
ဆူညံသံ
ဆူညံသံများနှင့် ထိတွေ့မှုများ လျှင်ခန္ဓာကိုယ်မှ အဒရီနယ်လင် ဟော်မုန်းများ ထွက်လာစေပြီး သွေး ပေါင် တက် လာတတ်သည်။ ဆူညံသောပတ်ဝန်းကျင်၌ အလုပ်လုပ်ရသူများသည် တိတ်ဆိတ်သည့်နေရာ တွင်အလုပ်လုပ်ရသူများထက် နှလုံး ရောဂါဖြစ်ပွားနှုန်း နှစ်ဆမှ သုံးဆ အထိမြင့်မားလေ့ရှိသည်။
မိတ်ဆွေများ
ပျော်ရွှင်မှုသည် မိတ်ဆွေတစ်ဦးမှတစ်ဦးသို့ ကူးစက်တတ်သည်။ ထိုနည်းတူပင် မိတ်ဆွေတစ်ဦး စိတ် ဖိစီးနေသည့်အခါ အခြားတစ်ဦးထံ ကူးစက်လေ့ရှိသည်။
မိဘများ
စိတ်ဖိစီးမှုဒဏ် ခံနိုင်ရည်ကို မိဘများထံမှ အမွေဆက်ခံရရှိသည်။ အမြွှာကလေးများကို လေ့လာချက်များ အရကလေးနှစ်ဦးကို တစ်ယောက်တစ်နေရာစီ၊ ပတ်ဝန်းကျင်တစ်ခုစီခွဲထားသော်လည်း စိတ်ဖိစီးမှုခံနိုင် ရည်မှာတစ်ဦးနှင့်တစ်ဦးအတူတူပင်ဖြစ် သည်ကို တွေ့ရသည်။ စိတ်ဖိစီးမှုမခံနိုင်သည့် မိဘများ၏ ကလေး များသည်လည်း စိတ်ဖိစီးမှုကိုခံနိုင် ရည်နည်းပါးသည်ကိုတွေ့ရသည်။
မအိပ်ခင်အင်တာနက်ကြည့်ခြင်းနှင့် စာရိုက်ခြင်း
ညမအိပ်ခင် နည်းပညာပစ္စည်းတစ်ခုခုအသုံးပြုခြင်းသည် စိတ်ဖိစီးမှု ဖြစ်ပေါ်စေသည်။ မအိပ်ခင်နှစ် နာရီ အတွင်း အင်တာနက်ကြည့်၊ စာရိုက်ခြင်းပြုလုပ်သူများသည် စိတ်ဖိစီးမှုပိုမိုဖြစ်ပေါ်သည်ကို တွေ့ရသည်။
ဇော်ကို
Source:RD
Health Updates Journal
0 comments:
Post a Comment