Friday, September 13, 2013

ဓာတုလက်နက်ထားသည့် နေရာကိုပြောရန် ဆီးရီးယားအား အမေရိကန် တိုက်တွန်း

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး အဆင့်မြင့် စကားပြော ဆိုရေးအတွက် ဂျီနီ ဗာသို့ရောက်ရှိ လာခိုက်တွင် ဆီးရီးယားရှိ သိုလှောင်ထားသော ဓာတုလက်နက်များ၏ အရွယ် အစားပမာဏနှင့် အတိုင်း အတာကို ထုတ်ဖော်ကြေညာရန် ဝါရှင် တန်မှ တောင်းဆိုလိုက်သည်။ 

ရုရှားနှင့်စကားပြောဆိုရေး ရည်ရွယ်ချက်မှာ စစ်မှန်ပြီး ယုံကြည်စိတ်ချရမှုအတွက် စမ်းသပ် ရန်ဖြစ်ကြောင်း၊ ရုရှားတွေပြော သလို လုပ်မလား၊ ပို၍အရေးကြီး သည်မှာ အာဆတ်က သူပြော သလိုလုပ်မလား ဆို သည်ကို စမ်း သပ်ရန်ဖြစ်ကြောင်း အမေရိကန် ထိပ်တန်းအရာရှိတစ်ဦးက ပြော သည်။
ဆီးရီးယား၏ ဓာတုလက်နက်များ စိတ်ချစွာဖျက်ဆီးပစ်ရေး မော်စကို ၏အဆိုပြုချက်အပေါ် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီ လက်ဗရော့နှင့် စကားပြောဆိုရန် Kerry သည် ယနေ့နှောင်းပိုင်း တွေ့ဆုံ ရန်ရှိသည်။

''ဒီလက်နက်တွေရယ်၊ လက် နက်တွေထုတ်တဲ့အဆောက်အ အုံ တွေနဲ့ ရှေ့ပြေးအဆောက်အအုံ တွေကို ဖျက်ဆီးရေးအတွက် ပုံစံ အမျိုးမျိုးနဲ့ပတ်သက်လို့ ရုရှား တွေနဲ့ဆွေးနွေးမှာဖြစ်ပါတယ်''ဟု အမေရိကန် အရာရှိ တစ်ဦးက ပြောသည်။

Yangon Media Group

0 comments:

Post a Comment