Monday, May 13, 2013

မလေးရှား ရွေးကောက်ပွဲနှင့် ပတ်သက်၍ စင်ကာပူတွင် ဆန့်ကျင်ဆန္ဒ ပြခဲ့သော မလေးရှား နိုင်ငံသား ၂၁ ဦးကို စင်ကာပူ ရဲတပ်ဖွဲ့ဖမ်းဆီး

Monday, May 13, 2013

စင်ကာပူ နိုင်ငံ Merlion ပန်းခြံတွင် မလေးရှား ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒ ပြခဲ့ကြသည့် မလေးရှား နိုင်ငံသား ၂၁ ဦးအား စင်ကာပူ ရဲတပ်ဖွဲ့က မေ ၁၁ ရက် နေ့လယ်ပိုင်းတွင် ဖမ်းဆီး ခဲ့ကြောင်း သိရသည်။

၎င်းတို့သည် စင်ကာပူ နိုင်ငံတွင် ပြဋ္ဌာန်းထားသည့် ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်မည် ဆိုပါက ခွင့်ပြုချက်ကို အရင်ဆုံး တောင်းခံရမည် ဟူသော ဥပဒေကို ချိုးဖောက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ စင်ကာပူ ရဲတပ်ဖွဲ့က Merlion ပန်းခြံ၌ မေ ၇ ရက်တွင် စုဝေး နေကြသော မလေးရှား နိုင်ငံသား ကိုးဦးကို မေ ၁၀ ရက်က သတိ ပေးပြီးနောက် ယခုကဲ့သို့ ဆန္ဒပြမှု ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

၎င်းတို့က မလေးရှား နိုင်ငံ၏ အထွေထွေ ရွေးကောက်ပွဲသည် မျှတမှု မရှိဟူသော ခံယူချက်ဖြင့် ဆန့်ကျင် ဆန္ဒပြရန် စုဝေး ခဲ့ကြခြင်း ဖြစ်သည်။


0 comments:

Post a Comment