဘုန်းတော်ကြီး ဦးဃောဘိတက နှစ်ဖက်ကြားနာမှုဖြစ်ပွားရသည့် အကြောင်းရင်းကို ဆရာတော် ဦးဇော တိကထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းလျှောက်ထားရာတွင် အကြောင်းခြင်းအရာ အသေး စိတ်ကို မိန့်ကြားခြင်းမရှိကြောင်း သိရသည်။
ယခုကျောင်းတိုက်က ထွက်ခွာရန် သြ၀ါဒပေးခံရသော စာချဘုန်းကြီး ဦးဃောသိတဟာသီတဂူ ဗုဒ္ဓ တက္ကသိုလ် (ရန်ကုန်)တွင် ပရိယတ္တိစာပေ ပညာဆည်းပူးနေဆဲဖြစ်ကြောင်း သိရှိရပြီး စာချဘုန်းကြီး ဦးဃောသိတက ဆရာတော် ဦးဇောတိကသည် လိပ်ပြာကန်ကျောင်းတိုက်ပိုင် သာသနာ့မြေကို ၎င်းကိုယ်ကျိုးအတွက် မောရွှေပြည်ကျောင်း တိုက်သို့ ရောင်းချခဲ့ခြင်းအပေါ် ဦးဃောသိတ က ဖော်ထုတ်ရန် ကြိုးစားနေကြောင်း ယူဆပြီး အငြိုးထားပြီးလုပ်တာ ဖြစ်ကြောင်း ယူဆကြောင်း၊ အမှန်တရားအတိုင်း ဖြစ်စေ ချင်ကြောင်း မိန့်ကြားသည်။ ဦးဃောသိတဟာ (၂၀၀၈)ခုနှစ် ရွှေဝါရောင် အရေး အခင်းတွင် အရေးယူခံခဲ့ရဖူးကြောင်း သတင်းရရှိသည်။
SkyNet TV Browser
0 comments:
Post a Comment