Tuesday, September 17, 2013

လာလာချေပြီ။ တိုင်ဖွန်းရယ်။ ရေကြီးတာရယ်၊ မုတ်သုံအဆုတ်ရယ်...။ ကြည့်ကောင်းဦးမယ့်ပွဲ။

လာလာချေပြီ။
တိုင်ဖွန်းရယ်။ ရေကြီးတာရယ်၊ မုတ်သုံအဆုတ်ရယ်...။
ကြည့်ကောင်းဦးမယ့်ပွဲ။
လောကမှာ ၀ီရိယ အကျိုးဆိုတာ အမြဲရှိတတ်ပါတယ်။
နောက်ပြီး လောကမှာ Vision ရယ်၊ Perspective ရယ်၊ Outlook ရယ်။
ဒါတွေဟာ အောင်မြင်မှု။ တိုးတက်မှုရဲ့ သော့ချက်တွေဖြစ်လာတတ်ပါတယ်။
မိုးလေ၀သခန့်မှန်းမှုတွေမှာတော့ ဒါတွေဟာ အရေးအကြီးဆုံးပါဘဲ။

လောလောဆယ် မြန်မာနိုင်ငံမှာ မိုးလေ၀သအခြေအနေတွေအနေနဲ့ issue တွေ ရှိနေတာကတော့
- မုတ်သုံဆုတ်တာရယ်
- ရေကြီးတာရယ်
- မိုးကြီးတာရယ်
- မိုးတိမ်တောင်ဖြစ်တာရယ်
- မုန်တိုင်းဖြစ်မှာရယ်
- ပင်လယ်ပြင်မှာ ရေ နဲ့ လေတွေပြင်းထန်နေတာရယ်..။
အမယ်တော့အများသားဗျ။

လောလောဆယ်ကတော့ "အရှေ့ကိုတဲ့မျှော်လိုက်ရင်" ဆိုတဲ့ကာလပါဘဲ။
မြင်ရတာကတော့ "လာလာချေပြီ" လို့ပြောရလောက်ပါရဲ့။
ပစိဖိတ်သမုဒ္ဒယာဖက်မှာ မုန်တိုင်းတွေတန်းစီပြီး အနောက်ဖက်ကိုရွေ့နေပါတယ်။
မြန်မာနိုင်ငံဖက်ကိုသူတို့ရောက်လာတဲ့အပေါ်အခြေတည်ပြီးမြန်မာနိုင်ငံရဲ့ရာသီဥတု (မုတ်သုံ၊ မိုး၊ လေ၊ မုန်တိုင်း၊ ရေကြီးမှု စတာတွေအားလုံး)ဟာ မူတည်နေပါတယ်။

ကျွန်တော့အတွက်တော့ မပြီးသေးတဲ့ ပန်းချီကားတစ်ချပ်ပါဘဲ။

ဒေါက်တာထွန်းလွင်

0 comments:

Post a Comment