ရန်ကုန်တိုင်းဒေသကြီးရှိ စည်ပင်သာယာနယ်နိမိတ်အတွင်း ၂၀၁၁ ခုနှစ် ဇန်နဝါရီမှ ၂၀၁၃ခုနှစ် ဧပြီလ အထိ နှစ်နှစ်နှင့်လေးလအတွင်း ယာဉ်တိုက်မှု ၂၁၅၆မှုဖြစ်ပွားခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ပြောကြားသည်။
ယင်းယာဉ်မတော်တဆမှုများကြောင့် နှစ်နှစ်နှင့်လေးလအတွင်း သေဆုံးသူပေါင်း ၃၃၄ဦး၊ ဒဏ်ရာရရှိ သူပေါင်း ၃၈၉၅ဦးရှိ ပြီး ယာဉ်မတော်တဆမှုများလျော့ နည်းစေရေး အသိပညာပေးရေး လုပ်ငန်းများနှင့် စစ်ဆေးအရေး ယူခြင်းလုပ်ငန်းများ အရှိန်အဟုန် မြှင့်ဆောင်ရွက်လျက်ရှိကြောင်း လည်း ဝန်ကြီးမှ လွှတ်တော်တွင် ဖြေကြားခဲ့သည်။စက်တင်ဘာ ၁၆ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဆဋ္ဌမပုံမှန်အစည်းအဝေး တတိယမြောက်နေ့ တွင် ကမာရွတ်မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြငွေ၏ယာဉ်မဆင်မခြင်မောင်းနှင်မှုများကြောင့် ယာဉ်မတော် တဆမှုများ၊ ယာဉ်တိုက်ခိုက်ခံရ၍ ဒဏ်ရာရသေဆုံးခဲ့မှုများ၊ ယာဉ်တိုက်မှုမဖြစ်အောင် ဆောင်ရွက်ထား သည့် အစီအမံ များ၊ ယာဉ်တိုက်မှုကင်းမဲ့ဇုန်များ ဆောင်ရွက်ရန် အစီအစဉ်ရှိမရှိ၊ ယာဉ်တိုက်မှုများကြောင့် ထွက် ပြေးတိမ်းရှောင်နေကြသည့်ယာဉ် မောင်း၊ ယာဉ်နောက်လိုက်များ၏ အခြေအနေနှင့်ပတ်သက်၍ မေး မြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။
http://goo.gl/EHlHbv
Yangon Media Group
0 comments:
Post a Comment