
ဆီးရီးယားသမ္မတ ဘာရှာအယ်လ် အာဆတ်က ဆီးရီးယားပြည်သူ များအား ဓာတုလက်နက်သုံး တိုက်ခိုက်ခဲ့မှု၏ နောက်ကွယ်တွင် ၎င်းရှိမနေကြောင်း ပြောကြားပြီး အိမ်ဖြူတော်က ဆီးရီးယားအစိုးရအား အပြစ်ပေးသည့် အနေနှင့် စစ်ဆင်ရေးတစ်ခုလုပ် မည်ကို ထောက်ခံရန် အစိုးရအဖွဲ့အား သိမ်းသွင်းခြင်းကို ယခုတပတ်အတွင်း ဖိအားပေးရမည်ဖြစ်သည်။
အာဆတ်က အကယ်၍ အမေရိကန်တို့ စစ်ဆင်ရေး လုပ်ပါက ဆီးရီးယား သည်လည်း မဟာမိတ်များနှင့် အတူ ပြန်လည်တုံ့ပြန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းသတင်းဌာနသို့ ပြောကြားသည်။ဆီးရီးယား မဟာမိတ်များတွင် တရုတ်နှင့်ရုရှားတို့အပါအဝင် အီရန်နှင့် လက်ဘနွန်မှ ဟက်ဇဘိုလာ လှုပ်ရှားမှု အဖွဲ့ ပါဝင်သည်။အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် ဥရောပတွင် ဥရောပသမဂ္ဂနှင့် အာရပ်နိုင် ငံခြားရေး ဝန်ကြီးများနှင့် တွေ့ဆုံကာ ဆီးရီးယား အစိုးရအား စစ်ဆင်ရေး ဆောင် ရွက်ရန် စည်းရုံးနေ ဆဲ ဖြစ် သည်။
လွှတ်တော် အမတ်များသည် ယနေ့မှ စတင်ကာ သမ္မတအိုဘားမား၏ “ကန့်သတ်မှုဖြင့်” တိုက်ခိုက် မှု ပြုလုပ်မည့် အစီအစဉ်ကို ဆွေးနွေးရန်စုရုံး ကြမည်ဖြစ်သည်။အမေရိကန်သမ္မတသည် ဆီးရီးယားကို ဝင်ရောက်တိုက် ခိုက်ရေးနှင့်ပတ်သက်၍ ပြည်သူများအား အင်္ဂါနေ့တွင် မိန့်ခွန်း ပြောကြား သွားမည်ဖြစ်ပြီး ၎င်းက အစိုးရအဖွဲ့၏ ထောက်ခံမှုကိုရရှိရန်မှာ အလွန်ခက်ခဲမှုတစ်ခုဖြစ်နိုင်ကြောင်း အသိအမှတ်ပြု ပြော ကြား သည်။
အမေရိကန်သည် လွန်ခဲ့သည့် သြဂုတ်လအတွင်း လူပေါင်း ၁၅၀၀ နီးပါးသေဆုံးခဲ့သည့် တိုက်ခိုက်မှု တစ်ခုတွင် ဆီးရီးယား အစိုးရ ဓာတုလက်နက် သုံးစွဲကြောင်း စွဲချက်ဖြင့် တိုက်ခိုက်ရန် ပြင် ဆင်နေခြင်း ဖြစ်သည်။
Ref:BBC/Reuters
The Myanma Age
0 comments:
Post a Comment