
အမေရိကန်နိုင်ငံ အောရိုရာမြို့တွင် တနင်္လာနေ့က ၈ နှစ်အရွယ် မိန်းကလေးတစ်ဦးအား မသမာသူ တစ်ဦးက ၎င်း၏အိပ်ရာခန်းကနေ ပြန်ပေးဆွဲရန် ကြိုးပမ်းခဲ့ရာတွင် မိန်းကလေး၏ အကူအညီတောင်း ခံသည့် အော်ငိုသံကြောင့် မသမာသူသည် ထွက်ပြေးခဲ့ရကြောင်း ရဲများ၏ ပြောကြားချက်ကို abc သတင်းစာက ဖော်ပြထားသည်။ မသမာသူသည် မြို့တွင်းတစ်နေရာမှာပင် ရှိနိုင်နေနိုင်သေးကြောင်း အာဏာပိုင်များကလည်း ၎င်းကို ဖမ်းမိရန် ပြည်သူများ၏ အကူအညီများ ကို တောင်ခံ တာကြောင့် အောရိုရာရဲချုပ် ဒန်အော့တီသည် တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲ တစ်ခုတွင်ပြောကြားခဲ့သည်။
မသမာသူ၏ ပုံတူဓာတ်ပုံကို တနင်္လာနေ့ညပိုင်းတွင် ထုတ်ဝေလိုက်ပြီး ၎င်းသည် အသားဖြူပြီး ရွှေအိုရောင် ဆံပင်တိုတိုနှင့် အကြီးစား အနွေး ထည်ဂျာကင်ကို ၀တ်ဆင်ထားကြောင်း ၎င်း၏ပါးစပ်သည် အနံ့ဆိုးရွားကာ စီးကရက်အနံ့ရှိကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့က ပြောကြားသည်။
ရဲများသည် ၎င်းကိုဖမ်းမိရန် အလို့ငှာဆုငွေ ဒေါ်လာ ၁ သောင်း ထုတ်ထားကြောင်း၊ မိန်းကလေး၏ အော်သံသည် ၎င်း၏ဘ၀ကို ကယ်တင်ခဲ့ ကြောင်းနှင့် ယခုအချိန်ထိမိန်းကလေး၏ မိဘများသည် သတင်းထောက်များ ကို လက်ခံတွေ့ဆုံရန် ငြင်းဆန်ထားကြောင်း သိရှိရသည်။
စပြည့်ဖြိုးဝင်း
People power
0 comments:
Post a Comment