
မေလက ထွက်ရှိခဲ့တဲ့ HTC One နဲ့ သြဂုတ်လ အတွင်းက ထွက်ရှိတဲ့ HTC One mini တို့ကို အပြာရာင် ဗားရှင်းနဲ့ ထပ်မံထွက်ရှိအုံးမှာ ဖြစ်ပါတယ်။
ဈေးနှန်းတော့ မသိသေးပါဘူး။ လက်ရှိ ရောင်းချနေတဲ့ HTC One နဲ့ Mini တို့ရဲ့ 
 ဈေးနဲ့ ကွာခြားမှု သိပ်မရှိဘူးလို့လည်း ဆိုပါတယ်။ လက်ရှိ HTC One က 
မြန်မာပြည်တွင်းမှာလည်း အရောင်းသွက်လျက် ရှိပါတယ်။ Samsung Galaxy S4 နဲ့ 
ယှဉ်ပြိုင်တဲ့ စမတ်ဖုန်း တစ်လုံး ဖြစ်လာပြီး လူကြိုက် များနေ ဆဲ ဖြစ် ပါတယ်။
Android Jelly Bean 2.2 OS နဲ့ထွက်ရှိ ပြီး အပြာရောင် ဗားရှင်းမှာ Upgrade 
လုပ်ထားတဲ့ HTC Sense 5.0 လည်း ပါဝင်ပါတယ်း။ 1.7GHz quad-core Qualcomm 
Snapdragon 600 chipset, LTE ဗားရှင်း, 32GB internal memory တို့ ပါဝင်မှာ
 ဖြစ်ပါတယ်။
IFA 2013 မှာ ဝင်ရောက်ပြသပြီး မကြာမှီ ဈေးကွက်သို့ ဖြန့်ချိတော့မယ့် စမတ်ဖုန်း ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: pocketlint
Aung Kham (TSJ team)
TechSpace Journal
 
 
 Myanmar Kyat Exchange Rate
    Myanmar Kyat Exchange Rate
0 comments:
Post a Comment