Friday, September 13, 2013

ဆီးရီးယား ဓာတုလက်နက်တွေ အပ်မည်

ဆီးရီးယားအရေးနဲ့ ပတ်သက်ပြီး အမေရိကန် နဲ့ ရုရှားတို့အကြား ဆွစ်ဇာလန်နိုင်ငံ၊ ဂျာနီဗာမှာ တွေ့ ဆုံဆွေးနွေးနေချိန်မှာပဲ ဓာတုလက်နက် ဆန့်ကျင်ရေး နဲ့ ပတ်သက်တဲ့ နိုင်ငံတကာ သဘောတူညီ ချက် ထဲမှာ ဆီးရီးယား နိုင်ငံက ၀င်ရောက်ဖို့ လျှောက်လွှာတင်လိုက်ပြီလို့ သိရပါတယ်။
ဆီးရီးယား သမ္မတ အာဆတ်က ရုရှား တီဗီမှာ ဓာတုလက်နက်တွေအကြောင်း ပြောကြားသွားခဲ့တာပါ။

ဓာတုလက်နက် ဆိုင်ရာ အစိုးရကြား သဘောတူညီချက် ထဲမှာပါဝင်ဖို့  ဆီးရီးယား နိုင်ငံက တောင်း ဆိုတဲ့ လျှောက်လွှာကို လက်ခံရရှိ ထားပြီးပြီလို့ ကုလသမဂ္ဂက အတည်ပြု ပြောဆို လိုက်ပါ တယ်။

ဆီးရီးယားရဲ့ ဓာတုလက်နက်တွေကို နိုင်ငံတကာ ထိန်းချုပ်မှုအောက်မှာ ရက်ပိုင်းအတွင်း အပ်နှံမယ်လို့  ရုရှား ရုပ်မြင်သံကြား မှာ ဆီးရီးယား သမ္မတ ဘာရှားအယ်လ် အာဆတ် ကတိပေး ပြောကြား လိုက်တာ ဖြစ်ပြီး ဒါဟာ ဆီးရီးယားမှာ ဓာတု လက်နက် ရှိတယ်ဆိုတာ ပထမဆုံး အကြိမ် ဆီးရီးယား က လူသိရှင်ကြား ၀န်ခံ ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် အမေရိကန်ရဲ့ စစ်ရေး ခြိမ်းခြောက်မှုကိုတော့ ရုတ်သိမ်း ပေးရမယ်လို့ ဆီးရီးယား သမ္မတက တောင်းဆိုလိုက်ပါတယ်။

ဓာတုလက်နက် ဆိုင်ရာ အစိုးရကြား သဘောတူညီချက်ထဲမှာ မပါဝင်သေးတဲ့ နိုင်ငံပေါင်း ၆ နိုင်ငံ ရှိနေသေးပြီး အီဂျစ်၊ အစ္စရေး နဲ့ မြောက်ကိုရီးယားနိုင်ငံတို့ ပါဝင်ကြပါတယ်။

ABC

0 comments:

Post a Comment